ခရစ်ယာန် ၂၁ ဦးကို ခေါင်းဖြတ်ပြသည့် IS အဖွဲ့၏ ဗီဒီယိုဖိုင်မှာ အတုသာဖြစ်ဟု ကျွမ်းကျင်သူများဆို


 ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်က အစွန်းရောက် အကြမ်းဖက်အဖွဲ့ IS မှ ဖြန့်ချိခဲ့သော အီဂျစ်လူမျိုး ခရစ်ယာန် ဘာသာဝင် ၂၁ ဦးကို ခေါင်းဖြတ် ကွပ်မျက်သည့် ဗီဒီယိုဖိုင်မှာ အတုသာ ဖြစ်သည်ဟု အကြမ်းဖက်ဝါဒရေးရာ ကျွမ်းကျင်သူများက ပြောကြားကြောင်း Daily Mail သတင်းဌာနတွင် ဖော်ပြထားသည်။

ငါးမိနစ်ခန့် ရှည်လျားသော ယင်းဗီဒီယိုဖိုင်ထဲတွင် လိမ္မော်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အီဂျစ်လူမျိုး ၂၁ ဦးကို တစ်ယောက်လျှင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အကြမ်းဖက်သမား တစ်ဦးစီက ချုပ်ကိုင်ကာ ကမ်းခြေတစ်ခု တစ်လျှောက် စီတန်း လျှောက်လာသည်ကို တွေ့ရသည်။

ထို့နောက်တွင် မျက်နှာဖုံးစွပ် မပါသော ဓားစာခံများကို မျက်နှာဖုံးစွပ်ထားသည့် အကြမ်းဖက်သမားများက ဒူးထောက်စေပြီး တစ်ပြိုင်နက် ခေါင်းဖြတ် ကွပ်မျက်လိုက်သည်ကို တွေ့မြင်ရသည်။

အကြမ်းဖက်ဝါဒရေးရာ ကျွမ်းကျင် ပညာရှင်များသည် အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် ဓားစာခံများ သေဆုံးသွားသည်ကို ယုံကြည်သော်လည်း ယင်းဗီဒီယိုထဲမှ ဓားစာခံများကို ကွပ်မျက်သည့် အကြမ်းဖက်သမားများမှာ အရပ်ခုနစ်ပေခန့် ရှည်သူများ ဖြစ်နေခြင်း အပါအဝင် အချို့ရိုက်ချက်များမှာ အထူးပြုလုပ်ချက်များဖြင့် ဖန်တီးထားခြင်း ဖြစ်သည်ဟု ယူဆလျှက်ရှိသည်။

ထိုဗီဒီယိုဖိုင်ထဲတွင် ပြထားသည့်အတိုင်း ဓားစာခံများအားလုံး ကမ်းခြေတွင် တစ်ပြိုင်တည်း အသတ်ခံရခြင်း ဟုတ်၊ မဟုတ် ဆိုသည်ကိုလည်း ကျွမ်းကျင်သူများက သံသယဝင်လျက် ရှိသည်။

ထိုဗီဒီယိုဖိုင်ထဲမှ ပြကွက်များမှာ ဟောလိဝုဒ် ရုပ်ရှင်ကားများ ရိုက်ကူးသကဲ့သို့ စတူဒီယိုထဲတွင် ရိုက်ကူးပြီး နောက်ပိုင်းတွင်မှ ကမ်းခြေရှုခင်းကို ပေါင်းထည့်ထားခြင်း ဖြစ်မည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားထားသည်။

ဖလော်ရီဒါ အခြေစိုက် အကြမ်းဖက်ဝါဒ သုတေသနနှင့် သရုပ်ခွဲလေ့လာမှု ပူးပေါင်းအဖွဲ့မှ ပညာရှင် တစ်ဦးဖြစ်သူ ဗာယန်ခန်းက ယင်းဗီဒီယိုဖိုင်ထဲတွင် ဖန်တီးထားသော အထူးပြုလုပ်ချက်များထဲတွင် အမှားအယွင်း အတော်များများ တွေ့ရှိရသည်ဟု ပြောကြားသည်။

ဗီဒီယိုဖိုင်ထဲတွင် စကားပြောကြားသော အကြမ်းဖက်သမား၏ ခန္ဓာကိုယ် အရွယ်အစားနှင့် ပင်လယ် အရွယ်အစားမှာ အချိုးမကျ ဖြစ်နေသည့်အပြင် ခေါင်းဖြတ်ပြီးနောက် ပင်လယ်ရေများ အနီရောင် ပြောင်းသွားပုံမှာလည်း အထူးပြုလုပ်ချက်မှန်း ပေါ်လွင်လွန်းသည်ဟု မစ္စခန်းက ဆိုသည်။

အီဂျစ်လူမျိုး အများအပြားကို IS အကြမ်းဖက်အဖွဲ့က သတ်ဖြတ်ခဲ့ပြီးသည့်နောက်တွင် အီဂျစ်အစိုးရက အမေရိကန် ဦးဆောင်သော ချေမှုန်းရေးအဖွဲ့အနေနှင့် လစ်ဗျားရှိ စခန်းများကိုပါ တိုက်ခိုက်ပေးရန် တောင်းဆိုခဲ့သည်။
'ခရစ်ယာန် ၂၁ ဦးကို ခေါင်းဖြတ်ပြသည့် IS အဖွဲ့၏ ဗီဒီယိုဖိုင်မှာ အတုသာဖြစ်ဟု ကျွမ်းကျင်သူများဆို နယူးယောက်၊ ဖေဖော်ဝါရီ ၂၂ ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်က အစွန်းရောက် အကြမ်းဖက်အဖွဲ့ IS မှ ဖြန့်ချိခဲ့သော အီဂျစ်လူမျိုး ခရစ်ယာန် ဘာသာဝင် ၂၁ ဦးကို ခေါင်းဖြတ် ကွပ်မျက်သည့် ဗီဒီယိုဖိုင်မှာ အတုသာ ဖြစ်သည်ဟု အကြမ်းဖက်ဝါဒရေးရာ ကျွမ်းကျင်သူများက ပြောကြားကြောင်း Daily Mail သတင်းဌာနတွင် ဖော်ပြထားသည်။ ငါးမိနစ်ခန့် ရှည်လျားသော ယင်းဗီဒီယိုဖိုင်ထဲတွင် လိမ္မော်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အီဂျစ်လူမျိုး ၂၁ ဦးကို တစ်ယောက်လျှင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အကြမ်းဖက်သမား တစ်ဦးစီက ချုပ်ကိုင်ကာ ကမ်းခြေတစ်ခု တစ်လျှောက် စီတန်း လျှောက်လာသည်ကို တွေ့ရသည်။ ထို့နောက်တွင် မျက်နှာဖုံးစွပ် မပါသော ဓားစာခံများကို မျက်နှာဖုံးစွပ်ထားသည့် အကြမ်းဖက်သမားများက ဒူးထောက်စေပြီး တစ်ပြိုင်နက် ခေါင်းဖြတ် ကွပ်မျက်လိုက်သည်ကို တွေ့မြင်ရသည်။ အကြမ်းဖက်ဝါဒရေးရာ ကျွမ်းကျင် ပညာရှင်များသည် အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် ဓားစာခံများ သေဆုံးသွားသည်ကို ယုံကြည်သော်လည်း ယင်းဗီဒီယိုထဲမှ ဓားစာခံများကို ကွပ်မျက်သည့် အကြမ်းဖက်သမားများမှာ အရပ်ခုနစ်ပေခန့် ရှည်သူများ ဖြစ်နေခြင်း အပါအဝင် အချို့ရိုက်ချက်များမှာ အထူးပြုလုပ်ချက်များဖြင့် ဖန်တီးထားခြင်း ဖြစ်သည်ဟု ယူဆလျှက်ရှိသည်။ ထိုဗီဒီယိုဖိုင်ထဲတွင် ပြထားသည့်အတိုင်း ဓားစာခံများအားလုံး ကမ်းခြေတွင် တစ်ပြိုင်တည်း အသတ်ခံရခြင်း ဟုတ်၊ မဟုတ် ဆိုသည်ကိုလည်း ကျွမ်းကျင်သူများက သံသယဝင်လျက် ရှိသည်။ ထိုဗီဒီယိုဖိုင်ထဲမှ ပြကွက်များမှာ ဟောလိဝုဒ် ရုပ်ရှင်ကားများ ရိုက်ကူးသကဲ့သို့ စတူဒီယိုထဲတွင် ရိုက်ကူးပြီး နောက်ပိုင်းတွင်မှ ကမ်းခြေရှုခင်းကို ပေါင်းထည့်ထားခြင်း ဖြစ်မည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားထားသည်။ ဖလော်ရီဒါ အခြေစိုက် အကြမ်းဖက်ဝါဒ သုတေသနနှင့် သရုပ်ခွဲလေ့လာမှု ပူးပေါင်းအဖွဲ့မှ ပညာရှင် တစ်ဦးဖြစ်သူ ဗာယန်ခန်းက ယင်းဗီဒီယိုဖိုင်ထဲတွင် ဖန်တီးထားသော အထူးပြုလုပ်ချက်များထဲတွင် အမှားအယွင်း အတော်များများ တွေ့ရှိရသည်ဟု ပြောကြားသည်။ ဗီဒီယိုဖိုင်ထဲတွင် စကားပြောကြားသော အကြမ်းဖက်သမား၏ ခန္ဓာကိုယ် အရွယ်အစားနှင့် ပင်လယ် အရွယ်အစားမှာ အချိုးမကျ ဖြစ်နေသည့်အပြင် ခေါင်းဖြတ်ပြီးနောက် ပင်လယ်ရေများ အနီရောင် ပြောင်းသွားပုံမှာလည်း အထူးပြုလုပ်ချက်မှန်း ပေါ်လွင်လွန်းသည်ဟု မစ္စခန်းက ဆိုသည်။ အီဂျစ်လူမျိုး အများအပြားကို IS အကြမ်းဖက်အဖွဲ့က သတ်ဖြတ်ခဲ့ပြီးသည့်နောက်တွင် အီဂျစ်အစိုးရက အမေရိကန် ဦးဆောင်သော ချေမှုန်းရေးအဖွဲ့အနေနှင့် လစ်ဗျားရှိ စခန်းများကိုပါ တိုက်ခိုက်ပေးရန် တောင်းဆိုခဲ့သည်။'
Credit >>> Voice
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment