မလေးရှားသို့ လာမည့်မြန်မာများ ပြစ်မှုကင်း၊ မကင်း တင်းကျပ်စွာ စစ်ဆေးမည်


မလေးရှားနိုင်ငံသို့ လာ ရောက်မည့် မြန်မာနိုင်ငံသားများ ကို ပြစ်မှုကင်းရှင်းမှုရှိ၊ မရှိ တင်းကျပ်စွာ စစ်ဆေးသွားမည်ဖြစ်ပြီး မှုခင်းကင်းရှင်းကြောင်း စစ်ဆေး ခံပြီးမှသာ ၀င်ခွင့်ရရှိမည် ဖြစ် ကြောင်း မလေးရှားပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်လိုက် ကြောင်း သတင်းရရှိသည်။
အလည်ဖြစ်စေ၊ အလုပ်ဖြင့် ဖြစ်စေ လာရောက်မည့် မြန်မာ နိုင်ငံသားများ ပြစ်မှုကင်းရှင်း ကြောင်းရှိ၊ မရှိစစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၆ ရက်က စတင်စစ်ဆေးခဲ့ကြောင်း မလေးရှား ရောက် မြန်မာများကပြောသည်။
ပီနန်မြို့တွင် ဖြစ်ပွားနေ သော မြန်မာနိုင်ငံသားများသေ ဆုံးမှုအတွက် ပါဝင်ပတ်သက် သူများကို စစ်ဆေးရန် ပြုလုပ် ခြင်းဖြစ်သည်။
‘‘မလေးရှားကို လာမယ့် မြန်မာတွေကို စစ်ဆေးတော့မယ် လို့ ဒီနေ့သတင်းမှာ တွေ့လိုက်ပါ တယ်။ စစ်ဆေးမှုတွေကတော့ အရင်ကတည်းက လုပ်ပါတယ်။  ဒါကတော့ အထူးကြပ်မတ်တဲ့ အနေနဲ့ လုပ်မှာလို့ သိရပါတယ်’’ ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံ ရုံး အလုပ်သမားရေးရာသံအရာ ရှိ ဦးမင်းမင်းဝင်းကပြောသည်။
‘‘ပီနန်မှာ ဖြစ်နေတဲ့ ပြဿ နာကို မလေးရဲတွေက မြန်မာပြည်မှာ ဖြစ်နေတဲ့ လူမျိုးရေးတွေ ကြောင့်လို့ ပြောထားတယ်။ မြန်မာတွေ သတ်ဖြတ်ခံနေရတာ လည်း အချင်းချင်းဖြစ်နေတာလို့ ပြောထားတယ်။ ပြောချင်တာက သူတို့ မလေးလူမျိုးတွေ သတ်တာ မဟုတ်ဘူးလို့ပြောလိုက်တာပဲ။ ဒါကြောင့် မလေးကို လာမယ့် မြန်မာတွေကို စစ်ဆေးရေးလုပ် တာလို့ မြင်တယ်’’ဟု မလေးရှား နိုင်ငံရောက် မြန်မာလုပ်သားများ အား ကူညီဆောင်ရွက်ပေးနေသူ ကိုမျိုးကပြောသည်။
မလေးရှားနိုင်ငံ၊ ပီနန်မြို့ တွင် ယခုနှစ်အတွင်း မြန်မာလုပ် သား ၂၃ ဦးအသတ်ခံရမှုနှင့် ပတ် သက်၍ မလေးရှားရဲတပ်ဖွဲ့က သီ တင်းတစ်ပတ်အတွင်း သံသယရှိ သူ မြန်မာနိုင်ငံသား ၁၅ ဦးအားဖမ်းဆီးထားသည်။
ဒီဇင်ဘာ ၂ ရက်တွင် ပီနန် မြို့၌ လူခန္ဓာကိုယ်အပိုင်းအစများ ခွေးဆွဲလာသည်ကို တွေ့ရှိရာမှ မလေးရှားရဲတပ်ဖွဲ့က သံသယရှိ သော မြန်မာနိုင်ငံသား နှစ်ဦးငှား ရမ်းနေထိုင်သည့် အိမ်တစ်အိမ် သို့ ဒီဇင်ဘာ ၅ ရက်၌ ၀င်ရောက် ဖမ်းဆီးခဲ့သည်။ နိုဝင်ဘာ ၂၄ ရက်ကလည်း ပီနန်မြို့ ဘူးကစ်မတာ ဂျမ်ရပ်ကွက်ရှိ စားသောက်ဆိုင် တစ်ဆိုင် အနီး၌ ခန္ဓာကိုယ်၊ ဦးခေါင်းတစ်လုံး ဂုန်နီအိတ် အတွင်း၌ ပစ်ထားသည်ကို မလေးရှားရဲတပ်ဖွဲ့က တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

မလေးရှားနိုင်ငံတွင် တရား မ၀င်နေထိုင်သော မြန်မာနိုင်ငံ သားများ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးပြန်ရန် မလေးရှားအစိုးရက ကြေညာထားသည်။ ဖမ်းဆီးခံရ ပါက (3+1)စီမံချက်အရ ထောင် သုံးလနှင့် ကြိမ်ဒဏ်တစ်ချက်ချ မှတ်ခံရမည်ဟု ကြေညာချက်၌ ဖော်ပြသည်။

Credit >>> 7 Day
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment