White Card ဆိုသော အသံမထွက် စေသည့် အထိ တိုက်ယူ သွားမည် ဖြစ်ကြောင်း ဆရာတော် ဦးဝီရသူပြောကြား

White Card  ဖြင့် ဆန္ဒမဲ ပေးခွင့်ပြု ခြင်းသည် အစိုးရ၏ အားနည်းချက် ဖြစ်ပြီး၊ White Card ဆိုသော အသံမထွက် စေသည့် အထိ တိုက်ယူ သွားမည် ဖြစ်ကြောင်း ဆရာတော် ဦးဝီရသူက The Messenger Meida သို့ ယမန်နေ့က မိန့်ကြား လိုက်သည်။ ဒီဟာ ခွင့်ပြု လိုက်ရင်အပြင် တံတိုင်းကြီး ကျိုးသွား တာပေါ့။ ဦးပ္တွင်းတို့ မျိုးစောင့် ဥပဒေနဲ့ တားလည်း ဘယ်တော့မှ ရမှာ မဟုတ် တော့ဘူး။ အင်မတန် အရေးကြီးတဲ့ တံတိုင်းမို့လို့ လုံးဝ အကျိုး မခံနိုင်ဘူး။ လောလောဆယ် ညှိနှိုင်း ထားတယ်။ ညှိနှိုင်းလို့ အဆင်မပြေဘူး ဆိုရင်တော့ White Card ဆိုတဲ့ အသံ ဘယ်တော့မှ မကြားရအောင် တိုက်သွားမယ် ဟု ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။ အစိုးရဘက်မှ White Card ဆန္ဒပြမှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ (၆) ရက်နေ့က ညှိနှိုင်း ခဲ့ပြီး၊ (၁၀) ရက်နေ့တွင် အာမခံချက် တစ်စုံတစ်ရာ ပေးရန် သဘောတူ ခဲ့၍  ဆန္ဒပြမှုကို နောက်ဆုတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆန္ဒပြရာတွင် အမျိုးသား အင်အားစုများ၊ မျိုးချစ် အဖွဲ့ များဖြင့် ပူးပေါင်း လုပ်ဆောင် သွားမည် ဖြစ်ကာ တိုင်းရင်းသားများ အပေါ် တွင်လည်း ငဲ့ညှာပြီး စဉ်းစားရန် လိုအပ်ကြောင်း၊ လက်ရှိ စုံစမ်းမှု အရ White Card ဖြင့် ဆန္ဒမဲ ပေးခွင့်ပြု ခြင်းသည် အစိုးရ၏ အားနည်းချက် ဖြစ်ပြီး၊ အစိုးရ အတွင်း၌ လူများ အချိတ်အဆက် မမိဘဲ နားလည်မှု လွဲမှားမှု၊ အောက်ခြေပိုင်းတွင် အဂတိ လိုက်စားမှု များကြောင့် ဖြစ်လာသည်ကို တွေ့နေ ရကြောင်း ဆရာတော် ဦးဝီရသူက မိန့်ကြားခဲ့သည်။

ယခင်က White Card  ဖြင့် မဲပေးခွင့် ပယ်ဖျက်ရေး အတွက် ရန်ကုန်တွင် ဖေဖော်ဝါရီ လ (၈) ရက်နေ့မှ စတင်ကာ ခုနစ်ရက် တိုင်တိုင် ဆန္ဒ ထုတ်ဖော်ရန် စီစဉ်ခဲ့ သော်လည်း ၎င်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ အကြံပေးများ၊ သာသနာရေး ၀န်ကြီးဌာနနှင့် လ.၀.က တို့မှ တာဝန်ရှိသူ များက လာရောက် တွေ့ဆုံ ညှိနှိုင်းခဲ့၍ ဖေဖော်ဝါရီလ (၁၁) ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့သည်။

ကျွန်တော်တို့ White Card နဲ့ မဲပေးခွင့်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာရော၊ ဒီဘက်က ရွေးကောက်ပွဲ ဥပဒေ မှာလည်း နဂို ကတည်းက ပေးထားတယ်။ အခုထွက်တဲ့ Referendum  မှာလည်း ထပ်ပေးတယ်။ ဒါက အရင် ကတည်းက ရှိတာလေ။ ဒါကို မလိုလားဘူး ဆိုရင် ဥပဒေပြင်ရမှာ။ ဥပဒေ ပြင်ဖို့ တင်တာ မတွေ့သေးဘူး ဟု NLD ပါတီမှ ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက The Messenger Meida သို့ ပြောသည်။

မြန်မာနိုင်ငံတွင် White Card ကိုင်ဆောင်သူ ခုနစ်သိန်းခန့် ရှိပြီး၊ ရခိုင်ပြည်နယ်တွင် လေးသိန်း ခုနစ်သောင်း နီးပါးရှိ နေကြောင်း သိရသည်။ ယခုအခါ White Card ကိုင်ဆောင် သူများ ဆန္ဒမဲပေးခွင့် ပြုခြင်းနှင့် ပတ်သက်၍ ဝေဖန်မှု၊ ဆန္ဒပြမှုများရှိ လာသည်။  White Card ကိုင်ဆောင်သူများ အား မဲပေးခွင့်ပြုရန် အဆိုကို ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ခဲ့ရာ ထောက်ခံသူ (၃၂၈) ဦး၊ ကန့်ကွက်သူ (၇၉) ဦး၊ ကြားနေ (၁၉) ဦးတို့ဖြင့် အတည်ပြုခဲ့သည်။

Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment