ရဲနှစ်ဦး ပစ်သတ် ခံရမှု အိုဘားမား ရှုတ်ချ



                                     သေဆုံး သွားတဲ့ ရဲ တွေကတော့ အာရှနွယ်ဖွား တဦးနဲ့ လက်တင် အမေရိက နွယ်ဖွား တဦးတို့ ဖြစ်



အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့လယ်က ပတ်တရောင် လှည့်တဲ့ ကားထဲမှာ ထိုင်နေ ကြတဲ့ ရဲ အရာရှိ ၂ ဦး ပစ်သတ် ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမား က ရှုတ်ချ လိုက်ပါ တယ်။

နယူးယောက် မြို့ ရဲမင်းကြီး Bill Bratton ကတော့ ယူနီဖေါင်း ဝတ်ထားတဲ့ ရဲ အရာရှိ တွေကို ပစ်မှတ်ထား သတ်ဖြတ် သွားတာလို့ ပြောပါတယ်။

နယူးယောက်မြို့ ဘရွတ်လင် မြို့နယ် ထဲမှာ အခုလို ပစ်သတ်မှု ဖြစ်ပွား ခဲ့တာ ဖြစ်ပြီး ၊ သနတ် သမားဟာ လူမည်း ဖြစ်တယ်လို့ အာဏာပိုင် တွေက ပြောပါတယ်။ သေနတ် သမားဟာ ရဲတွေကို ပစ်သတ်ပြီး သူ့ကိုယ်သူ လည်း အဆုံး စီရင်သွား ပါတယ်။

သေဆုံး သွားတဲ့ ရဲ အရာရှိတွေ ကတော့ အာရှနွယ်ဖွား တဦးနဲ့ လက်တင် အမေရိက နွယ်ဖွား တဦးတို့ ဖြစ်ပါတယ်။

အခုလို သတ်ဖြတ်မှု မဖြစ်ခင်၊ အရင်တုန်းက အဲရစ်ခ် ဂါနာ ဆိုသူ လူမည်း တဦးကို စီးကရက် ရောင်းတယ် ဆိုပြီး လူဖြူ ရဲက ဖမ်းဆီး စဉ် အဲရစ်ဂါနာ သေဆုံး သွားခဲ့ ရတာကို လက်စား ချေဖို့ ဖြစ်တယ် ဆိုပြီး အွန်လိုင်းမှာ သေနတ် သမားက ကြေညာ ထားခဲ့တာ ဖြစ်ပါတယ်။

Credit >>> ဘီဘီစီ (မြန်မာပိုင်း)

Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment