နာမည်ကျော် ဆေးမင်ကြောင် ထိုင်းဘုန်းတော်ကြီးရဲ့ ပွဲတော်


၂၀၀၂ ခုနှစ်က ပျံလွန်တော် မူသွားခဲ့ပြီဖြစ်တဲ့ နာမည်ကျော် ဆေးမင်ကြောင် ထိုင်းဘုန်းတော်ကြီးတပါးရဲ့ ပွဲတော်ကို မတ်လ ၇ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပြင်မှာ ကျင်းပခဲ့ပါတယ်။

ဘုန်းတော်ကြီး လောင်း ဖော် ဖန်း (Luang Phor Pern) ဟာ ၂၀၀၂ ခုနှစ်၊ ဇွန်လက ပျံလွန်တော်မူသွားခဲ့ပြီ ဖြစ်ပေမယ့် ဘုန်းတော်ကြီးကို ကိုးကွယ်ကြည်ညိုသူတွေက ဘုန်းတော်ကြီးရဲ့ပွဲတော်ကို အခုလို မတ်လမှာ နှစ်စဉ်ကျင်းပလာခဲ့တာပါ။

ဘုန်းတော်ကြီးရေးထိုးတဲ့ ဆေးမင်ကြောင်တွေဟာ ခန္ဒာကိုယ်အလှတန်ဆာ ဆင်တာထက် ယုံကြည်သူတွေအတွက်တော့ ဘေးအန္တရာယ်၊ ကျန်းမာရေး၊ လာဘ်လာဘနဲ့ ကံကောင်းစေတဲ့ တန်ခိုးကြီးဆေးမင်ကြောင်တွေလို့ ယုံကြည်ကြပါတယ်။

မတ် ၇ ရက်နေ့က ပွဲတော်ကိုတော့ ကိုးကွယ်ယုံကြည်သူ ထောင်ချီလာရောက်ခဲ့ကြပြီး ဆေးမင်ကြောင်းထိုးထားသူတချို့ ရေးထိုးထားတဲ့ တိရစ္ဆာန်ပုံတွေရဲ့ လွှမ်းမိုးခံရတဲ့ပုံတွေကို တွေ့မြင်ကြရပါတယ်။

အသက် ၄၄ နှစ်အရွယ် ချပ်ချိုင်း ဖူရဟောင်ကတော့ သူ့ခန္ဓာကိုယ်မှာ ဘုန်းတော်ကြီး ကိုယ်တိုင်ရေးထိုးထားတဲ့ ဟာနုမန်မြောက်မင်းပုံတော် ၁၇ ကောင်ရှိပြီး သူ့ကို ဘေးအန္တရာယ်တွေကနေ ကြိုတင်သတိပေးတယ်လို့ ပြောဆိုပါတယ်။

ဆေးမင်ကြောင်တွေကို ရိုးရာနည်းအတိုင်း ကြေးချောင်းနဲ့ရေးထိုးတာဖြစ်ပြီး ဆေးလိပ်ပြာအပါအ၀င် ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ထားတဲ့ မင်ရည်ကို အသုံးပြုတယ်လို့ သိရပါတယ်။

Credit >>> ဒီဗွီဘီ
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment