လူမှုကွန်ရက် ၀န်ဆောင်မှုဆိုတာကတော့ ဒီနေ့ခေတ် လူငယ်၊ လူကြီးများကြား
မရှိမဖြစ်တဲ့စာရင်းထဲ ထည့်သွင်းရမယ့် နည်းပညာကမ္ဘာက၀န်ဆောင်မှုတစ်ခုပါ။
ကိုယ့်ရဲ့ အ၀န်းအ၀ိုင်းလေးအတွင်းမှာ ကိုယ်စိတ်ဝင်စားတဲ့အကြောင်း အရာတွေ၊
လှုပ်ရှားမှုတွေ၊ ခံစားမှုတွေကို အချင်းချင်း ဝေမျှကြတဲ့ နေရာကို
လူမှုကွန်ရက်လို့ အမည်တပ်ပါတယ်။ ဒီဝန်ဆောင်မှုဟာ အသုံးပြုသူတိုင်းကို
မိမိရဲ့ကိုယ်ပိုင်စာမျက်နှာ(သို့) ကိုယ်ပိုင်နေရာမှာ
စိတ်ကြိုက်ခြယ်မှုန်းခွင့်ပေးပါတယ်။ ဆိုလိုတာ က ကိုယ်ဝေမျှချင်တဲ့ခံစားချက်၊
ဓာတ်ပုံများ၊ အသိပညာ ဗဟုသုတများ၊ ဗီဒီယိုဖိုင်များ၊ Blog များကို
ကိုယ့်အ၀န်းအ၀ိုင်းအတွင်း ဝေမျှခွင့်ရသလို၊
ကိုယ်တိုင်သီးသန့်ထားရှိချင်တယ်ဆိုရင်လည်း ထားခွင့်ရရှိပါတယ်။
လူမှုကွန်ရက်အများစုဟာ web-based ဖြစ်တာကြောင့် Internet ကို အသုံးပြုပြီး အချင်းချင်းအပြန်အလှန် ဆက်သွယ်မှုကို ရယူရတဲ့စနစ် ဖြစ်ပါတယ်။ တစ်ခါတစ်ရံ Online community ၀န်ဆောင်မှုကို လူမှုကွန်ရက်ဝန်ဆောင်မှုအနေနဲ့ သတ်မှတ်ကြပါတယ်။ သို့သော်လည်း online community ၀န်ဆောင်မှုက အဖွဲ့လိုက်စနစ်ကို ဦးတည်ထားတာဖြစ်ပြီး လူမှုကွန်ရက်ဝန်ဆောင်မှု ကတော့ တစ်ဦးတစ်ယောက်တည်းကို ဦးတည်ထားတဲ့ ၀န်ဆောင်မှုဖြစ်ပါတယ်။
ကမ္ဘာအရပ်ရပ်မှာ အများဆုံး အသုံးပြုနေကြတဲ့ လူမှုကွန်ရက် ၀န်ဆောင်မှုတွေ ကတော့ Facebook ၊ Google+ ၊ YouTube ၊ LinkedIn ၊ Instagram ၊ Pinterest ၊ Vine ၊ Tumblr နဲ့ Twitter တို့ဖြစ်ပြီး နိုင်ငံအလိုက်၊ နယ်ပယ်အလိုက် အသုံးများတဲ့ အခြားဝန်ဆောင်မှုတွေလည်း ရှိနေပါတယ်။ ကနေဒါနိုင်ငံမှာ Nexopia ၊ ရုရှားနိုင်ငံမှာ Badoo၊ Bebo နဲ့ Vokontakte ၊ နယ်သာလန်နိုင်ငံမှာ Hyves ၊ ဟန်ဂေရီနိုင်ငံမှာ iWiW ၊ ပိုလန်နိုင်ငံမှာ NaszaKlasa နဲ့ Soup ၊ ဆွစ်ဇာလန် နိုင်ငံမှာ Glocals ၊ ဂျာမနီနိုင်ငံမှာ Skyrock ၊ စပိန်နိုင်ငံမှာ Tagged နဲ့ Tuenti ၊ ဥရောပနိုင်ငံတော်တော်များများမှာ Myspace ၊ Xanga နဲ့ Xing ၊ တောင်အမေရိက နဲ့ အမေရိက အလယ်ပိုင်းနိုင်ငံများမှာတော့ Hi5 နဲ့ Orkut ၊ အာဖရိကမှာ Mixit ၊ အာရှနဲ့ ပစိဖိတ်ကျွန်းစု နိုင်ငံများတော့ Cyworld ၊ Mixi ၊ Orkut ၊ Renren ၊ Friendster၊ Sina Weibo နဲ့ Wrech အစရှိတဲ့ လူမှုကွန်ရက်တွေ အသုံးများတယ်လို့ wiki မှာ ဖော်ပြထားပါတယ်။
၂၀၁၃ အတွင်း အိန္ဒိယနိုင်ငံဟာ လူမှုမီဒီယာ ကို အများဆုံးအသုံးပြုတဲ့နိုင်ငံဖြစ်ပြီး ၂၀၁၃ အတွင်းမှာပဲ အမေရိကန် လူငယ်များရဲ့ ၇၃% ဟာ လူမှုကွန်ရက် ၀ဘ်ဆိုက်များကို အသုံးပြုတယ်လို့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။
Facebook
Google+
Google Inc က ပိုင်ဆိုင်တဲ့ လူမှုကွန်ရက်ဝဘ်ဆိုက်ဖြစ်ပြီး Facebook နောက်မှာ ကပ်ရပ်လိုက်တဲ့ ဒုတိယမြောက်လူသုံး အများဆုံးလူမှုကွန်ရက်ဖြစ်ပါတယ်။ ၂၀၁၁ မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး သက်တမ်းအားဖြင့် သုံးနှစ်သာရှိပါသေး တယ်။ Google + ရဲ့ ၀န်ဆောင်မှုများထဲကမှ တစ်ခုမဟုတ်တစ်ခုကို အသုံးပြုသူပေါင်း သန်း (၅၄၀) စာရင်းရှိနေပြီး smartphone အသုံးပြုသူများရဲ့ ၃၀% ဟာ တစ်လလျှင် အနည်းဆုံးတစ်ကြိမ်တော့ Google+ application ကို အသုံးပြုကြောင်း လေ့လာဆန်းစစ်မှုတစ်ခုက ဖော်ပြထားပါတယ်။
Twitter
Instagram
Pinterest
LinkedIn

ဒီလူမှုကွန်ရက် ကတော့ ကမ္ဘာ့လူသုံးအများဆုံးအဖြစ်
ထိပ်ဆုံးကရပ်တည်နေပါတယ်။ သူ့ရဲ့မူလအမည်က thefacebook ဖြစ်ပြီး အမေရိကန်
တက္ကသိုလ်အချို့မှာ ကျောင်းသားအချင်းချင်း ဆက်သွယ်ဖို့သုံးတဲ့
လမ်းညွှန်စာအုပ်အဖြစ် စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ ၂၀၀၄ ဖေဖော်ဝါရီ ၄ မှာ
Mark Zuckerberg က အတန်းဖော်တွေဖြစ်တဲ့ Eduardo Saverin ၊ Andrew McCollum ၊
Dustin Moskovitz ၊ Chris Hughes တို့နဲ့အတူ စတင်တည်ထောင်ခဲ့တာပါ။
အစပိုင်းမှာတော့ ဒီဝဘ်ဆိုက်ကို Harvard ကျောင်းသားတွေပဲ
သုံးခွင့်ရှိခဲ့ပြီး နောက်ပိုင်းမှာ Boston မှာရှိတဲ့ တခြားတက္ကသိုလ်တွေက
ကျောင်းသားတွေ သုံးခွင့်ရလာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ အခြားသော
တက္ကသိုလ်များအထိ
ပါ ပျံ့နှံ့သွားခဲ့ပြီး နောက်ပိုင်းမှာတော့ အထက်တန်းကျောင်းသားတွေကို ပေးသုံးခဲ့ပါတယ်။
၂၀၀၅ ရောက်တဲ့အခါ တစ်ကမ္ဘာလုံး အသုံးပြုခွင့်ပေးခဲ့ပြီး ၂၀၁၂ စက်တင်ဘာမှာ လတ်တလော အသုံးပြုသူပေါင်း ၁ ဘီလီယံကျော် သွားခဲ့ပါတယ်။ Facebook, Inc. ရုံးချုပ်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က Menlo Park မှာတည်ရှိပါတယ်။ ၂၀၁၄ ဇွန်လအထိ ၀န်ထမ်း (၇၁၈၅) နဲ့ လည်ပတ်နေပြီး ၂၀၁၃ အတွင်းမှာ လုပ်ငန်းရဲ့ဝင်ငွေဟာ အမေရိကန်ဒေါ်လာ (၇.၈၇) သန်းရှိပါတယ်။
ပါ ပျံ့နှံ့သွားခဲ့ပြီး နောက်ပိုင်းမှာတော့ အထက်တန်းကျောင်းသားတွေကို ပေးသုံးခဲ့ပါတယ်။
၂၀၀၅ ရောက်တဲ့အခါ တစ်ကမ္ဘာလုံး အသုံးပြုခွင့်ပေးခဲ့ပြီး ၂၀၁၂ စက်တင်ဘာမှာ လတ်တလော အသုံးပြုသူပေါင်း ၁ ဘီလီယံကျော် သွားခဲ့ပါတယ်။ Facebook, Inc. ရုံးချုပ်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က Menlo Park မှာတည်ရှိပါတယ်။ ၂၀၁၄ ဇွန်လအထိ ၀န်ထမ်း (၇၁၈၅) နဲ့ လည်ပတ်နေပြီး ၂၀၁၃ အတွင်းမှာ လုပ်ငန်းရဲ့ဝင်ငွေဟာ အမေရိကန်ဒေါ်လာ (၇.၈၇) သန်းရှိပါတယ်။
Google+
Google Inc က ပိုင်ဆိုင်တဲ့ လူမှုကွန်ရက်ဝဘ်ဆိုက်ဖြစ်ပြီး Facebook နောက်မှာ ကပ်ရပ်လိုက်တဲ့ ဒုတိယမြောက်လူသုံး အများဆုံးလူမှုကွန်ရက်ဖြစ်ပါတယ်။ ၂၀၁၁ မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး သက်တမ်းအားဖြင့် သုံးနှစ်သာရှိပါသေး တယ်။ Google + ရဲ့ ၀န်ဆောင်မှုများထဲကမှ တစ်ခုမဟုတ်တစ်ခုကို အသုံးပြုသူပေါင်း သန်း (၅၄၀) စာရင်းရှိနေပြီး smartphone အသုံးပြုသူများရဲ့ ၃၀% ဟာ တစ်လလျှင် အနည်းဆုံးတစ်ကြိမ်တော့ Google+ application ကို အသုံးပြုကြောင်း လေ့လာဆန်းစစ်မှုတစ်ခုက ဖော်ပြထားပါတယ်။
Twitter ဟာလည်း လူသုံးများတဲ့ လူမှုကွန်ရက်ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး
စာလုံးအရေအတွက် ကန့်သတ်ထားတဲ့ စာအတိုလေးတွေ ကိုယ့်စာမျက်နှာမှာတင်နိုင်ပြီး
ဒါကိုသူတို့ကတော့ tweets တယ်လို့ သုံးနှုန်းပါတယ်။ ကိုယ်ပိုင် account နဲ့
မှတ်ပုံတင် (registered) လုပ်ထားသူများသာ tweets လုပ်နိုင်သပြီး registered လုပ်မထားသူများကတော့ သူများတင်ထားတဲ့ စာသားတွေကို ဖတ်ပဲ ဖတ်နိုင်ပါတယ်။ Twitter Inc. ရဲ့ ရုံးချုပ်ဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် San Francisco မှာတည်ရှိပြီး ကမ္ဘာနဲ့အ၀ှမ်းမှာ ရုံးပေါင်း (၂၅)ခု ဖွင့်လှစ်ထားပါတယ်။
၂၀၀၆ မတ် မှာ Jack Dorsey ၊ Evan Williams ၊ Biz Stone နဲ့ Noah Glass တို့ ပူးပေါင်းတီထွင်ခဲ့တာဖြစ်ပြီး ၂၀၀၆ ဇူလိုင်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ စတင်မိတ်ဆက်ပြီး မကြာခင်မှာပဲ လူသုံးများလာခဲ့ပြီး ၂၀၁၂ အတွင်းမှာ အသုံးပြုသူပေါင်း သန်း (၁၀၀) ကျော်ရှိခဲ့ပါတယ်။ တစ်နေ့ကို tweets လုပ်တဲ့ပမာဏပေါင်း သန်း (၃၄၀) ဖြစ်ခဲ့ပါတယ်။ ၂၀၁၃ အတွင်း မှာ လူသုံးအများဆုံး ၀ဘ်ဆိုက်စာရင်းဝင်ခဲ့ပြီး အင်တာနက်ကမ္ဘာရဲ့ စာတိုပို့စနစ်မှာ အအောင်မြင်ဆုံးဝဘ်ဆိုက်အဖြစ် သတ်မှတ်ထားပါတယ်။

YouTube
ဒီဝဘ်ဆိုက်ကတော့ ဗီဒီယိုဖိုင်တွေကို ဝေမျှရာမှာ နာမည်ကျော်တဲ့
ဝဘ်ဆိုက်ဖြစ်ပြီး သူ့မှာလည်း လူမှုကွန်ရက်ကဲ့သို့ ၀န်ဆောင်မှုပေးနိုင်တဲ့
လုပ်ဆောင်ချက်တွေရှိပါတယ်။ ၂၀၀၅ ဖေဖော်ဝါရီမှာ PayPal ရဲ့ ၀န်ထမ်း (၃)
ယောက်နဲ့ စတင်ခဲ့တဲ့ ၀ဘ်ဆိုက်ဖြစ်ပြီး ၂၀၀၆ နှစ်ကုန်ပိုင်းမှာ Google က
ဝယ်ယူလိုက်တဲ့ ၀ဘ်ဆိုက်လည်းဖြစ်ပါတယ်။
ဗီဒီယိုဖိုင်တွေကို အသုံးပြုသူတစ်ဦးချင်းစီက upload လုပ်ရတာဖြစ်ပြီး မီဒီယာလုပ်ငန်းကြီးတွေဖြစ်တဲ့ CBS ၊ BBC ၊ Vevo ၊ Hulu တို့ကလည်း သူတို့အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ဗီဒီယိုဖိုင်တွေကို YouTube ကတဆင့် အင်တာနက်ပေါ် လွှင့်တင်တာမျိုးတွေလည်း ရှိပါတယ်။ သူသည်လည်း အခြားသော လူမှုကွန်ရက်များလိုပဲ register လုပ်ထားတဲ့ အသုံးပြုသူသာ ဗီဒီယိုဖိုင်ကို တင်ခွင့်ရှိပြီး register လုပ်မထားတဲ့ အသုံးပြုသူတွေကတော့ ဗီဒီယိုဖိုင်တွေကို ကြည့်ခွင့်သာရကြပါတယ်။ လက်ရှိမှာတော့ Google ရဲ့ လုပ်ငန်းခွဲတစ်ခုအဖြစ် လည်ပတ်နေပါတယ်။

Instagram ကို Kevin Systrom နဲ့ Mike Krieger တို့က
စတင်ဖန်တီးခဲ့တာဖြစ်ပြီး ၂၀၁၀အောက်တိုဘာမှာ စတင်မိတ်ဆက်ခဲ့တဲ့
လူမှုကွန်ရက်တစ်ခု ဖြစ်ပါတယ်။ မိတ်ဆက်ပြီး (၂) နှစ်အကြာမှာ အသုံးပြုသူပေါင်း
သန်း (၁၀၀) နီးပါးအထိရောက်ရှိအောင်မြင်ခဲ့တဲ့ သူ့ထူးခြားချက်ကတော့
ဓာတ်ပုံတွေကို အချိုးအစားမျိုးစုံ၊ ပုံစံမျိုးစုံ၊ အရောင်မျိုးစုံကစားပြီး
ပြင်ဆင်နိုင်ခြင်းဖြစ်ပါတယ်။ ဓာတ်ပုံအပြင် ဗီဒီယိုဖိုင်တွေကိုလည်း
တင်ခွင့်ပေးထားပြီး အများဆုံးကြာချိန်ကို (၁၅) စက္ကန့်သတ်မှတ်ထားပါတယ်။
Instagram ကို Apple ရဲ့ App Store၊ Google Play နဲ့ Windows Phone Store တွေကနေ ဖြန့်ခဲ့တာဖြစ်ပြီး အဲဒီ့ app ဟာ iPhone ၊ iPad၊ iPod Touch အခြားသော Android handsets များမှာ အသုံးပြုနိုင်ပါတယ်။ third-party Instagram apps များကိုတော့ Blackberry 10 နဲ့ Nokia-Symbian များမှာ အသုံးပြုနိုင်ပါတယ်။

ဒီလူမှုကွန်ရက်ကလည်း ကိုယ်နှစ်သက်ရာ ဓာတ်ပုံ၊ ဗီဒီယိုများ ကိုယ့်ရဲ့
Board မှာ သိမ်းနိုင်တယ်၊ သူ့အုပ်စုနဲ့သူ ထားနိုင်တယ်၊ နောက်ပြီး upload
လည်း လုပ်နိုင်တယ်။ ဒီနေရာမှာတော့ pin လုပ်ထားတယ်လို့ သုံးတယ်။ Ben
Silbermann ၊ Paul Sciarra နဲ့ Evan Sharpတို့က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး
၂၀၁၀ အတွင်းမှာ စတင်မိတ်ဆက်ခဲ့တယ်။ လက်ရှိ မှာတော့ ၀ဘ်ဆိုက်ကို
ဝန်ထမ်းပေါင်း (၃၀၀) ကျော်နဲ့ လည်ပတ်နေတယ်။
ဒီလူမှုကွန်ရက်ကတော့ လုပ်ငန်းသုံးလို့ ဆိုနိုင်တယ်။ ကိုယ်လုပ်နေတဲ့
အလုပ်အကိုင်၊ ရာထူး၊ နယ်ပယ်ကို အတိအလင်းဖော်ပြပြီး ကွန်ရက်အတွင်းမှာ
ကျွမ်းဝင်သိရှိစေတယ်။ ၂၀၀၂ နှစ်ကုန်ပိုင်းမှာ စတင်ခဲ့ပြီး ၂၀၀၃ မတ်လ မှာ
စတင်မိတ် ဆက်နိုင်ခဲ့တယ်။ ၂၀၀၆ ရောက်လာတဲ့အခါ အဲဒီ့လူမှုကွန်ရက်ကို
ပါဝင်လာသူပေါင်း သန်း (၂၀) အထိတိုးလာခဲ့တယ်။ ၂၀၁၃ ဇွန်လအထိ ဆိုရင်တော့
သုံးစွဲသူပေါင်း (၂၅၉) သန်းဖြစ်ပြီး ဒါဟာ
ကမ္ဘာအနှံ့နိုင်ငံပေါင်း(၂၀၀)ကျော်က သုံးစွဲသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
LinkedIn မှာ ဘာသာစကားပေါင်း (၂၀)အသုံးပြုနိုင်ပါတယ်။၂၀၁၃ ဇူလိုင်အထိ ပြုစုထားတဲ့စာရင်းများအရ တစ်လလျှင် အမေရိကမှ သုံးစွဲသူ (၆၅.၆) သန်းရှိပြီး ကျန် (၁၇၈.၄) သန်းကတော့ ကမ္ဘာအနှံ့မှ သုံးစွဲသူတွေဖြစ်ပါတယ်။

Credit >>> PeoPle Magazine

0 comments:
Post a Comment