အမျိုးသားပညာရေးဥပဒေပြင်ဆင်ရန်
လက်ပံတန်းမြို့တွင် အထိုင်သပိတ်ဆင်နွှဲနေသော ကျောင်းသား၊ ကျောင်းသူနှင့်
ပြည်သူအချို့၊ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို အကြမ်း
ဖက်ဖြိုခွဲခြင်းများမပြုလုပ်ဘဲ ငြိမ်းချမ်းစွာ ညှိနှိုင်းဆောင်ရွက်ပေးရန်
ကရင်အမျိုးသားအစည်းအရုံး (KNU) က သက်ဆိုင်ရာအာဏာ ပိုင်အဖွဲ့အစည်းများအား
တိုက်တွန်းလိုက်သည်။
ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ၊ ပညာ ရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)၊ အစိုးရ၊ လွှတ်တော်တို့၏ လေးပွင့်ဆိုင်ဆွေးနွေးပွဲမှ လွှတ်တော်သို့ တင်သွင်းသော အမျိုး သားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အပြည့်အ၀ထောက်ခံကြောင်း KNU ဗဟိုက မတ်လ ၅ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
KNU ထုတ်ပြန်ချက်တွင် မတ်လ ၃ ရက်၌ လက်ပံတန်းမြို့ အောင်မြေဗိမာန်ကျောင်းတိုက်မှ ငြိမ်းချမ်းစွာ ရန်ကုန်မြို့သို့ စတင်ချီတက်လာသော ဒီမိုကရေစီပညာရေးပင်မသပိတ်စစ် ကြောင်းကို လုံခြုံရေးတပ်ဖွဲ့ အင်အားသုံးတားဆီးနေမှုများ၊ အကြမ်းဖက်နှိမ်နင်းနိုင်သည့် အခြေအနေများကို တွေ့မြင်နေရ ကြောင်း ဖော်ပြထားသည်။
ယင်းအတွက်ကြောင့် သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲခြင်းများ မပြုလုပ်ဘဲ ငြိမ်းချမ်းစွာ ညှိနှိုင်းဆောင်ရွက်ပေးရန် သက်ဆိုင်ရာအဖွဲ့အစည်းများအား တိုက်တွန်းအပ်ကြောင်း KNU ဗဟိုက ထုတ်ပြန်ကြေညာသည်။

Credit >>> 7Day
0 comments:
Post a Comment