ပီးရူး နယ်စွန်ရွာ တွေကို ဒေသခံ အင်ဒီယန်း လူမျိုးစု လုယက်


ပီရူး နိုင်ငံ အာမေဇုန် ဒေသ နယ်စွန် ရွာ တခုမှာ ဒေသခံ အင်ဒီးယန်း မျိုးနွယ်စု တခုက ၀င်ရောက် လုယက်လို့ ရွာသားတွေကို ပြောင်းရွှေ့ ပေးခဲ့ရပါတယ်။

မွန်တီ ဆာလ်ဗာဒို ဆိုတဲ့ ရွာကို၊ လေးနဲ့ မျှား တွေ ကိုင်ဆောင် ထားတဲ့ မက်ရှ်ကိုပီရို (Mashco-Piro) လူမျိုးစု ၀င် လူ ၂၀၀ လောက်က စားနပ်ရိက္ခာ ရှာဖွေဖို့ ရောက်လာခဲ့ကြ တာပါ။

သူတို့က ရွာထဲမှာ မွေးမြူထားတဲ့ တိရိစ္ဆာန်တွေကို သတ်ဖြတ် ယူဆောင်သွား ခဲ့ပြီး၊ အိုးခွက် နဲ့ တခြား သတ္တုပစ္စည်း တွေကိုလည်း သယ်သွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်မှာ ဒဏ်ရာရသူ မရှိပေမယ့် ရွာသားတွေကို အန္တရာယ်ကင်းအောင် ရဲတွေက အနီးအနားက မြို့ပေါ်ကို ပြောင်းရွှေ့ပေးခဲ့ပါတယ်။

မက်ရှ်ကို ပီရို လူမျိုးစုတွေဟာ အရင်ကလည်း ဒီရွာကို လာရောက်လုယက် ခဲ့ဘူးပြီး အခုတကြိမ်ဟာ ဒီနှစ်အတွင်း တတိယမြောက် ဖြစ်ပါတယ်။

ဒေသခံ လူမျိုးစုတွေကို ကာကွယ်စောင့်ရှောက်တဲ့ Fenamed ဆိုတဲ့အဖွဲ့က၊ သစ်ထုတ်လုပ်မှုနဲ့ မူးယစ်ဆေးဂိုဏ်းတွေ ရဲ့လှုပ်ရှားမှု တွေကြောင့် မက်ရှ်ကို ပီရို လူမျိုးစုတွေ နေထိုင်တဲ့ ဒေသတွေ ကျဉ်းမြောင်းလာနေ တာကို အကာအကွယ် ပေးဖို့ ပီရူး အစိုးရကို တိုက်တွန်းထား ပါတယ်။

Credit >>> BBC Burmese
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment