ယူကရိန်းလေယာဉ်မှူး
ဗိုလိုရှင်းကို မလေးရှား ခရီးသည်တင် လေယာဉ် MH 17အား ပစ်ချသူအဖြစ်
စစ်ဆေးရန် ရုရှားကတောင်းဆိုထားသည်။ ဓာတ်ပုံ Mail Online
ခရီးသည် ၂၉၈ ဦးစလုံးသေ ဆုံးခဲ့သည့် မလေးရှားလေကြောင်းလိုင်းလေယာဉ် MH17
ကို ပစ်ချခဲ့သူဟု ရုရှားထောက်ခံသည့် သူပုန်များ ကစွပ်စွဲ ထားသော
ယူကရိန်းလေတပ်မှ လေယာဉ်မှူး၏ ဓာတ်ပုံထွက်ပေါ်လာခဲ့ပြီး ရုရှားနိုင်ငံကလည်း
ယင်းလေယာဉ်မှူးကို မုသားဖော်စက်ဖြင့် စစ်ဆေးပေး ရန်တောင်းဆို
လိုက်ပြီဖြစ်သည်အသက် ၂၀ ဝန်းကျင်သာရှိသေး သည့်လေယာဉ်မှူး ဗလာ ဒီစလက်ဗ် ဗိုလိုရှင်းသည် MH17 လေယာဉ်ပေါက် ကွဲမှုဖြစ် ခဲ့သည့် ဇူလိုင် ၁၇ရက်ကဝေဟင် မှဝေ ဟင်ပစ် ဒုံးကျည်များ ပါရှိသည့် တိုက်ခိုက်ရေးလေယာဉ် တစ်စင်းဖြင့် ပျံတက်သွား ခဲ့သည်ဟု အမည်လျှို့ ဝှက် ထားသည့် မျက်မြင် တစ်ဦးက စွပ်စွဲပြော ထားခြင်းဖြစ်ပြီး ယခုတွင် ဗိုလိုရှင်း၏ ဓာတ်ပုံကို ရရှိကာ ဖော်ပြနိုင်ခြင်းဖြစ်သည်။
ဘိုရင်း ၇၇၇လေယာဉ်ဖြစ်သည့် MH17 လေယာဉ် ကောင်းကင် တွင်ပေါက် ကွဲသွား ခဲ့ပြီးနောက် တွင် ဗိုလိုရှင်း ကမြေ သို့ပြန်လည် ဆင်းသက် လာချိန် တွင်ကြောက် လန့်တ ကြားဖြစ်ကာ မျက်စိမျက်နှာ ပျက်နေကြောင်း၊ တိုက်လေယာဉ်တွင် ပါရှိသွား ခဲ့သည့် ဒုံးကျည် များလည်း ပြန်မ ပါလာ ခဲ့ကြောင်း၊ ၎င်းက မှားပြီး အကြီး အကျယ်ကို မှားပြီ ဟုလည်း ပါးစပ်က တဖွဖွ ရွတ်နေ ခဲ့ကြောင်း ယင်းလျှို့  ဝှက်မျက်မြင် သက်သေ ကပြောသည်။
ယင်းမျက်မြင်သည်ယူကရိန်းစစ်တပ်မှ စစ်အမှုထမ်းတစ်ဦးဖြစ်ခဲ့ပြီး လက်ရှိတွင် ရုရှားနိုင်ငံက ၎င်းကို အစောင့် အကြပ်ဖြင့် လျှို့ ဝှက်ရာတွင် ထားရှိထားခြင်းဖြစ် သည်။
အက်ဖ်ဘီအိုင်နှင့် တန်းညီသည့် ရုရှားထောက်လှမ်းရေးကော်မတီက ဗိုလိုရှင်းကို မုသားဖော်စက်ဖြင့် စစ်ဆေးပေးရန်နှင့် ပုံမှန်စစ်ကြောရေး ဝင်ရန်တောင်းဆို ထားပြီးဖြစ်သည်။
Credit >>> MizzimaBurmese
0 comments:
Post a Comment