ကြက်ခြေနီအမှတ် တံဆိပ်ပါသော ယာဉ်တန်းကိုတိုက်ခိုက်သော အဖွဲ့သည် ကိုး ကန့်တိမ်းရှောင်အဖွဲ့ဖြစ်ပြီး ဥပ ဒေအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကာကွယ်ရေးဦး စီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ် ချုပ်ကြီး မြထွန်းဦးကပြောသည်။
‘‘အပြည်ပြည်ဆိုင်ရာ ဥပဒေ သဘောတရားအရ နိုင်ငံတကာ မဟုတ်တဲ့ လက်နက်ကိုင်ပဋိပက္ခ တွေမှာ စစ်ပွဲဆိုင်ရာဥပဒေတွေကိုချိုးဖောက်သူတွေဟာ ပြည်တွင်း ဥပဒေတွေနဲ့ အရေးယူရမှာဖြစ်ပါ တယ်’’ဟု ဖေဖော်ဝါရီ ၂၁ ရက်က ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ဘုရင့်နောင်ရိပ်သာ ခန်းမတွင် ကျင်းပသော ကိုးကန့်သောင်း ကျန်းသူ သမိုင်းကြောင်းနှင့် လောက်ကိုင်ဒေသကို ကိုးကန့် သောင်းကျန်းသူများ ၀င်ရောက် တိုက်ခိုက်မှုဖြစ်စဉ်အား ရှင်းလင်း ပွဲ၌ သတင်းထောက်တစ်ဦးက မေးမြန်းမှုအပေါ် ပြန်လည်ဖြေ ကြားခဲ့ခြင်းဖြစ်သည်။ ကိုးကန့် တိမ်းရှောင်အဖွဲ့သည် ယင်းဒေသ တွင် အုပ်ချုပ်ခွင့်အာဏာရရှိရေး အတွက် ကျူးကျော်တိုက်ခိုက် ခြင်းဖြစ်ခြင်း၊ ဒေသခံများပြောကြားချက်အရ ကြက်ခြေနီအဖွဲ့များကို တိုက်ခိုက်သည့်အဖွဲ့မှာ ယင်းအ ဖွဲ့သာ ဖြစ်နိုင်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးကပြော သည်။ ဖေဖော်ဝါရီ ၁၇ ရက်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ လောက်ကိုင်နှင့် ချင်းရွှေဟော်မြို့ ကြားတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ကယ်ဆယ်ရေး ယာဉ် တန်းသွားလာနေစဉ် တိုက်ခိုက်ခံ ခဲ့ရပြီး စေတနာ့ဝန်ထမ်းကြက်ခြေ နီနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
Credit >>> 7Day
0 comments:
Post a Comment