မဟာရန်ကုန်စီမံကိန်းကို အဖွဲ့အစည်းတစ်ခုနှင့် ဆောင်ရွက်ဖွယ်ရှိ

ရန်ကုန်မြို့လယ်ရှိ ကိုလိုနီခေတ်လက်ရာ အဆောက်အအုံအချို့။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်

မဟာရန်ကုန်စီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(ဂျိုက်ကာ)နှင့်
ပူးပေါင်းပြုလုပ်ရန်စီစဉ်မှုများ ရှိသော်လည်း အချိန်စောင့်ရမည်ဖြစ်သဖြင့် လက်ရှိရန်ကုန်မြို့တော်
တွင် ကြုံတွေ့ နေရသော ယာဉ်ကြောကျပ်တည်းမှုနှင့် အခြားအခက်အခဲများကို ဖြေရှင်းရန်
အခြားအဖွဲ့အစည်း တစ်ခုဖြင့် ဆောင်ရွက်သွားဖွယ်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီမှ သိရသည်။
"ဂျိုက်ကာကို စောင့်နေရင် ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေးစီမံကိန်းတွေက ၂၀၃၅၊ ၂၀၂၅ လောက်မှ
စနိုင်မယ့် အနေအထားဖြစ်နေတယ်။ စစ်တမ်းကောက်ယူမှုတွေက ၂၀၁၈ လောက်မှ စနိုင်မှာဆိုရင်
လက်ရှိကြုံနေရတဲ့ ပြဿနာတွေ ဖြေရှင်းလို့ မရနိုင်ဘူး။ ကမ္ဘာ့ဘဏ် အိုင်အက်ဖ်စီက ဥက္ကဋ္ဌ
ကိုယ်တိုင် ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းကို ကျွန်တော်တို့ဘက်က ဖွံ့ဖြိုးရေးစီမံကိန်းတွေကို
သူတို့ဘက်က စိတ်ဝင်စားတယ်လို့ ပြောတယ်။ ဂျိုက်ကာကနေ လုပ်ထားတဲ့ အစီအစဉ်က
အရမ်း နှေးတော့ ဂျိုက်ကာက စီမံကိန်းမစခင်အချိန် ကြားကာလမှာ အရင် လုပ်နိုင်တာကို
လုပ်ထားဖို့ လိုပါတယ်။ အိုင်အက်ဖ်စီနဲ့တော့ ဆွေးနွေးနေဆဲဖြစ်ပါတယ်"ဟု ကော်မတီမှ
အတွင်းရေးမှူး ဦးကျော်စိုး က ပြောသည်။
၂၀၁၀ ပြည့်နှစ်တွင် မဟာရန်ကုန်ပို့ဆောင်ရေးနှင့် မဟာရန်ကုန်မြို့ပတ်ရထားစီမံကိန်း
ဆောင်ရွက်ရန် ဂျိုက်ကာက လျာထားခဲ့ပြီး မဟာရန်ကုန်မြို့ပြစီမံကိန်းမှာ ရေးဆွဲပြီးသွားပြီဖြစ်ကာ
နောက်ဆုံးအနေဖြင့် စီမံကိန်း ၇၇ ခု ရေးဆွဲပြီးဖြစ်သည်။
"ဂျိုက်ကာက အချိန်ဇယားအတိုင်းဆိုရင် နှစ်ထပ်ရထားလမ်း၊ ကားလမ်းစနစ်တွေဖြစ်လာဖို့အတွက်
တော်တော်စောင့်ရဦးမယ်။ အခုလက်ရှိ တိုင်းပြည်မှာ တစ်လကို ကားအစီး ၂၀,၀၀၀ လောက်
သွင်းတယ်။ တစ်နှစ်ကို နှစ်သိန်းလောက် ၀င်နေပြီဆိုတဲ့ အခါကျတော့ အခုမှမလုပ်ရင်
နောက်ကျတော့မှာ။ ကျွန်တော်တို့ဘက်ကလည်း စည်းကမ်းလျော့ ရဲတာကို ထိန်းသိမ်းရမှာ
ဖြစ်သလို ကားတင်သွင်းဖို့ မူဝါဒမှာလည်း စနစ်ကလေးတွေရှိဖို့ လိုပါတယ်။
"အခုမြန်မာပြည်မှာက လူ ၁,၀၀၀ မှာ ရှစ်ယောက်ပဲ ကားဝယ်စီးနိုင်သေးတယ်။ ကားတင်သွင်းတာ
များတယ်လို့ ပြောလို့ မရသေးဘူး။ စည်းကမ်းမရှိတာက အဓိကဖြစ်ပါတယ်။ ဒါကြောင့်
ဂျိုက်ကာက စီမံကိန်းမစခင်မှာ ကိုယ်လုပ်လို့ရတဲ့ အပိုင်းလေးတွေကို အားလုံးပါဝင်ပြီး
ဆောင်ရွက်ကြဖို့ လိုပါတယ်"ဟု ဦးကျော်စိုး က ပြောသည်။
လတ်တလောအနေဖြင့် ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန် အလိုအလျောက်
လမ်းရှင်းပေးမည့် မီးပွိုင့်စနစ်ကိုလည်း မီးပွိုင့်အားလုံးတွင် အမြန်ဆုံးတပ်ဆင်ရန် မြို့တော်စည်ပင်
က ဆောင်ရွက်နေသည်။
"ရန်ကုန်တိုင်းဒေသကြီးမှာ မီးပွိုင့်တွေ လုပ်ဖို့ကိစ္စကလည်း အရေးကြီးတဲ့ အချက်တစ်ခု
ဖြစ်ပါတယ်။ ကျွန်တော်တို့ ဂျိုက်ကာ ရဲ့ အထောက်အပံ့နဲ့လုပ်တာက ၁၀ ပွိုင့်ပဲရတယ်။
တကယ်တမ်း ရန်ကုန်တစ်မြို့လုံးမှာ အလုပ်လုပ်နေတဲ့ မီးပွိုင့်က ၁၆၉ ပွိုင့်ရှိတယ်။ မီးပွိုင့်တွေကို
စည်ပင်သာယာက တပ်ပေးတယ်။ ယာဉ်ထိန်းက ဖွင့်ပေးတယ်။ မီးပွိုင့်တွေ ပျက်ရင် လိုက်ပြင်တဲ့
ကားကလည်း နှစ်စီးပဲ ရှိတဲ့အတွက် အဆင်မပြေဘူးလို့ ပြောနေကြတာရှိတယ်။
အဲဒီကားတွေလည်း လာမယ့်နှစ်ထဲမှာ အသစ်ထပ်ရောက်ဖို့ ရှိပါတယ်။ ပြီးတော့
မီးပွိုင့်တပ်ဆင်ဖို့လည်း နိုင်ငံတော် ဘတ်ဂျက်ကနေ တင်ပြတောင်းဆိုထားပါတယ်"ဟု
ဦးကျော်စိုး က ပြောသည်။

"လမ်းဘေးမှာ ဈေးရောင်းတဲ့ သူတွေကျတော့လည်း သူတို့ရဲ့ စီးပွားရေးဖြစ်နေတဲ့အတွက်
နားဝင်အောင်ပြောရတာတော့ ခက်ပါတယ်။ ကျွန်တော်တို့ မကြာခင်မှာပဲ လမ်းပေါ်မှာ
ဈေးသည်တွေရောင်းတာကို ဘယ်လိုမှ ခွင့်မပြုပါဘူးဆိုတာကို ဈေးသည်တွေကို
အသိပေးပါတော့မယ်။ ကားလမ်းပေါ်မှာ ကားပဲသွားရမယ်။ ဥပဒေရှိရဲ့နဲ့ ဥပဒေအတိုင်း
မလုပ်တာက ခက်နေတာပါ" ဟု ဦးကျော်စိုး က ပြောသည်။

Credit >>> Myanmar Time
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment