မြောက်ဦးမြို့နယ်ရှိ ဒုက္ခသည်များ နေအိမ်တွင် ပြန်လည်နေထိုင်ရန် အုပ်ချုပ်ရေးအဖွဲ့ပြော


မာက်ဦးမြို့နယ်ရှိ ပရိန်နှင့် ယိုင်သည် ဘင်္ဂါလီဒုက္ခ သည်စခန်းမှ ဒုက္ခသည်များ မိမိ တို့၏ မူလနေအိမ်များ၌ ပြန် လည်နေထိုင်ကြရန် မြို့နယ်အုပ် ချုပ်ရေးအဖွဲ့က ညွှန်ကြားထား ကြောင်း သတင်းရရှိသည်။
 ၂၀၁၂ က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် မြောက်ဦး မြို့နယ်ရှိ ပရိန်နှင့် ယိုင်သည်ကျေး ရွာမှ နေအိမ်များမှာ မီးလောင် ဆုံးရှုံးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး နေအိမ်ဆုံးရှုံးခဲ့သူများအတွက် ဒုက္ခ သည်စခန်းနှစ်ခု ဖွင့်လှစ်ပေးခဲ့ သည်။
 ‘‘ပရိန်ကျေးရွာဒုက္ခသည် စခန်းမှာ ရှစ်ခန်းတွဲအဆောင် ၂၆ ဆောင်နဲ့ ယိုင်သည်ဒုက္ခသည် စခန်းမှာ ရှစ်ခန်းတွဲအဆောင် ၃၀ ကျော် ရှိနေပါတယ်။ ဒုက္ခသည် စခန်းဖွင့်ထားပေမယ့် တော်တော် များများက မီးလောင်သွားတဲ့နေ ရာတွေမှာ နေအိမ်တွေ ဆောက် ပြီးတော့ နေနေကြပါပြီ။ သူတို့ ကိုယ်တိုင်ကလည်း ဒုက္ခသည် စခန်းထက် ကိုယ့်အိမ်မှာ ကိုယ် ပြန်နေထိုင်ဖို့အတွက် တောင်းဆို တာကြောင့် ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်’’ မြောက်ဦးမြို့ဌာန ဆိုင်ရာ အကြီးအကဲတစ်ဦးက ပြောသည်။
 အဆိုပါ ဒုက္ခသည်စခန်းတွင် နေထိုင်သူများအနေဖြင့် အဆောင်တစ်ဆောင်လျှင် မိသားစုရှစ်စုမှ အညီအမျှ ခွဲဝေယူဆောင်ရမည်ဖြစ်ပြီး ယခုလ ၂၀ ရက် နောက်ဆုံးထားကာ မိမိနေအိမ်သို့ ပြောင်းရွှေ့နေထိုင်ကြရန် ပြောကြားထားကြောင်း ယိုင်သည်ဒုက္ခသည် စခန်းမှ ဘင်္ဂါလီတစ်ဦးက ပြော ကြားသည်။

 ဒုက္ခသည်စခန်းများတွင် မနေထိုင်ဘဲ မိမိနေအိမ်များတွင် နေထိုင်သော်လည်း ထောက်ပံ့ ပေးနေသည့် ရိက္ခာများကိုမူ ဆက်လက်ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment