တရုတ်နိုင်ငံအတွင်း ကိုးကန့်တပ်များ ခြေကုပ်မယူနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် မြန်မာအစိုးရတောင်းဆို

လောက်ကိုင်ဒေသတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာယူထားစဉ် (ဓာတ်ပုံ − စိုးဇေယျာထွန်း/ရိုက်တာ)

ကိုးကန့်လက်နက်ကိုင် များ တရုတ်နိုင်ငံတွင် ခြေကုပ်ယူ ၍ နိုင်ငံကျော်ဖြတ်တိုက်ခိုက်ခြင်း များ မပြုလုပ်နိုင်ရန် တရုတ်နိုင်ငံ ၏ ပူးပေါင်းဆောင်ရွက်မှုကို မြန်မာအစိုးရက တောင်းဆိုထားကြောင်း သတင်းရရှိသည်။

‘‘နယ်စပ်လုံခြုံရေးနဲ့ တည် ငြိမ်ရေးအတွက် ကျွန်တော်တို့ နှစ်နိုင်ငံအပြန်အလှန် ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်ဆိုတာကို ပြောထားတယ်။ အခုဟာက ပဋိ ပက္ခဖြစ်နေတဲ့အချိန်ဆိုတော့ လူ တွေက ဟိုဘက်ပြေး၊ ဒီဘက် ပြေး ဖြစ်နေတယ်။ ဟိုဘက်မှာ မှားပြီး ပါသွားတဲ့ မြန်မာနိုင်ငံသား တွေကို ကာကွယ်ဖို့ ပြောသလို သူတို့ဘက်ကလည်း ဒီဘက်ကို ရောက်နေတဲ့ တရုတ်နိုင်ငံသား တွေကို အကူအညီပေးဖို့ ပြော တယ်။ ပဋိပက္ခဖြစ်နေတဲ့နေရာက အကျိုးစီးပွားက နှစ်နိုင်ငံစလုံးနဲ့ သက်ဆိုင်နေတယ်။ လောလော ဆယ် သံတမန်နည်းအရ ပြောနေ ပါတယ်’’ဟု သမ္မတရုံးညွှန်ကြား ရေးမှူး ဦးဇော်ဌေးက ပြောသည်။
တရုတ်နိုင်ငံ ဘေဂျင်းအစိုး ရကမူ မည်သည့်လက်နက်ကိုင် အဖွဲ့ကိုမှ နိုင်ငံအတွင်း နေရာပေး ထားခြင်း မရှိကြောင်း ငြင်းဆိုခဲ့ ပြီး တိုက်ပွဲများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် တုံ့ပြန်ပြောကြား သည်။ လက်ရှိတွင် ကိုးကန့်တိုက် ပွဲများကြောင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ စစ်ရှောင်ဒုက္ခသည် ၄,၀၀၀ ခန့်ကို လက်ခံထားရ သည်။
တရုတ်နိုင်ငံ အနေဖြင့် အောက်ခြေအဆင့်တွင် ပါဝင် ပတ်သက်မှု ရှိနေပြီး ဗဟိုအစိုးရ ၏ မူဝါဒနှင့် မပတ်သက်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်က နေပြည် တော်ကာကွယ်ရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲ၌ ဒုတိ ယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။ ထို့ပြင် ဖုန်ကြား ရှင်နှင့် တိုက်ပွဲတွင် မိုင်းလား၊ ၀၊တအောင်း(ပလောင်)၊ SSA လက်နက်ကိုင်အဖွဲ့များ ပါဝင်ပတ် သက်နေကြောင်း ၎င်းကပြော ကြားခဲ့သည်။
‘‘ကိုးကန့်နောက်မှာ အနီး ကပ်ဆုံးရှိနေတာ တရုတ်မဟုတ် ပါဘူး။ ၀နဲ့ မိုင်းလားပါ။ အင် အား ၃,၅၀၀ လောက်ရှိတဲ့ မိုင်း လားအဖွဲ့ ခေါင်းဆောင်စိုင်းလင်း ခေါ် လီမင်းရှင်က ဦးဖုန်ကြားရှင် သမက်ပါ။ ဦးဖုန်ကြားရှင် တရုတ် ကို ထွက်ပြေးစရာ မလိုဘဲ ၀နဲ့ မိုင်းလား လက်ယာရံ၊ လက်ဝဲရံ နှစ်ဖက်နဲ့ အခြေချလို့ ရပါတယ်’’ ဟု တရုတ်-မြန်မာနယ်စပ် စစ် ရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောသည်။
မိုင်းလားတွင် အခြေချရင်း ထိုဒေသသို့ တရုတ်နိုင်ငံသားများ က ဖုန်ကြားရှင်တပ်ဖွဲ့များအားလာရောက်လေ့ကျင့်ပေးခြင်းဖြစ် ကြောင်း နိုင်ငံရေးဆောင်းပါးရှင် ဦးခင်မောင်ကျော်က ပြောသည်။
‘‘စိုင်းလင်းက ၀ိနည်းလွတ် အောင်လို့ မိုင်းလားရဲ့ အစွန်မှာ ရှိတဲ့ မုန်းရောင်းကွင်းအမြင့်ကြီး မှာ ဖုန်ကြားရှင်ကို နေရာချထားပေးတာ။ တပ်အင်အား ၂,၀၀၀ လောက်ရှိတယ်။ သူတို့ကို တရုတ်က လေ့ကျင့်ပေးတယ်။ ဒီတရုတ် တွေက In Service တွေလားဆို တာတော့ မသေချာဘူးပေါ့’’ဟု ၎င်းက ပြောသည်။
ဖုန်ကြားရှင်ကို ၀ရမ်းထုတ်သည့် အဆင့်ရောက်သည်အထိ နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းနေခြင်း မရှိသေးသော်လည်း နှစ်ဖက်သံတမန် နည်းလမ်းအရ နယ်စပ်အရေးကို ညှိနှိုင်းဆွေးနွေးနေကြောင်း သမ္မတရုံးက ဆိုသည်။ ဦးဖုန်ကြားရှင်အနေဖြင့် တရုတ်နိုင်ငံတွင်း တိမ်းရှောင်လာပါက မြန်မာနိုင်ငံသို့ ဖမ်းဆီးလက်လွှဲပြောင်းသင့်ကြောင်း သမ္မတရုံးက ပြောကြားထားသည်။
 
Credit >>> 7Day
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment