လူကြားတွင် ကလေးနို့ တိုက်သည့် မိခင်တစ်ဦးကို အိုင်အက်စ်အဖွဲ့များ လူမဆန်စွာ နှိပ်စက်ညည်းပန်း


ဆီးရီးယားနိုင်ငံတွင် လူရှေ့ သူရှေ တွင် ရင်သွေး အားနို့ တိုက်မိသည့် အမျိုးသမီး တစ်ဦးကို အိုင်အက်စ် အဖွဲ့ မှ ဘာသာရေးရဲ တပ်ဖွဲ ဝင် အမျိုးသမီး များက အလယ်ခေတ် ကနှိပ်စက် နည်းအတိုင်း သံညှပ် ချွန်ဖြင့် ညည်းပန်းနှိပ် စက်ကြသည်။
အယ်လ်ခန်း ဆာတပ်ဖွဲ့ ဝင်များ ဟုခေါ်သည့် ယင်းဘာ သာရေး အမျိုးသမီး တပ်ဖွဲ့ဝင် များသည် မြို့တော် ရတ်ကာတွင် တင်းကျပ်သည့် ရှီရီယာ ဘာသာရေး ဥပဒေဖြင့် အရပ်သူများကို လူမဆန်စွာ ညည်းပန်းနှိပ်စက်ရာတွင် ယင်းအလယ်ခေတ်က နှိပ်စက်သည့် ကိရိယာဖြစ်သည့် သံညှပ်ချွန်ကို အသုံးပြုနေကြသည်။
ယင်းကိရိယာကို အလယ်ခေတ်က အသုံးပြုပြီး တရား ခံများကို ရင်ညွန့် တွင် တပ်ဆင်၍ ညည်းပန်းနှိပ် စက်ကြခြင်းဖြစ်ရာ အလွန် အမင်း နာကျင်စေ သည့်နှိပ် စက်နည်းဖြစ်သည်။
ရတ်ကာမြို့ ကားမှတ်တိုင်တွင် ကလေးနို့ တိုက်နေသည့် အမျိုးသမီးကို အယ်လ်ခန်း ဆာအမျိုး သမီးများက တွေ့ ရှိပြီး ယင်းညည်ပန်း ကိရိယာဖြင့် နှိပ်စက်ခြင်း   ဖြစ်ကြောင်း မြို့နေများက ပြောသည်။
အသက် ၂၄နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦးကိုလည်း ဝတ်ဆင်ထားသည့် အဝတ် အစား များကြောင့် အယ်လ်ဆာ ခန်းအဖွဲ့ က ဖမ်းဆီးနှိပ် စက်ဖူးသည်။
"ကျွန်မဈေးဝယ်နေချိန်မှာ သူတို့တွေ ရောက်လာပြီး ဝတ်ထားတဲ့ အဝတ်က ရှာရီယာဥပဒေနဲ့ မညီဘူးဆိုပြီး ဖမ်းကြတယ်။ နောက်တော့ ကျွန်မကို ကြာပွတ်နဲ့ သံညှပ်ချွန်ကို ကြိုက်ရာရွေး ဆိုပြီးပြောတယ်။ ကြာပွတ် ကိုတော့ ကျွန်မက သိတယ်။ ကြာပွတ်ဒဏ် ကိုလည်း ခံနိုင်မှာ မဟုတ်ဘူး။
သံညှပ်ချွန်ဆိုတဲ့ အရာကိုတော့ ကျွန်မကမသိဘူး။ ဒါကြောင့် သက်သာလို သက်သာငြား သံညှပ်ချွကိုရွေးမိတော့ သူတို့ တွေက သံညှပ်ချွန်နဲ့ ကျွန်မ ကိုနှိပ်စက် ကြတော့ တာပဲ။ ပြီးတော့မှ ကျွန်မကို ပြန်လွှတ်ခဲ့တယ်။"ဟု ယင်းအမျိုးသမီးက ပြောသည်။
"နှိပ်စက်တဲ့ ဒဏ်တွေကြောင့် ဆေးရုံ တက်ခဲ့ ရတယ်။ ကျွန်မရဲ့ အမျိုး သမီး အဖြစ်ကို ဂုဏ်ယူ မှုလည်း လုံးလုံးပျောက်ဆုံး သွားရပြီ။ ဒီလိုနှိပ် စက်ခံ ရတာက ကျွန်မ တစ်ယောက်တည်း မဟုတ် ပါဘူး။ ဒီအရပ်မှာ မိန်းမတွေ နှိပ်စက် ခံနေရတာ များစွာ ရှိတယ်။ ဒီအရပ်က အမျိုး သမီးတွေရဲ့ အနေ အထားက ကြေကွဲ ဖို့ကောင်း ပါတယ်။"ဟု ၎င်းက ဆက်လက်ပြော ခဲ့သည်။
ပြီးခဲ့သည့် သုံးလအတွင်း စစ်သွေးကြွများ သတ်ဖြတ်၍ လူပေါင်း ၁၂၀ကျော်သေဆုံးသည်ဟု စောင့်ကြည့်ရေးအဖွဲ့ တစ်ဖွဲ့ ကပြောပြီးနောက်တွင် ယခုကလေး အမေအား နှိပ်စက်မှုသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
ဆီးရီးယားတွင် ပြီးခဲ့သည့်နှစ် ဇွန်လက စစ်သွေးကြွများက အစ္စလာမ်မစ်နိုင်ငံတော် တည်ထောင်ကြောင်း ကြေညာပြီးနောက်တွင် လူပေါင်း ၁၈၈၀ ဝန်းကျင် သတ်ဖြတ်ခံရသည်။ ကုန်လွန်ခဲ့သည့် ခြောက်လတာအတွင်း အမျိုးသမီး ရှစ်ဦးနှင့် ကလေး နှစ်ယောက်အပါအဝင် အရပ်သားပေါင်း ၁၁၇၇ ဦး ညည်းပန်းနှိပ် စက် သတ်ဖြတ်ခံရသည်။
Credit >>> mizzimaburmese
 
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment