ရန်ကုန်- ဘာသာသာသနာညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုခံရပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင်အဖြစ်မှ ရပ်စဲခံထားရသည့်
စာရေးဆရာ ထင်လင်းဦးအား မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် တရားရုံးက
အာမခံမပေးဘဲ ဒီဇင်ဘာ ၁၇ ရက်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း
သတင်းရရှိသည်။
စာရေးဆရာထင်လင်းဦးက အာမခံလျှောက်ထားသော်လည်း ချောင်ဦးမြို့နယ်တရားရုံးက အာမခံပယ်ချပြီး ထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း ဦးထင်လင်းဦး၏ညီ ကိုဆန်းထွန်းက ပြောသည်။
‘‘ဦးထင်လင်းဦးကို မုံရွာထောင်ကြီးသို့ပို့လိုက်ပါပြီ။ နောက်တစ်ပတ်ရုံးချိန်းကို ဒီဇင်ဘာ ၂၄ ရက်မှာ ပြန်လုပ်မှာဖြစ်ပါတယ်’’ဟု ချောင်းဦးမြို့နယ် တရားရုံးသို့ ဦးထင်လင်းဦးနှင့်အတူ လိုက်ပါခဲ့သော ကိုဆန်းထွန်းက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၌ ပြုလုပ်ခဲ့သည့် စာပေဟောပြောပွဲတွင် ဘာသာရေးဆိုင် ရာ အငြင်းပွားဖွယ်ဝေဖန်ဟောပြောခဲ့မှုနှင့်ပတ်သက်၍ စာရေးဆရာထင်လင်းဦးကို ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
Credit >>> 7 Day

0 comments:
Post a Comment