ဂျီဟတ် စစ်သွေးကြွ အုပ်စုဖြစ်သည့် အိုင်အက်စ်အဖွဲ့ကို ကိုင်တွယ်ဖြေ ရှင်းနိုင်ရေး အတွက် နိုင်ငံပေါင်း ၂၁နိုင်ငံမှ အဆင့်မြင့် အရာရှိ ကြီးများတွေ့  ဆုံဆွေးနွေးကြရန် လန်ဒန်မြို့သို့ စုရုံး ရောက်ရှိနေ ပြီဖြစ်သည်။
ထိုအဆင့်မြင့် အရာရှိကြီး များတွေ့  ဆုံမှုသည် အမေရိ ကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနှင့် အီရတ်ဝန်ကြီးချုပ်တို့  ပါဝင်ကြသည့် တစ်ရက်တာ ညီလာခံ၏ တစ်စိတ် တစ်ပိုင်း လည်းဖြစ် သည်။
အိုင်အက်စ်အဖွဲ့ ထံသို့ လူသစ်များနှင့် ငွေအင်အား စီးဝင်ရောက်ရှိနေမှုကို တန့်ရပ်သွားအောင် မည်သို့ လုပ်ဆောင် မည်ဆိုသည်ကို အဆိုပါ အဆင့်မြင့် အရာရှိ ကြီးများက ဆွေးနွေးကြ မည်ဖြစ်သည်။
မြေပြင်တွင် အိုင်အက်စ်တို့ နှင့် ထိပ်တိုက် တိုက်ပွဲဖြစ်နေသည့် တပ်ဖွဲ့ များကို ပိုမိုထောက်ပံ့ရေးနှင့် လူသားချင်း စာနာမှုအကူအညီများ ပိုမို ဖြည့်ဆည်းသွားရေးတို့ အတွက်လည်း ၎င်းတို့ က ဆွေးနွေးသွားကြမည်ဖြစ်သည်။
Credit >>> Mizzima
0 comments:
Post a Comment