ဒုက္ခသည်စခန်းတွင် လုပ်အားပေးနေသော ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့် အသတ်ခံရ



ရှမ်းပြည်နယ် ပန်ဆိုင်း မြို့ ကောင်းခါးကျေးရွာရှိ ကချင် စစ်ဘေးဒုက္ခသည်စခန်းတွင်လုပ် အားပေး စာသင်နေသည့်ကျောင်း ဆရာမနှစ်ဦး အဓမ္မပြုကျင့်ကာ အသတ်ခံရကြောင်းသတင်းရရှိ သည်။
ဇန်နဝါရီ ၂၀ ရက် နံနက် အစောပိုင်းက ကောင်းခါးကျေး ရွာအနီးတွင် စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦးစလုံး သေဆုံးလျက် တွေ့ရခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က စတင်စစ်ဆေးနေကြောင်း ရှမ်း ပြည်နယ် ဒုတိယပြည်နယ်ရဲတပ် ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။
‘‘စစစ်နေပြီ။ ပိတ်ဆို့ဖမ်းဆီး ဖို့လုပ်နေပြီ။ ရုပ်အလောင်းတွေ ကို အခုပဲမူဆယ်ဆေးရုံမှာရင်ခွဲ စစ်နေတယ်’’ ဟု ပြောသည်။ တရားခံတစ်ဦးထက်ပိုနိုင်ကြောင်း သုံးသပ်ပေးသော်လည်း စစ်ဆေး နေဆဲဖြစ်သောကြောင့် ဖြစ်စဉ် အသေးစိတ်ကိုမပြောနိုင်သေး ကြောင်း ပြောသည်။
ကျောင်းဆရာမလေးနှစ်ဦးမှာ အသက် (၂၀)ဝန်းကျင်သာရှိသေးပြီး ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်(KBC) က ဒုက္ခသည်စခန်းတွင်စာသင်ရန် ခန့်အပ်ထားခြင်းဖြစ်သည်။ တစ်ဦးမှာ ဝိုင်းမော်မြို့ဇာတိဖြစ်ပြီး ကျန်တစ်ဦးမှာ မြစ်ကြီးနားမြို့မှ ဖြစ်ကြောင်း သတင်းရရှိသည်။
ဒေသဖွံ့ဖြိုးရေးအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသည့် ကျောင်းဆရာမနှစ်ဦး ယခုကဲ့သို့ ကျူးလွန်ခြင်းခံရသည့်အပေါ် စိတ်မကောင်းဖြစ်မိပြီး အမှုမှန်အမြန် ဖော်ထုတ်ပေးစေလိုကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်(KBC) တာဝန်ရှိသူတစ်ဦးကပြောသည်။ ဒေသခံ ဦးစိုင်းအေးက ပန်ဆိုင်းမြို့ နှင့်အနီးတစ်ဝိုက်တွင် မူးယစ်ဆေးကြောင့် လေလွင့်ပျက်စီးနေသူ များစွာရှိနေပြီး လုံခြုံမှုမရှိကြောင်းပြောသည်။

Credit >>> 7 day
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment