သေဆုံးသွားတဲ့ ဇနီးအလောင်းနဲ့အတူ (၁၁) နှစ်လုံးလုံး အတူအိပ်ခဲ့တဲ့ ဗီယက်နမ်က အမျိုးသား


လူတိုင်း ကိုယ်ချစ်ရတဲ့သူ လက်လွတ် ဆုံးရှုံးခြင်းကို နည်းမျိုးစုံနဲ့ ဖြေရှင်းကြပေမယ့် ဒါကို မေ့ထားရမယ့် အချိန်ရောက်ကြရစမြဲဖြစ်တယ်။ ဒါပေမယ့် ဒီပုဂ္ဂိုလ်က အဲဒီအချိန်ကာလကို (၅) နှစ်တိုင်တိုင် သတိရနေခဲ့တာတယ်။
ဗီယက်နမ်နိုင်ငံ Quang Nam ပြည်နယ်က Le Van ဆိုသူက ၂၀၀၃ မှာ သူ့ဇနီးကိုဆုံးရှုံးခဲ့တယ်။ သို့ဖြစ်ပေမယ့် သူနဲ့အတူ သူမဟာ တစ်နည်းမဟုတ်၊ တစ်နည်းနည်းနဲ့ အတူရှိနေသေးကြောင်း သူယုံကြည်နေပြီး ဒါကို အလေးအနက် ပြောနေကြောင်း ViralNova ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ အလောင်းကို ပြန်တူးထုတ်ပြီး အိမ်သယ်သွားကာ လူတစ်ယောက်အရွယ် အတိုင်းဖြစ်အောင် ပြင်ဆင်ခဲ့ပြီး သူနဲ့ အိပ်ယာ တစ်ခုတည်းမှာ အတူအိပ်စက်ကြပါတယ်။
ဇနီးသေဆုံးပြီးတဲ့နောက်ပိုင်း သူမရဲ့အုတ်ဂူပေါ် လပေါင်း ၂၀ ကြာ အိပ်ပြီးတဲ့အချိန်မှာ နာကြည်းမှုက စိတ်စွဲလန်းမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ်။ မိုးရာသီ ရောက်တဲ့အခါမှာတော့ သူ့အိမ်ကနေ အုတ်ဂူအထိ လိုင်ဂူတစ်ခုဖေါက်ဖို့ Le Van စီစဉ်ခဲ့ပေမယ့် အချည်းနှီး ဖြစ်ခဲ့ပါတယ်။
၂၀၀၄ ခုနှစ်မှာတော့  သူဇနီးအလောင်းကို Le Van ပြန်တူးထုတ်ပြီး အိမ်ပြန်သယ်ခဲ့ကာ အသားရောင်စက္ကူတွေနဲ့ ပတ်စည်းခဲ့ပေးခဲ့ပါတယ်။ ဦးခေါင်းကို ရွံ့စေးတွေနဲ့ ပုံထွင်းခဲ့ပြီး သူ့ချစ်သူရဲ့ မျက်နှာကို လက်နဲ့ ပုံဖော် အလှဆင်ပေးထားပါတယ်။ ခုချိန်ထိ Le Vanကို ဒီလုပ်ရပ်မှ ရပ်တန့်သင့်ကြောင်း ဘယ်သူမှ မပြောဖြစ်ခဲ့ကြပါဘူး။ ခုချိန်ထိလည်း အဲ့ဒီ ရုပ်အလောင်းဟာ သူနဲ့အတူ ရှိနေသေးတယ်လို့ သိရပါတယ်။
Credit >>>Trend Myanmar
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment