ရန်ကုန် - သံလွင်မြစ်ပေါ်တွင် ပြု လုပ်မည့် ရေအားလျှပ်စစ်စီမံကိန်း များ
ရပ်တန့်ရန် ဒေသခံများ၏ ကန့်ကွက်လက်မှတ်များနှင့် အိတ် ဖွင့်ပေးစာကို
လျှပ်စစ် ၀န်ကြီးဌာနနှင့် တရုတ်၊ ထိုင်းသံရုံးများသို့ ပေးပို့သွားမည်ဟု
သတင်းရရှိ သည်။
သံလွင်မြစ်ပေါ်တွင် ဆောက်လုပ်မည့် ရေကာတာစီမံကိန်းများ ရပ်တန့်စေရန် ၂၀၁၃ ဇန်န၀ါရီ မှစတင်၍ သံလွင်မြစ်ဝှမ်းတစ် လျှောက်ဒေသများတွင် ကန့်ကွက် လက်မှတ်ရေးထိုးခြင်း လှုပ်ရှားမှုစတင်ပြုလုပ်ခဲ့သည်။
ရေကာတာများရပ်တန့်စေ ရေး ကန့်ကွက်လက်မှတ်များကို သံလွင်မြစ်တစ်လျှောက်ရှိ ဒေသခံပြည်သူ ၆၁,၀၀၀ ဦးက လက် မှတ်ရေးထိုးခဲ့ပြီး နိုင်ငံရေးအဖွဲ့အ စည်းပေါင်း ၁၃၁ ဖွဲ့ကလည်း ဆန္ဒပြုထောက်ခံခဲ့ရာ ယင်းကန့် ကွက် လက်မှတ်များ စုစည်း၍ လျှပ်စစ်ဝန်ကြီးဌာန၊ တရုတ်သံရုံး နှင့် ထိုင်းသံရုံးသို့ ပေးပို့မည်ဟု မြန်မာနိုင်ငံမြစ်ချောင်းများ ကွန်ရက်မှ ကိုစောသာဘိုးက ဆက်လက်ပြောသည်။
ထို့အပြင် ပြည်တွင်းငြိမ်းချမ်း ရေးမရရှိမီကာလအတွင်း ရေကာတာများ တည်ဆောက်မည်ဆိုပါ က ပဋိပက္ခကို ပိုဆိုးရွားစေနိုင်ပြီး ဒေသခံများ၏ အခွင့်အရေးချိုး ဖောက်မှုများ ပိုဖြစ်ပေါ်စေသော ကြောင့် ချက်ချင်းရပ်တန့်ထားရန် အိတ်ဖွင့်ပေးစာ တစ်စောင်ကို လည်း ရေကာတာဆောက်လုပ် မည့် ကုမ္ပဏီများသို့ ပေးပို့တောင်း ဆိုသွားမည်ဟု ၎င်းက ပြောသည်။သံလွင်မြစ်တွင် ရေကာတာ ခြောက်ခုတည်ဆောက်ရန်ရှိပြီး ယင်းရေကာတာများမှ ထွက်ရှိ လာသည့် လျှပ်စစ်ဓာတ်အားများ မှ ၉၀ ရာခိုင်နှုန်းမှာ ပြည်ပနိုင်ငံများရရှိမည်ဖြစ်ရာ ဒေသခံတိုင်းရင်းသားများမှာ မည်သည့်အကျိုး အမြတ်မှ ခံစားရခြင်းမရှိဟု မြန်မာနိုင်ငံ မြစ်ချောင်းများကွန်ရက်မှ အဖွဲ့ဝင်များက ဆိုသည်။
သံလွင်မြစ်ကြောင်းတစ် လျှောက်တွင် ရေကာတာစီမံကိန်း များ လုပ်ဆောင်ရန် အစပြုချိန်မှစ၍ နယ်မြေရှင်းလင်းမှုများ ကြောင့် တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကြား ပဋိပက္ခများဖြစ်ပွားခဲ့ပြီး ဒေသခံ တစ်သိန်းကျော်မှာ နေရပ်မှ ရွှေ့ ပြောင်းခဲ့ရသည်။
ထို့အပြင် ၂၀၁၄ အောက် တိုဘာအတွင်း ဟက်ကြီးရေကာတာအနီးတွင် နယ်ခြားစောင့် တပ်နှင့် မြန်မာစစ်တပ်တို့မှ ဒီကေဘီအေသို့ ထိုးစစ်ဆင်မှုများပြု လုပ်ခဲ့သည့်အတွက် ဒေသခံပြည် သူ ၂,၀၀၀ မှာ နေရပ် စွန့်ခွာခဲ့ရကြောင်း သတင်းရရှိသည်။
သံလွင်မြစ်ပေါ်ရှိ စီမံကိန်းများတွင်မိုင်းတုံရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်ဓာတ်အား၇,၁၁၀ မဂ္ဂါဝပ်ထွက်ရှိမည်ဖြစ်ပြီး ကွမ်းလုံရေကာတာမှ ၁,၄၀၀ မဂ္ဂါဝပ်၊ နောင်ဖရေကာတာမှ ၁,၂၀၀ မဂ္ဂါ ၀ပ်၊ မန်တောင်းရေကာတာမှ ၂၂၅ မဂ္ဂါဝပ်၊ ကယားပြည်နယ်ရွာသစ်ရေကာတာမှ ၄,၀၀၀ မဂ္ဂါဝပ်နှင့် ကရင်ပြည်နယ် ဟက်ကြီးရေကာတာမှ ၁,၃၆၀ မဂ္ဂါဝပ်ထွက်ရှိမည် ဖြစ်ပြီး လျှပ်စစ်ဝန်ကြီးဌာန၊တရုတ်၊ ထိုင်းကုမ္ပဏီများအပြင် မြန်မာနိုင်ငံမှ IGOEC ၊ ရွှေတောင်ကုမ္ပဏီနှင့် အေးရှားဝေါကုမ္ပဏီတို့က အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်သည်။
Credit >>> 7 Day

0 comments:
Post a Comment