အကယ်ဒမီစာရင်းပေါက်ကြားသည်မှာ မဟုတ်ဟုဆို


ရုပ်ရှင်ထူးချွန်ဆုပေးပွဲ မတိုင်မီ အကယ်ဒမီဆုရရှိမည့် သူများ၏ အမည်စာရင်းကြိုတင် ပေါက်ကြားမှုရှိသည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း နောက်ဆုံးအဆင့်ဆု ရွေးချယ် ရေးအဖွဲ့တွင် ပါဝင်သည့် ဒါရိုက် တာ ဦးနှင်းမိုးက ပြောသည်။

‘‘၂၇ ရက် အကယ်ဒမီပေး မှာကို ၂၂ ရက်မှ ပထမအဆင့် ရွေးချယ်ရေးနဲ့ ဒုတိယအဆင့်ရွေး ချယ်ရေးမှာ ပါတဲ့သူတွေ မဲပေး ထားတဲ့ စာအိတ်တွေ ဖွင့်တယ်။ အဲဒါကို ဘဘတို့လေးယောက်ပဲ သိတယ်။ နောက်ပြန်ပြီး ချိတ် ပိတ်ထားတယ်။ အဲဒါကို သိမ်း ထားပြီး မနေ့က အခမ်းအနားမှူး တွေကို ဖျော်ဖြေရေးအစီအစဉ် တစ်ခုပြီးမှ သွားအပ်လိုက်တာ။ ကြိုပြီးပေါက်ကြားမှာစိုးလို့ ဆု ကြေညာမယ့်အချိန်မှ ကပ်ပြီးပေး တာ’’ဟု ဦးနှင်းမိုးက ပြောသည်။
နောက်ဆုံးအဆင့် ရွေးချယ် ရေးအဖွဲ့တွင် နာယကကြီးလေး ဦးဖြစ်သည့် ဦးညွန့်ဝင်း၊ ဦးအောင်မြင့်မြတ်၊ ဦးနှင်းမိုးနှင့် ဦးကြည် စိုးထွန်းတို့က ပထမအဆင့်နှင့် ဒုတိယအဆင့် ဆုရွေးချယ်ရေးအ ဖွဲ့များက မဲပေးထားသည့်အရေ အတွက်များကို စိစစ်၍ဆုရရှိသူ စာရင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ် ကြောင်း သတင်းရရှိသည်။
‘‘ဘယ်နှယောက်ရတာက အစ ဘယ်သူမှ မသိဘူး။ ဘဘတို့ ပဲ သိတယ်’’ဟု ဦးနှင်းမိုးက ပြော သည်။
အကယ်ဒမီပေးပွဲ မကျင်းပ မီတစ်ရက်အလိုတွင် ရုပ်ရှင်အစည်းအရုံးက ပေးအပ်လေ့ရှိသည့် ဆု ၁၁ဆုတွင် ရရှိသူများ၏ အမည်စာရင်း ဖေ့စ်ဘွတ်ခ်တွင် ပျံ့နံှ့ခဲ့ခြင်းဖြစ်ပြီး  ခြောက်ဆုမှာထွက် ပေါ်နေသည့်သတင်းနှင့် တူညီနေသောကြောင့်  ဝေဖန်ခဲ့ကြခြင်းဖြစ် သည်။
ထို့အတူ ဆုခြောက်ဆုသာ ပေးအပ်ရသည့် အကြောင်းနှင့် ပတ်သက်၍ ဦးနှင်းမိုးက ‘‘ဆုရွေး ချယ်ရေး အဆင့်နှစ်ဆင့်က ဆန္ဒ ပြုတဲ့သူ ၃၆ ယောက်ရှိတယ်။ အဲ ဒီထဲက ၁၉ ယောက်က ဆန္ဒပြုရင် အကယ်ဒမီအတွက် စဉ်းစား တယ်။ အဲဒီထက် ဆန္ဒပြုတဲ့သူ များရင်လည်း အဲဒီသူကို ရွေးချယ် ပေးတယ်။ တချို့ကျတော့ ဆယ် ယောက်ပဲ ဆန္ဒပြုတာရှိတယ်။ အဲဒီလိုကျတော့ အကယ်ဒမီပေး မယ့် အထဲမှာ ထည့်တွက်လို့ မရ ဘူး။ ဆန္ဒပြုတာ ၅၀ ရာခိုင်နှုန်း မပြည့်ဘူးဆိုရင် မပါဘူး’’ဟု ပြောသည်။
ယခုနှစ် အကယ်ဒမီပေးပွဲ ၌   ပေးအပ်ခြင်း မရှိသည့် ဆု များအတွက်    ဆန်ခါတင်ဇာတ် ကားများတွင် ၎င်း၏ အမြင်နှင့် ပေး၍ ရနိုင်သော ဇာတ်ကားများ ရှိနိုင်သော်လည်း ဆုရွေးချယ်ရေး မှာ အများ၏ ဆန္ဒနှင့်ရွေးချယ်ရ ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။
အကယ်ဒမီ ရွေးချယ်ရေးအ ဖွဲ့တွင် ရုပ်ရှင်အလွှာတစ်ခုချင်း အလိုက် ကိုယ်စားလှယ်နှစ်ဦးစီ ပါဝင်ပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပထမအဆင့် စိစစ်အကဲဖြတ်ရေး အဖွဲ့ ဒုတိယအဆင့် ရွေးချယ်ရေး အဖွဲ့ဝင် စုစုပေါင်း ၃၆ ဦးက ဆန္ဒ ပြုပေးခဲ့ခြင်း ဖြစ်သည်။

Credit >>> 7 Day
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment