မန်မာနိုင်ငံရှိ လူဦးရေ သိပ်သည်းပြီး ကလေးမွေးဖွား နှုန်း မြင့်မား၍ ရွှေ့ပြောင်းဝင် ရောက်နှုန်းမြင့်သည့် ဒေသတွင် အိမ်ထောင်ရှင်မိခင်တစ်ဦးအနေ ဖြင့် သုံးနှစ်ခြားပြီးမှ ကလေးတစ် ဦး ထပ်မံမွေးဖွားရမည့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပ ဒေကြမ်းကို အမျိုးသားလွှတ် တော်က အတည်ပြုလိုက်သည့်အ ပေါ် ဝေဖန်မှုများ ထွက်ပေါ်နေ သည်။
မျိုးစောင့်ဥပဒေများဟု လူ သိများသည့် ဥပဒေကြမ်း လေးခု အနက် လူဦးရေ တိုးပွားနှုန်းထိန်း ညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်းကို ဖေဖော် ၀ါရီ ၁၉ ရက်က အမျိုးသားလွှတ် တော်တွင် ထောက်ခံမဲ ၁၅၄ မဲ၊ ကန့်ကွက်မဲ ၁၂ မဲဖြင့် အတည်ပြု ခဲ့ခြင်းဖြစ်သည်။
လူ့အခွင့်အရေး ကြေညာ စာတမ်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အမျိုးသမီးများကို ခွဲခြားဆက်ဆံ ခြင်း၊ လူနည်းစုကို ကန့်သတ်ခွဲ ခြားသည်ဟု ယူဆစရာစသည့် အချက်များနှင့် ငြိစွန်းမှုရှိနေသော ကြောင့် ယင်းဥပဒေ အတည်ပြုပြဋ္ဌာန်းခြင်းကို ကန့်ကွက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က လွှတ်တော်၌ ကန့်ကွက်ဆွေးနွေးခဲ့သေးသည်။
‘‘ကိုယ်ဝန်ဘယ်တော့ ဆောင် မလဲဆိုတာကို မိဘတွေက ဆုံး ဖြတ်ရမှာလား၊ အစိုးရလား၊ လွှတ်တော်လား။ အမျိုးသမီးက အသက် (၃၀) ကျော်နေပြီဆို က လေးကို ခြားပြီးမှယူဖို့ဆိုတာ မ စဉ်းစားသင့်တဲ့ စိတ်ကူးပါ။ နိုင်ငံ တကာလေ့လာမှုတစ်ခုမှာ က လေးတစ်ဦးနဲ့ တစ်ဦးကြား ၁၈ လ (တစ်နှစ်ခွဲ)၊ ၂၃ လ ( ၂ နှစ်နီးပါး) ခြားတာ ပိုသင့်တော်တယ်။ က လေးယူတာ ခြားလေလေ ကလေး တွေရဲ့ စိတ်ပိုင်းမှာ ညီအစ်ကို မောင်နှမ သိပ်မဆန်ကြတာဖြစ် နိုင်တယ်။ သုတေသနတွေအရ ကလေးနီးလွန်းတာလည်း မ ကောင်း၊ ဝေးလွန်းတာလည်း မ ကောင်းဘူး’’ ဟု ဆရာဝန်ဒေါက် တာတင့်ဆွေက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဒေသတစ် ခုခု၌ လူဦးရေသိပ်သည်းမှု များ ပြားခြင်း၊ လူဦးရေ တိုးနှုန်းမြင့် တက်ခြင်း၊ ကလေးမွေးဖွားနှုန်း မြင့်မားခြင်း၊ မိခင်နှင့် ကလေး သေနှုန်းမြင့်မားခြင်းနှင့် ပြောင်း ရွှေ့ဝင်ရောက်နှုန်းမြင့်မားခြင်းတို့ ကြောင့် လူဦးရေနှင့် သယံဇာတ အရင်းအမြစ်အချိုး ညီမျှမှုမရှိခြင်း၊ လူမှုစီးပွားရေးအညွှန်းကိန်းများ နိမ့်ကျခြင်းနှင့် ဒေသတွင်း စားနပ် ရိက္ခာလုံလောက်မှုမရှိခြင်း စ သည့်အချက်များ ဖြစ်ပေါ်နေပါ က သမ္မတက အထူးဒေသအဖြစ် သတ်မှတ်၍ အဆိုပါဥပဒေကို ကျင့်သုံးရမည်ဟု ဥပဒေတွင် ဖော်ပြထားသည်။
‘‘ဒီဥပဒေအရ ဆင်းရဲတဲ့နေ ရာမှာ အမျိုးသမီးတွေ မီးဖွားခွင့် က တစ်မျိုး၊ မဆင်းရဲဘူးဆိုတဲ့ နေရာကျတော့ အမျိုးသမီးတွေ က သုံးနှစ်အထိ စောင့်မနေဘဲ မီးဖွားခွင့်ရှိနေတယ်။ နိုင်ငံတစ်ခု တည်းမှာပဲ ဥပဒေက နှစ်မျိုးဖြစ် နေတယ်’’ ဟု တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောသည်။
ထို့ပြင် ဥပဒေပါအချက်များ အရ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ ကို ပစ်မှတ်ထား၍ ရေးဆွဲထား ခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ရှိ နေသည်။ ထို့ပြင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှ ဆွေ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင်လည်း ယခုဥပဒေ၏ အဓိက ပစ်မှတ်မှာ လူဦးရေ ပေါက်ဖွားမှု များနေသည့် ဘူးသီးတောင်၊ မောင်တောကဲ့သို့ နေရာမျိုးတွင် သားဆက်ခြားအစီအစဉ်များကို ဥပဒေပြဋ္ဌာန်းချက်အတိုင်း လုပ် နိုင်ရန်ဖြစ်ကြောင်း ရေးသားထား သည်။
သို့သော် ဥပဒေတွင် တား မြစ်ချက်ကို ဖောက်ဖျက်ပါက အရေးယူခြင်းတို့ မပါဝင်ဘဲ ပြုစု ကျွေးမွေးရန် တတ်နိုင်သူများအ တွက် ကန့်သတ်ထားခြင်းမရှိ ကြောင်း ပြည်ထောင်စုရှေ့နေ ချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဦး ထွန်းထွန်းဦးက လွှတ်တော်တွင် ဖြေကြားခဲ့သည်။
မြန်မာရွှေ့ပြောင်းလုပ်သား များနှင့် ဒုက္ခသည်များ အများဆုံး လက်ခံထားရသည့် ပြည်ပနိုင်ငံ များတွင်မူ ယခုကဲ့သို့ ကလေးမွေး ဖွားနှုန်းတားမြစ်ကန့်သတ်ခံရခြင်း မရှိကြောင်း ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောကြားသည်။
‘‘သေချာတာကတော့ ဒီ ဥပဒေကြေမ်းအကြောင်း ကြား လိုက်ရတဲ့ချိန်မှာ ကိုယ့်ကို လာ ချုပ်နှောင်လိုက်သလို ခံစားရ တယ်။ ဒါက ကိုယ်တွေရဲ့ မွေးရာ ပါ အခွင့်အရေးဆိုတော့ ကိုယ် တိုင်ပေါ့။ လယ်မယားနှစ်ယောက် စလုံးဖြစ်စေ၊ တခြားနိုင်ငံတွေမှာ လို Single Mother ဖြစ်စေ ဘယ် နှယောက်ယူမယ်၊ ဘယ်နှနှစ်ခြား မယ်ဆိုတဲ့ ကိုယ်တိုင်ဆုံးဖြတ်ပိုင် ခွင့်ကို ဘယ်အစိုးရမဆို အာမခံ ပေးရမယ်။ ပိတ်ပင်ခွင့်မရှိဘူးလို့ မြင်ပါတယ်။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေပေါ့’’ ဟု ရန်ကုန်မြို့နေ သမီးတစ်ဦး၏မိခင် မလှိုင်ဝေကြူက ပြောကြားသည်။
တစ်ဖက်တွင်လည်း သား ဆက်ခြားခြင်း ဗဟုသုတ အသိ ပညာနည်းပါးသည့် အမျိုးသမီး များ၊ အမျိုးသားများကို သားဆက် ခြားခြင်း၏ အကျိုးကျေးဇူးများ သေချာရှင်းပြ ပညာပေး၍ ၎င်းတို့ ကိုယ်တိုင် ရွေးချယ်ခွင့်ကိုပါ ပေးသင့်ကြောင်း မလှိုင်ဝေကြူက ဆက်လက်ပြောကြားသည်။
လူဦးရေ တိုးပွားနှုန်းထိန်း ညှိခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက ရေးဆွဲ၍ အမျိုးသားလွှတ်တော် သို့ တင်ပြခဲ့ခြင်းဖြစ်ပြီး ယခုအခါ အမျိုးသားလွှတ်တော်က အ တည်ပြုပြီးဖြစ်ရာ ပြည်သူ့လွှတ် တော်တွင် ဆက်လက်ဆွေးနွေးရ မည်ဖြစ်သည်။
Credit >>> 7Day
0 comments:
Post a Comment