ကလပ်အသင်းအ တွက် ရုပ်ဆိုးလွန်း၍ ဒီမာရီယာ ကို ရီးရဲလ်မက်ဒရစ်အသင်းက ရောင်းချခဲ့သည်ဟု ဘာစီလိုနာ လက်ထောက်ဘောလုံးအားက စားဒါရိုက်တာ ကားလ်စ်ရီဆက်ခ်ျ ကပြောကြားလိုက်သည်။
ပြီးခဲ့သည့်နှစ်ကချန်ပီယံ လိဂ်တွင် ရီးရဲလ်မက်ဒရစ်အောင်မြင်မှုရအောင်ပါဝင်ကူညီခဲ့ပြီး နောက် အာဂျင်တီးနားလက်ရွေး စင်သည် ဗြိတိသျှစံချိန်ပေါင် ၈၁ ဒသမ ၈ သန်းဖြင့် မန်ယူသို့ ပြောင်းရွှေ့ခဲ့သည်။ သို့သော် ၎င်း မှာလူး ၀စ်ဗန်ဂါးလ်လက်အောက် တွင် ခြေစွမ်းပြရန် ရုန်းကန်နေရ သည်။
ရီးရဲလ်မက်ဒရစ်က ၎င်းတို့ ၏ အမှတ်တံဆိပ်နှင့် ပုံရိပ်အ အတွက် စိုးရိမ်ပူပန်မှုများမှာဒီမာရီယာထွက်ခွာသွားရခြင်း၏ အဓိက အကြောင်းရင်းဖြစ်သည် ဟု ရီဆက်ခ်ျကယုံကြည်နေ သည်။
‘‘ဖလော်ရင်တီနိုပီရက်ဇ်က ဈေးကွက်ကို လှမ်းကြည့်ပြီး လူ တိုင်းအားကျတဲ့ ကြယ်စင်စုအ သင်းတစ်သင်း အလိုရှိခဲ့တယ်’’ဟု ရီဆက်ခ်ျကပြောကြားပြီး ဆက်လက်၍ ‘‘ရော်နယ်ဒိုဟာ အသင်းရဲ့ စံပြပါပဲ။ ပီရက်ဇ်က နိုင်ငံ တကာအမှတ်တံဆိပ်တစ်ခုခုကို ရောင်းနေတာပါ’’ဟုဆိုသည်။
‘‘ဒဲလ်ဘော့စကေးနဲ့ ဒီမာရီ ယာတို့ဟာ ရီးရဲလ်အသင်းအ တွက် ရုပ်ဆိုးလွန်းနေတယ်။ တိုနီ ခရူးစ်နဲ့ ရိုဒရီဂွက်ဇ်တို့ကတော့ သူ တို့နဲ့ ခြားနားတယ်လေ’’ဟု ဘာ ကာဒါရိုက်တာကပြောသည်။.
Credit >>> 7Day
0 comments:
Post a Comment