ဝေလနဲ့ နီနီခင်ဇော်တို့ ဗိုလ်စွဲခဲ့တဲ့ မြန်မာဂီတ ထူးချွန်ဆုပေးပွဲ


 မြန်မာ့ဂီတပွဲထူးချွန် ၂၀၁၄ ၏ တစ်နှစ်တာဆုပေးပွဲ တွင် တစ်သက်တာ ဂီတဆုရှင် များအဖြစ် ဦးအံ့ကြီးနှင့် ဆလိုင်း ဇာလျန်းတို့အား ပေးအပ်ခဲ့ပြီးဝေလနှင့် နီနီခင်ဇော်တို့က ဆုသုံးဆုစီ အများဆုံးရရှိခဲ့ကြသည်။
၂၀၁၄ တစ်နှစ်တာအတွင်း  ထွက်ရှိခဲ့သော သီချင်းများမှာ ဂီတအမျိုးအစားအလိုက် ဆုများ ပေးအပ်ပြီး တစ်နှစ်တာ ဂီတဆု အနေဖြင့် ၃၂ ဆုပေးအပ်ခဲ့သည်။
အဆိုပါဂီတဆုပေးပွဲကို ဖေ ဖော်ဝါရီ ၂၀ ရက်ညက ရန်ကုန် မြို့ ရှင်စောပုလမ်းရှိ Myanmar Event Park ၌ ပြုလုပ်ခဲ့ပြီး အထက်ပါဆုများအပါအ၀င် နွေရာသီဂီတထူးချွန်ဆုများ၊ ဆောင်းရာသီဂီတထူးချွန်ဆုများ ပေးအပ် ခဲ့သည်။
တစ်သက်တာဂီတဆုချီးမြှင့် ချိန်တွင် အသက် (၉၃) နှစ်အရွယ် ရှိနေသည့် ဦးအံ့ကြီးကိုယ်တိုင် ဆုတက်ရောက်ယူခဲ့စဉ် ပရိသတ် အားလုံးက မတ်တတ်ရပ်၍ဂုဏ်ပြုခဲ့ကြသည်။ ထို့အတူတစ်သက်တာဂီတဆုရရှိသည့် ဆလိုင်းဇာလျန်းကလည်း ဆုကို ကိုယ်တိုင်လက်ခံယူခဲ့သည်။
ပရိသတ်အကြိုက်ဆုံးဆု များကို  ရဲသွေးနောင်၊ လေးဖြူ၊ စိုင်းစိုင်းခမ်းလှိုင်နှင့် ၀ိုင်းလမင်းအောင်တို့ ရရှိခဲ့သည်။
ပရိသတ်များအကြား အငြင်းပွားမှုများဖြစ်ပေါ်ခဲ့သည့် I Love Artist ဆုကိုမူ ပြီးခဲ့သည့် ရက်ပိုင်း ကတည်းက မဲအများဆုံးရရှိခဲ့ သော ဖော်ကာနှင့် အိမ့်ချစ်တို့  ရရှိခဲ့သည်။
ယခင် ကြေညာထားခြင်း မရှိသည့် အောင်မြင်မှုကို နှစ်ပေါင်း များစွာ ထိန်းသိမ်းနိုင်သော လူငယ် ဂီတသမားဆုကိုလည်း ထည့်သွင်းချီးမြှင့်ခဲ့ရာ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ရရှိခဲ့သည်။
ပေါ့ပ်ဂီတထူးချွန်ဆုတွင် နီနီခင်ဇော်က အင်းလေးမှာ ရွာတဲ့ မိုး၊ မျှော်လင့်ချက် တစ်စုံတစ်ရာ သီချင်းများဖြင့် ဆုသုံးဆုရရှိခဲ့ သည်။
ရော့ခ်ဂီတထူးချွန်ဆုတွင် ဝေလက မိတ်ကပ်မကြိုက်သော သီချင်းများအယ်လ်ဘမ်ဖြင့် ဆု သုံးဆု သိမ်းပိုက်နိုင်ခဲ့သည်။ မြန်မာသံဂီတထူးချွန်ဆု တွင် စောင်းပညာရှင် အင်းလေး ဦးမြင့်မောင်၊ ရတနာဦး၊ မြင့်မိုရ် အောင်နှင့် ရဲထိုက်တို့ ဆုရရှိကြ သည်။
ပေါ့ပ်ဂီတထူးချွန်ဆုတွင် ကိုင်ဇာ၊ အောင်ကိုမြင့်နှင့် ရဲရင့် အောင်တို့လည်း ဆုအသီးသီးရရှိ ခဲ့ကြသည်။ ရော့ခ်ဂီတထူးချွန်ဆု တွင် လေးဖြူ၊ ကျားပေါက်တို့ လည်း ဆုများရရှိခဲ့ပြီး  METAL သီချင်းနှင့် အယ်လ်ဘမ်ဆုများ ကိုလည်း ပေးအပ်ခဲ့သည်။
ရက်ပ်ဂီတထူးချွန်ဆုတွင် ရန်ရန်ချန်း၊ Snare၊ ဂျေမီ၊ အေ သင်ချိုဆွေ၊ Lil' Z နှင့် X Box တို့ ဆုများရရှိခဲ့သည်။
တစ်နှစ်တာဆုပေးအပ်ရန် ၂၀၁၄ အတွင်းထွက်ရှိထားသော တေးစီးရီး ၃၀၀ ကျော်ကို ဂီတအမျိုးအစားအလိုက် ဂီတပညာရှင် ၁၀၀ ကျော်က အကဲဖြတ် ပေးခဲ့သည်။
 
Credit >>> 7Day
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment