မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေသော အရေးပေါ်အခြေအနေ


တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ထိစပ်နေသော မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၏သုံးလကြာ အရေးပေါ်အခြေအ နေကို သမ္မတဦးသိန်းစိန်က ကြေ ညာလိုက်ပါသည်။
မြန်မာစစ်တပ်နှင့် မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MND-AA) တို့အကြား ရက်အနည်းငယ်ကြာ  တိုက်ပွဲများအပြီး မြန်မာအစိုးရရုပ်သံမှ ယခုကဲ့သို့အရေးပေါ် အခြေအနေကြေညာလိုက်ခြင်း ဖြစ်ပါသည်။
မြန်မာစစ်တပ် သိမ်းယူထား သည့် ကိုးကန့်နယ်မြေကို ဖေဖော်ဝါရီ ၉ ရက်ကစပြီး ကိုးကန့်တပ် များပြန်လည်သိမ်းယူရန်ကြိုးစား ရာမှ အဆိုပါလက်နက်ကိုင်တိုက် ပွဲများပေါ်ပေါက်လာခဲ့ခြင်းဖြစ် သည်။
မြန်မာစစ်တပ်ကလည်း ပြန် လည်တုံ့ပြန်သောအားဖြင့် ကိုး ကန့်တပ်များကို လေကြောင်းမှ ပြန်လည် တိုက်ခိုက်ခဲ့သည်။ မြန် မာအစိုးရ၏ ပြောကြားချက်အရ စစ်တပ်ဘက်က ၅၀ ဦးကျဆုံး ပြီး ကိုးကန့်ဘက်က ၂၆ ဦးကျဆုံး သည်ဟုသိရ၏။ ဒေသခံအရပ် သားထောင်ချီထွက်ပြေးရသည်။အချို့က မြန်မာနိုင်ငံအတွင်း ပြေးသလို အချို့က နယ်စပ်ကိုကျော်ပြီး တရုတ်နိုင်ငံထဲသို့ ဝင်ပြေး သည်။
ဖုန်ကြားရှင်ဦးဆောင်သည့် MNDAA သည် ၁၉၈၉ မှ ၂၀၀၉ အထိ မြန်မာစစ်တပ်နှင့် ငြိမ်းချမ်း ရေးရယူထားခဲ့သည့် တပ်ဖွဲ့များ ဖြစ်သည်။ မြန်မာနယ်ခြားစောင့် တပ်ဖွဲ့များကို မြန်မာစစ်တပ်အုပ် ချုပ်မှုအောက်တွင် ဖွဲ့စည်းရမည် ဟု မြန်မာအစိုးရ၏အဆိုကို MNDAA ပယ်ချခဲ့သည့်အခါ အပစ်အခတ်ရပ်စဲရေးလည်း ပျက်ပြယ်ပြီးဆုံးခဲ့သည်။
၂၀၀၉ ဩဂုတ်တွင် ပယ် စောက်ချိန် (Bai Suoqian)အပါ အဝင် ကိုးကန့်ခေါင်းဆောင်အချို့ အကူအညီဖြင့် မြန်မာစစ်တပ်က လောက်ကိုင်မြို့ကို သိမ်းပိုက်ခဲ့ သည်။
ယခု မြန်မာအစိုးရကြေညာ ထားသည့်အရေးပေါ်အခြေအနေ ဆိုသည်မှာ မြန်မာစစ်တပ်က ကိုး ကန့်ဒေသတွင် စစ်အုပ်ချုပ်ရေး ဖြင့် အုပ်ချုပ်မည်ဆိုသည့်သဘော ပင်။ ကိုးကန့်ဒေသသည် ကိုးကန့် လူမျိုးများနှင့် ဟန်တရုတ်လူမျိုး များ အများဆုံးနေထိုင်သည့် ဒေသဖြစ်သည်။ စစ်အုပ်ချုပ်ရေး ထားရှိရခြင်းမှာ ၂၀၀၈ အခြေ ခံဥပဒေအတိုင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာကိုစစ် တပ်သို့ ပေးအပ်ခြင်းဖြစ်ပါသည်။
စိတ်ဝင်စားစရာကောင်း သည့်အချက်မှာ သမ္မတဦးသိန်း စိန်က ဖေဖော်ဝါရီ ၁၇ ရက်တွင် မြန်မာမြေကိုတစ်လက်မမှ အဆုံး ရှုံးမခံဟု ကြွေးကြော်ခဲ့ပြီး မြန်မာစစ်တပ်က အချုပ်အခြာအာ ဏာကို ကာကွယ်စောင့်ရှောက် နေခြင်းသာဖြစ်သည်ဟု ဆိုသည်။
ယခုကဲ့သို့ မြန်မာစစ်တပ်နှင့် MNDAA ကြားက ပြင်းထန်သော တိုက်ပွဲများသည် မြန်မာနိုင်ငံက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးသဘောတူညီချက်ကို လက် မှတ်ထိုးရန်ပြင်ဆင်နေချိန်၌ ဖြစ် ပေါ်ခဲ့ခြင်းဖြစ်သည်။ တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး သ ဘောတူညီချက်သည် ဖက်ဒရယ် ပြည်ထောင်စုစနစ်တည်ဆောက် ရန်နှင့် အမျိုးသားပြန်လည်သင့် မြတ်ရေးဦးတည်နေသည့် နိုင်ငံ ရေး ဆွေးနွေးပွဲသို့သွား မည့် လမ်း ကြောင်းလည်းဖြစ်သည်။
တိုင်းရင်းသားမျိုးနွယ်စုများ အား ကိုယ်ပိုင်အုပ်ချုပ်ရေးပေးမည့် ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ထောင်ရန် စည်းမျဉ်းအား ဖြင့် ဦးသိန်းစိန်အစိုးရသဘောတူ ထားသည့်အချိန်တွင် ယခုလို အရေးပေါ်အခြေအနေကြေညာ ပြီး လက်နက်ကိုင်တိုက်ခိုက်မှုများ ဆက်လုပ်နေခြင်းသည် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို ရပ်ဆိုင်း နိုင်စေပါသည်။
MNDAA အပြင် ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) နှင့် ပလောင်အမျိုး သားလွတ်မြောက်ရေး တပ်မတော်တို့မှာလည်း မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် မရေးထိုးရသေးပေ။
ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများက မြန်မာမှာဖြေရှင်းစရာပြဿနာများရှိနေဆဲ ဆိုသည်ကို သက်သေပြနေသည်။ အဆက်မပြတ် တိုက်ပွဲများက မြန်မာအစိုးရနှင့် လက်နက်ကိုင် တပ်ဖွဲ့များအကြား အပြန်အလှန် ယုံကြည်မှုမရှိဖြစ်နေကြသည်ဆို သည့် သာဓကပင်ဖြစ်၏။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက် က ကေအိုင်အေဗိုလ်သင်တန်း ကျောင်းကို မြန်မာစစ်တပ်ကတိုက် ခိုက်ခဲ့သလိုပင် ကိုးကန့်ဒေသ တိုက်ပွဲများကလည်း မြန်မာတွင် တိုင်းရင်းသားလူမျိုးနွယ်စုများ၏ ပြဿနာများ မည်မျှရှုပ်ထွေးနေသည်ဆိုသည်ကို ပြသခြင်းဖြစ်သည်။ယခုကဲ့သို့ လက်နက်ကိုင် တိုက်ခိုက်မှုများရှိနေသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် မြန်မာအစိုးရကပါ တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မစွန့်လွှတ် ကြသေးပါ။
ကေအိုင်အေစစ်သင်တန်း ကျောင်းတိုက်ခိုက်မှုနှင့် နောက် ဆုံးကိုးကန့်ဒေသမှ တိုက်ပွဲများ သည် ၁၉၄၈ တိုင်းပြည်လွတ်လပ် ရေးရကတည်းက မြန်မာတွင် ဆယ်စုနှစ်ကြာချီနေသည့် တိုင်းရင်းသားရေးရာပြဿ နာ တစ်ခုသာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ကိုတော့ အားလုံးက အားပေးရမည်၊ ထောက်ခံသွားရမည်ဖြစ်သည်။
ထိုရည်မှန်းချက်အောင်မြင် ရန် နှစ်ဖက်စလုံးမှာ ရေတိုရေ ရှည်ဗျူဟာအစီအစဉ်များရှိရန်လို အပ်သည်။
ရေတိုနည်းဗျူဟာအနေဖြင့် ကချင်နှင့် ရှမ်းပြည်နယ်က တိုက် ပွဲများကဲ့သို့ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးသဘောတူညီ ချက်ကို ရပ်တန့်စေနိုင်သည့် ပြ ဿနာများအား အလေးထားဖြေ ရှင်းရမည်။ မြန်မာအစိုးရ၊အထူး သဖြင့် မြန်မာစစ်တပ်နှင့် တိုင်း ရင်းသားလက်နက်ကိုင်အုပ်စုများ အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရမည်။
ရေရှည်အားဖြင့်မူ ဖက် ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး အပြီးနိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေး အလေးထားလုပ် ဆောင်ရမည်။
အပစ်အခတ်ရပ်စဲရေးအပြီး နိုင်ငံရေးဆွေးနွေးပွဲများတွင်လည်းစစ်တပ်များတိုးချဲ့ခြင်း၊ ရုပ်သိမ်းခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခြင်း၊ ရေရှည်ထိန်းသိမ်းခြင်း၊ စီးပွားရေး ပြန်လည်တည်ထောင်ခြင်း၊ အခြေခံလူတန်းစားများဖွံ့ ဖြိုးရေး အပါအဝင် အခြားဆွေးနွေးစရာ ပြဿနာ များစွာကို ညှိနှိုင်းဆောင်ရွက် ခြင်းများပြုလုပ်ရန် ရှိပါသေးသည်။၁၉၄၇ က ပင်လုံညီလာခံကဲ့ သို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ် စဲရေးသဘောတူညီချက်နှင့် နိုင်ငံရေးဆွေးနွေးမှုကို ယခုနှစ် ဖေဖော်ဝါ ရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် အကောင်အထည် ဖော်မည်ဟု အများက မျှော်လင့်ခဲ့ကြသော်လည်း လက်တွေ့၌ ဖြစ်မလာခဲ့ပေ။
ထို့ကြောင့် စစ်တပ်ကိုအသုံး  ချပြီး ဖြေရှင်းသည့်နည်းလမ်း သည် မြန်မာ၏ ပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခု မဟုတ်ဟုဆိုသည်ကို သမိုင်း ကြောင်းများက သက်သေထူနေ ပါသည်။
(အမေရိကန်အခြေစိုက် Kuki International Forum မှ အထွေ ထွေအတွင်းရေးမှူး နိုင်ငံရေး သိပ္ပံပညာရှင် ဒေါက်တာ Nehg-inpao Kipgen ၏ ဘန်ကောက် ပို့စ်သတင်းစာပါ State of eme-rgency muddles Myanmar peace process ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်သည်။)
Credit >>>> 7Day
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment