ပျောက်ဆုံး အဲအေးရှား လေယာဉှ်QZ8501 ကို ရှာဖွေမှုများ ပြုလုပ်နေစဉ်။ ဓာတ်ပုံ - Daily Mail
၎င်းရေးသားချက်တွင် black hand (လက်မည်းကြီး)ဆိုသည့် အသုံးအနှုန်းသည် အမှောင်ထဲမှ ရာဇဝတ် အဖွဲ့ များ သို့ မဟုတ် မြေအောက် အဖွဲ့ များကို ဆိုလို သုံးနှုန်းထားခြင်း ဖြစ်ဖွယ် ရှိသည်။
ယင်းဘလော့ဂါ၏ ဘလော့ စာမျက်နှာသို့ ဝင်ရောက် ကြည့်ရှုသူ ပေါင်းလည်း ၆၅၀၀၀၀ ကျော် ရှိသွားခဲ့ပြီ ဖြစ်သည်။
၎င်းက အဲအေးရှားနှင့် ပတ်သက်ပြီးမြေအောက် ရာဇဝတ်မှု ကျုးလွန်သည့် အဖွဲ့  တစ်ဖွဲ့ ၏ ပစ်မှတ်ဖြစ်ကာ ယင်းလေယာဉ် ပျောက်ဆုံး သွားမည်ဟု ဆယ်သုံး ရက် အလိုက ကြိုတင် ဟောကိန်း ထုတ်ခဲ့သလို ယခုနှစ် အစောပိုင်းက ပျောက်ဆုံး သွားသည့် MH17 လေယာဉ်နှင့် ယူကရိန်းတွင် ပစ်ချခံရသည့် MH370လေ ယာဉ် သည်လည်း ယင်းသို့ ပင် မြေအောက် အဖွဲ့ ၏ လက်ချက်ဖြင့် ဖျက်လို ဖျက်ဆီး လုပ်ခံရခြင်း ဖြစ်သည်ဟု ပြောဆို ရေးသားထားခြင်း ဖြစ်သည်။
အွန်လိုင်း အသုံးပြုသူ တစ်ဦးကလည်း ဘလော့ဂါ၏ အရေးအသား အပေါ် "black hand များက ယင်းလေယာဉ်များကို ပြန်ပေးဆွဲခြင်း၊ ပစ်ချခြင်းများ လုပ်ခဲ့ သည်"ဟု ရေးသား ခဲ့သည်။ ထိုပြင် အခြားသော အွန်လိုင်း အသုံးပြုသူ တစ်ဦး ကလည်း နိုင်ငံ တကာ လက်မည်း ကြီးများ ဆိုသည်မှာ စိတ်ပျက် စရာကောင်း သည့် နိုင်ငံတကာ အဖျက်အမှောင့် အဖွဲ့ အစည်း များပင် ဖြစ်သည်ဟု ရေးသားသည်။
အဲအေးရှား၏ QZ8501 လေယာဉ်သည် ခရီးသည် ၁၆၂ ဦး တင်ဆောင်လျက် အင်ဒိုနီးရှား နိုင်ငံ ဆူယာဘာရာမှ စင်ကာပူသို့  ပျံသန်းသည့် ခရီးတွင် ထူးဆန်း စွာပျောက်ဆုံး ခဲ့ခြင်းဖြစ်ပြီး ယခုတွင် ရှာဖွေ နေရဆဲ ဖြစ်သည်။ MH17 လေယာဉ် သည်လည်း ယခုနှစ် အစောပိုင်းက ပျောက်ဆုံး ခဲ့ခြင်း ဖြစ်ပြီး ယခုအချိန် ထိတွေ့ ရှိခြင်း မရှိသလို ယူကရိန်းတွင် ပစ်ချခံရသည့် MH370 လေယာဉ် အမှုတွင်လည်း လက်ရှိ အချိန်ထိ လက်သည် မည်သူ ဖြစ်ကြောင်း မဖော် ထုတ်နိုင်ေ သးပေ။
လေယာဉ် သုံးစင်းလုံးသည် မလေးရှား နိုင်ငံတွင် အခြေစိုက်သည့် လေကြောင်းလိုင်းများမှ လေယာဉ်များဖြစ်ပြီး မလေးရှား လေကြောင်းလိုင်းများ အနေဖြင့် ယင်း ဘေးဒုက္ခ သုံးခုကို တစ်နှစ်အတွင်း ရင်ဆိုင် ကြုံတွေ့  ခဲ့ရခြင်းလည်း ဖြစ်သည်။
Credit >>> mizzimaburmese
0 comments:
Post a Comment