လွန်ခဲ့သည့် နှစ် ၁၀၀၀ ခန့်က ရွှေဒဂါင်္းများ အစ္စရေးတွင် တွေ့ရှိ


အစ္စရေးနိုင်ငံ မြေထဲပင်လယ်ကမ်းခြေမှာ ရွှေဒင်္ဂါးအမြောက်အမြားကို ရေငုတ်သမားတွေက စံချိန်တင် တွေ့ရှိပါတယ်။

လွန်ခဲ့တဲ့ နှစ် ၁ ထောင်ခန့်က ရွှေဒင်္ဂါး ၂ ထောင်လောက်ကို ဆီစာရီယာ ရှေးဟောင်းဆိပ်ကမ်းမှာ အရင်သီတင်းပတ်က တွေ့ရှိခဲ့တာလို့ ရှေးဟောင်း ယဉ်ကျေးမှု အရာရှိတွေရဲ့ ဖေဖော်ဝါရီ ၁၇ ရက် ပြောဆိုချက်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ ရေးပါတယ်။
အလေးချိန်အားဖြင့် ၉ ကီလိုရှိတဲ့ ဒင်္ဂါးပြားတွေကို ရေငုတ်သမားတွေက အရုပ် ဒင်္ဂါးတွေလို့ မှတ်ထင်ခဲ့ပေမယ့် တကယ့်ဒင်္ဂါးတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
သက္ကရာဇ် ၉၀၉ ကနေ ၁၁၇၁ ခုနှစ်မှာ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကကို အုပ်ချုပ်ခဲ့တဲ့ ဖာတီမစ်ကာလီဖိုဒ် ခေတ်က သုံးစွဲခဲ့တာလို့လည်း ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။
ဒင်္ဂါးတွေရဲ့ တန်ကြေးနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိသူတွေက ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment