ယမန်နေ့ကကစားသော ဘောလုံးပွဲစဉ်များတွင် ဘိုင်ယန် က ပါဒါဘွန်ကို ခြောက်ဂိုးပြတ်အ နိုင်ရရှိကာ ဘာကာနှင့် မန်ယူတို့ ရှုံးပွဲတွေ့ခဲ့ကြသည်။
ဘိုင်ယန်နှင့် ပါဒါဘွန်တို့ ပွဲ တွင် ရော်ဘင်က နှစ်ဂိုးသွင်းပြီး နှစ်ဂိုးဖန်တီးပေးခဲ့ကာ ဆယ် ဦးကျန် ပါဒါဘွန်ကို ခြောက် ဂိုးပြတ်နိုင်ကာ ဘွန်ဒက်စ်လီဂါ ထိပ်ဆုံး၌ အခြားအသင်းများကို ၁၁ မှတ်ဖြတ်ထားလိုက်သည်။
မာလာဂါမှ ဂျူဘန်မီက ဘာစီလိုနာနှင့် ပွဲချိန် ခုနစ်မိနစ် တွင် ဂိုးသွင်းခဲ့ရာ ဘာစီလိုနာ၏ ချန်ပီယံဖြစ်ရေး ကြိုးပမ်းမှုကို ကြီးမားသော ထိုးနှက်ချက်ဖြစ်စေခဲ့ သည်။ အဲလ်ဗက်စ်၏အမှားကို မာလာဂါတိုက်စစ်မှူးက အခွင့် ကောင်းယူခဲ့ခြင်းဖြစ်သော်လည်း ဘာကာ၏ ထက်မြက်သော တိုက်စစ်က တစ်လုံးတည်းသော ဂိုးကို မချေပနိုင်ခဲ့ပေ။
ပရီးမီးယားလိဂ်တွင် မန်ယူ မှာ ဆွမ်ဆီးကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့် ခဲ့ပြီး ချန်ပီယံလိဂ်နေရာတိုက်ပွဲ ၀င်မှု တုံ့ဆိုင်းသွားခဲ့ရသည်။ မန် ယူ၏ ဟာရီရာသွင်းယူသော ၂၈ မိနစ်ဂိုးကို ဆွန်ယောင်းက မိနစ် ၃၀ တွင် ချေဖျက်ခဲ့ပြီး ၇၃ မိနစ် တွင် ဂိုမစ်က ဆွမ်းဆီးအတွက် အနိုင်ဂိုးသွင်းယူခဲ့သည်။
အခြားပွဲစဉ်များတွင် ချယ်လ်ဆီးက ဘန်လေနှင့် တစ်ဂိုးစီ သရေကျကာ အာဆင်နယ်က ခရစ္စတယ်ပဲလေ့စ်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့သည်။ စီးရီးအေတွင် ဂျူဗင်တပ်က အတ္တလန်တာကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
Credit >>>> 7Day
0 comments:
Post a Comment