သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုးကို ညီမဖြစ်သူအား သတ်မှုနဲ့ ဖမ်းဆီး


 သရုပ်ဆောင် မင်းအုပ်စိုးအား ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တာမွေမြို့နယ် ဖိုးစိန်လမ်းအတွင်း အရက်သေစာ သောက်စားမူးယစ်ကာ လမ်းမပေါ်တွင်တွေ့ ရစဉ်။
၂၅.၁၂.၂၀၁၄ ရက်နေ့ ၀၄၃၀ အချိန်တွင် ဗဟန်းမြို့နယ်နေ ရုပ်ရှင်သရုပ်ဆောင် မင်းအုပ်စိုး (ခ) ကိုအောင်နိုင်ထွန်း၊ (၄၄)နှစ်မှ ဗဟန်းမြို့မ ရဲစခန်းသို့ရောက်ရှိ လာပြီး ၎င်းသည် ၀၂၃၀ အချိန်ခန့်က အတူနေညီမ၀မ်းကွဲဖြစ်သူ မနုနုယဉ်(ခ) တေးနုယဉ်၊ (၃၃)နှစ်အား လူမှုရေး ကိစ္စတစ်ခုနှင့် ပတ်သက်၍ မေးမြန်းစဉ် အမှန်အတိုင်း ပြောဆိုခြင်း မရှိသောကြောင့် စိတ်ဆိုး ဒေါသဖြစ်ပြီး မနုနုယဉ် (ခ)တေးနုယဉ် ကို ၎င်း၏အိပ်ခန်းအတွင်း၌ လက်သီးဖြင့် ထိုးခြင်း၊ ဆောင့်တွန်းခြင်း၊ ကိုင်ဆောင့်ခြင်း၊ ခြေထောက် ဖြင့်ကန် ခြင်းများပြုလုပ်မိခဲ့ကြောင်း၊ ထိုသို့ ပြုလုပ်ခဲ့သဖြင့် မနုနုယဉ်(ခ)တေးနုယဉ်မှာ ကုတင်ပေါ်တွင် လဲကျငြိမ်သက်
သွားကြောင်းကို အကြောင်းကြား လာခဲ့ပါသည်။

ထိုသို့ အကြောင်းကြား ချက်အရ ဗဟန်းမြို့မ ရဲစခန်းတပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ အခင်းဖြစ် နေအိမ်သို့ သွားရောက် စစ်ဆေးရာ နေအိမ်အိပ်ခန်း ကုတင်ပေါ်တွင် မနုနုယဉ်(ခ)တေးနုယဉ်မှာ မျက်နှာနှင့် ဦးခေါင်းတို့၌ ဖူးရောင် ဒဏ်ရာများ၊ ၀မ်းဗိုက်နှင့် ကျောကုန်းတို့တွင် ညိုမဲသွေးစို့ ဒဏ်ရာများ၊ မျက်လုံး
နှစ်ဘက်၌ ညိုမဲဒဏ်ရာများနှင့် လည်ပင်း၌ ပွန်းပဲ့ဒဏ်ရာများ ရရှိထားပြီး သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

ယင်းသို့ကျူးလွန်ခဲ့သူ မင်းအုပ်စိုး(ခ)ကိုအောင်နိုင်ထွန်းအား ဗဟန်းမြို့မရဲစခန်း (ပ)၅၁၉/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် အရေးယူကာ ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit >>> Yangon Police
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment