အီရတ်နိုင်ငံ အဓိကမြို့များမှ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို မောင်းထုတ်








အီရတ်နိုင်ငံ အနောက်ဘက်မြို့တော် အယ်ဘဂ်ဒါဒီမြို့ကနေ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို အီရတ်တပ်ဖွဲ့နဲ့ မဟာမိတ်တပ်ဖွဲ့တွေက မောင်းထုတ်လိုက်ပြီ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလက အယ်ဘဂ်ဒါဒီမြို့ကို အိုင်အက်စ်အဖွဲ့တွေက သိမ်းပိုက်ခဲ့တာဖြစ်ပြီး ဒီမြို့ဟာ အီရတ်စစ်သားတွေကို အမေရိကန် တပ်ဖွဲ့တွေက လေ့ကျင့်ပေးနေတဲ့မြို့နဲ့ ၅ မိုင် အကွာမှာ ရှိတဲ့ မြို့တမြို့ဖြစ်တယ်လို့ အေအက်ဖ်ပီသတင်းက ရေးပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်ကတည်းက အီရတ်နဲ့ ဆီးရီးယားမှာ အိုင်အက်စ်တပ်ဖွဲ့တွေကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာလို့ အမေရိကန် ခေါင်းဆောင်တဲ့ မဟာမိတ်အဖွဲ့က ထုတ်ပြန်ပါတယ်။
အီရတ် လုံခြုံရေး တပ်ဖွဲနဲ့ မျိုးနွယ်စု တိုက်ခိုက်ရေးသမားတွေက အယ်ဘဂ်ဒါဒီမြို့က အိုင်အက်စ်တွေကို အောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပြီး ရဲစခန်းနဲ့ မြစ်ကူးတံတား ၃ ခုကို ပြန်ယူနိုင်ပြီလို့ ထုတ်ပြန်ချက်က ပါရှိပါတယ်။
အမေရိကန် မြေပြင်တပ်ဖွဲ့တွေကတော့ တိုက်ပွဲမှာ ပါဝင်ခြင်းမရှိပေမယ့် မဟာမိတ်ကတော့ စုံစမ်းထောက်လမ်းရေး ဆိုင်ရာ ပစ္စည်းတွေကို ထောက်ပံ့တယ်လို့ ဆိုပါတယ်။
Credit >>>DVB
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment