မလေးရှားအရှေ့ခြမ်း ရေလွှမ်းမှု လူတစ်သိန်းကျော် ထိခိုက်


မလေးရှားနိုင်ငံ အရှေ့ဖက်ခြမ်းမှာ ဆယ်စုနှစ် များစွာအတွင်း အဆိုးဝါးဆုံး ရေကြီးမှုတွေ ဖြစ်ခဲ့လို့ လူငါးယောက် သေဆုံးပြီး လူတစ်သိန်းကျော်ဟာ နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

အမေရိကန် နိုင်ငံမှာ ရောက်ရှိနေတဲ့ မလေးရှား ဝန်ကြီးချုပ် မစ္စတာ နာဂျစ် ရာဇတ်ဟာ ဒီကိစ္စကြောင့် ခရီးစဉ် မပြီးဆုံးဘဲ နိုင်ငံကို ပြန်သွားခဲ့ရပါတယ်။ မလေးရှား နိုင်ငံတွင်းမှာ ရေဘေးအန္တရာယ် အပြင်းထန်ဆုံး ကျရောက်နေတဲ့ အချိန်မှာ အမေရိကန် သမ္မတ အိုဘားမားနဲ့ ဟာဝိုင်ယီမှာ ဂေါက်သီးကစားနေတဲ့ ဓာတ်ပုံတွေ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့တဲ့အတွက် မလေးရှား ဝန်ကြီးချုပ်ကို ပြည်တွင်းမှာ အပြင်းအထန် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ရေဘေးသင့် ဒေသတွေမှာလဲ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေးနေတာကို ဝေဖန်ပြောကြားမှုတွေ ရှိနေပါတယ်။ အထူးသဖြင့် လျှပ်စစ်မီးနဲ့ သောက်သုံးရေ ပြတ်လတ်နေတဲ့ ကိစ္စက ရေဘေးဒုက္ခသည်တွေအပေါ် အကြီးအကျယ် ရိုက်ခတ်ခဲ့ပါတယ်။

Credit >>> ဘီဘီစီ (မြန်မာပိုင်း)
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment