အိန္ဒိယတွင် ၀က်တုပ်ကွေးကြောင့် သေဆုံးသူ ၇၀၀ ကျော်ပြီ


အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်က စတင်ဖြစ်ပွားခဲ့တဲ့ ၀က်တုပ်ကွေး ရောဂါကြောင့် သေဆုံးသူ ၇၀၀ ကျော်သွားပြီဖြစ်တာကြောင့် အိန္ဒိယကျန်းမာရေး အာဏာပိုင်တွေ ရောဂါထိန်းချုပ်ရေး လုံးပန်းနေရပါတယ်။

ပြီးခဲ့တဲ့ တပတ်အတွင်း ရောဂါကူးစက်ခံရသူ ၂ ဆတိုးလာပြီး ၁၁၀၀၀ ကျော် ရှိသွားပါပြီ။ နိုင်ငံမြောက်ပိုင်းက ရာဒျတ်စတန် Rajasthan ပြည်နယ်မှာ အဓိကဖြစ်ပွားတယ်လို့ ဆိုပါတယ်။

အစိုးရက ရောဂါကာကွယ် ကုသဆေး အချိန်မီ မဖြန့်ဖြူးနိုင်လို့ အခုလိုကူးစက်ကုန်တာလို့ ပြစ်တင်နေကြပါတယ်။

ကျန်းမာရေးဝန်ကြီးကတော့ ဒီဝက်တုပ်ကွေးရောဂါအခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး သိပ်မစိုးရိမ်ကြဖို့ ပြောဆိုပါတယ်။

အခုနှစ် ဆောင်းရာသီအပူချိန်ကျတာကြောင့် ဒီရောဂါဖြစ်ပွားရတာလို့ ရောဂါကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဒီဝက်တုပ်ကွေးရောဂါကို ဖြစ်ပွားစေတဲ့ H1N1 ဗိုင်းရပ်စ်ဟာ ၂၀၀၉ ခုနှစ်က မက္ကဆီကိုနိုင်ငံမှာ စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာတ၀န်း ပျံ့နှံ့ခဲ့တာပါ။

Credit >>>ဒီဗွီဘီ
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment