မြန်မာ့ပညာရေးအပြောင်းအလဲအတွက် ကျောင်းသားများ၏ ကြိုးပမ်းအားထုတ်မှုကို We Support Myanmar Students အမည်ရှိ Facebook စာမျက်နှာဖွင့်၍ နိုင်ငံတကာမှ ၀ိုင်းဝန်းဂုဏ်ပြု


လက်ပံတန်းမြို့တွင် အကြမ်းဖက်ခံခဲ့ရ သော ဒီမိုကရေစီပညာရေး အပြောင်းအလဲအ တွက်ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့သူ မြန်မာ နိုင်ငံမှ ကျောင်းသားများအား We Support Myanmar Students  အမည်ရှိ Facebook စာမျက်နှာဖွင့်၍ နိုင်ငံတကာမှ ၀ိုင်းဝန်းဂုဏ် ပြုသူ များပြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ Facebook စာမျက်နှာတွင် အကြမ်းဖက်ခံကျောင်းသားများနှင့် ပတ် သက်၍ နိုင်ငံတကာမှ အစိုးရအဖွဲ့အစည်း များနှင့် လူမှုအဖွဲ့အစည်းများမှ ကြေညာချက် ထုတ်ပြန်မှုများကို ဖော်ပြပေးနေပြီး ပညာရေးအဖွဲ့အစည်းများအပြင် လူတစ်ဦးတစ်ယောက် ချင်းစီ၏ မြန်မာကျောင်းသားများအပေါ် ထောက်ခံမှုများကိုလည်း ဖော်ပြပေးထားသည်။ #wearemmstudents ဟူသော အတိုကောက်အမှတ်အသားဖြင့် ယင်းစာမျက်နှာပေါ်သို့ ကြေညာချက်စာသားများ၊ ဓာတ်ပုံများနှင့် ဆုတောင်းစာများ၊ အားပေးစာများကို တင်ပေးနေကြပြီး ၎င်းးတို့ အဓိပ္ပာယ်ဖော်လိုသည့်အကြောင်းအရာများကို ပို့စ်ကတ်များဖြင့် ရေးသားဖော်ပြထားကြသည်။

လက်ပံတန်းတွင် သပိတ်ကျောင်းသား များ ဖြိုခွဲခံခဲ့ရပြီးနောက် နိုင်ငံတကာမှ ကန့်ကွက်ရှုတ်ချမှုများ ထုတ်ပြန်ခဲ့ပြီးသည့်နောက်တွင် ယခုစာမျက်နှာကို စတင်ဖွင့်လှစ်လိုက်ခြင်းလည်းဖြစ်ပြီး နိုင်ငံတကာရှိ ကျောင်းသားများက ၎င်းင်းတို့၏ ထောက်ခံမှုများကို ရေးသားခဲ့ကြခြင်းလည်း ဖြစ်သည်။ အဆိုပါစာမျက်နှာပေါ်တွင် စာသားများ၊ ဓာတ်ပုံများ ဖော်ပြပေးကြသော ကျောင်းသားများမှာ အာဆီယံဒေသတွင်း နိုင်ငံများသာမက အာရှနှင့် ဂျာမနီ၊ ဗြိတိန်အစရှိသည့် ဥရောပနိုင်ငံများ နှင့် အမေရိကန်ပြည်ထောင်စုမှလည်း ပါဝင်ကြကြောင်း သိရသည်။ လက်ရှိအချိန်တွင် ယင်း စာမျက်နှာအား Like ပြုလုပ်သူ ၆၀၀၀ ကျော်ရှိနေပြီး ဆက်လက်မြှင့်တက်သွားမည်ဟုလည်း ခန့်မှန်းရသည်။
ဆုတောင်းပေးကြသော ကျောင်းသား များတွင် နိုင်ငံတကာရှိ နာမည်ကြီးတက္ကသိုလ်များတွင် ပညာသင်ကြားနေဆဲ ကျောင်းသားများပါဝင်ပြီး "ကျောင်းသားများကို လွှတ်ပေးပါ။ သူတို့ဟာ သင်တို့ရဲ့ အနာဂတ်တွေဖြစ် တယ်" "ကျောင်းသားတွေကို ငြိမ်းချမ်းခြင်းနဲ့ ရဲရင့်ခွင့်ပေးပါ" "အမှားတွေ အမှန်ဖြစ်တဲ့အခါ  ခံနိုင်ရည်နဲ့ မဆုတ်နစ်တဲ့ ယုံကြည်မှုအားဟာ တာဝန်တစ်ရပ်ဖြစ်တယ်" ဆိုသည့် ဆိုင်းဘုတ်များကိုကိုင်ဆောင်၍ ဓာတ်ပုံရိုက်ကာ မြန်မာအစိုးရအား သတိပေးခြင်းဖြင့် မြန်မာကျောင်းသားများကို အားပေးထားသော စာသားများကို ရေးသားထားကြသည်။

မတ် ၁၀ ရက်က ဖြစ်ပွားခဲ့သော ယင်းကျောင်းသားများ အကြမ်းဖက်ခံရမှုဖြစ်စဉ်တွင် ငြိမ်းချမ်းစွာတောင်းဆိုနေသည့် လက်နက်မဲ့ကျောင်းသားများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ ရက်စက်စွာ တုံ့ပြန်ခြင်းကို နိုင်ငံတကာအနေဖြင့် ကဲ့ရဲ့ ရှုတ်ချကြာင်း We Support Myanmar Students စာမျက်နှာတွင် ရေးသားထားကြသည်။ အချိန်ကာလအတိုင်းအတာတစ်ခုအထိ ပင်ပန်းဆင်းရဲခံကာ ဆန္ဒဖော်ထုတ်ခဲ့ကြသော မြန်မာကျောင်းသား များ၏ အမျိုးသားပညာရေးဥပဒေ ပြုပြင်ပေးရေးတောင်းဆိုမှုမှာ အကြမ်းဖက်နှိမ်နင်းခံရခြင်းဖြင့်သာ အဆုံးသတ်ခဲ့သည်ဟု ယင်းစာမျက်နှာအကြောင်း မိတ်ဆက်ရေးသားသည့် စာမျက်နှာတွင် ဖော်ပြထားသည်။

အဆင့်မြင့်ပညာရေးတွင် လွတ်လပ်မှုရရှိနိုင်ရေးနှင့် ပညာရေးစနစ်အပေါ် ဗဟိုချုပ်ကိုင်မှုမရှိစေရေးတို့အတွက် အန္တရာယ်ဖြစ်မည့်အချက်များကို အမျိုးသားပညာရေးဥပဒေတွင် ထည့်သွင်းရေးဆွဲထားခြင်းက မြန်မာနိုင်ငံ နိုင်ငံ့ပညာရေး၏ ပွင့်လင်းမြင်သာမှုကို များစွာထိခိုက်စေကြောင်း ရေးသားထားပြီး မြန်မာကျောင်းသားများအနေဖြင့် ယင်းအချက်အပေါ် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခြင်းသာဖြစ်သည့်အတွက် အကြမ်းဖက်ရန် လုံးဝမလိုအပ်ကြောင်း ဖော်ပြထားသည်။ ယင်းစာ မျက်နှာအား ဖွင့်ရသည့်အကြောင်းရင်းမှာ  ပွင့်လင်းမြင်သာမှုရှိသော မြန်မာနိုင်ငံပညာ ရေးပြောင်းလဲမှုကို တောင်းဆိုနေသည့် မြန်မာကျောင်းသားများကို နိုင်ငံတကာရှိ နယ်ပယ် အသီးသီးမှ အဖွဲ့အစည်းများနှင့် လူတစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် အပြည့်အ၀ ထောက်ခံကြောင်း ဖော်ပြလို၍ ဖြစ်ကြောင်း သိရသည်။
Credit >>> Eleven
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment