ကိုးကန့်ဒေသရှိ
တပ်မ တော်သားများအားလှူဒါန်းရန် ဗိုလ်ချုပ်အောင်ဆန်းဂုဏ်ပြု‘‘ရာ ဇ၀င်ထဲက
တို့ဖခင်’’ပြဇာတ် ကပြ ဖျော်ဖြေ၍ ရန်ပုံငွေရှာဖွေမည်ဖြစ်
ကြောင်းသတင်းရရှိသည်။
မန္တလေးအမျိုးသားကဇာတ် ရုံတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု ပဒေသာကပွဲကို နှစ်ပတ်တစ်ကြိမ်တင်ဆက်နေပြီး လာမည့် မတ်လ ၂၈ရက်၌ တပ်မတော်သားများအား လှူဒါန်းရန် ရန်ပုံငွေပွဲ ကပြဖျော်ဖြေမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဒေါက်တာမြင့်ကြူကပြောသည်။
‘‘ဒီက ရမယ့်ငွေတွေဟာ တပ်မတော်သားများကိုလှူမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီငွေကြေး သည် လာရောက်ကြည့်ရှုတဲ့ ပရိ သတ်အနေနဲ့ ရှေ့တန်းမှာရှိတဲ့ တပ်မတော်သားတွေကို တစ်တပ် တစ်အားလှူတာဖြစ်ပါတယ်’’ဟု ဒေါက်တာမြင့်ကြူကပြောသည်။
ရန်ပုံငွေပဒေသာကပွဲဇာတ် ညွှန်းဦးဘုန်း(ဓာတု)၊ ဒါရိုက်တာ မောင်ယဉ်အောင်ကြီးကြပ်သော ဗိုလ်ချုပ်အောင်ဆန်းဂုဏ်ပြုပြ ဇာတ်ဖြစ်သည့် ရာဇ၀င်ထဲက တို့ ဖခင်ပြဇာတ်ကို မန္တလေးသဘင် လောကမှ အနုပညာရှင်များတင် ဆက်ဖျော်ဖြေမည်ဖြစ်ကြောင်း မြန်မာ့သဘင်အလှဆင်သူများ ပ ရဟိတအဖွဲ့မှ ကိုမင်းထက်မင်းက ပြောကြားသည်။
အဆိုပါပြဇာတ်အပြင်ငြိမ်း ချမ်းရေးသည် နိဗ္ဗာန်တေးသရုပ် ဖော်၊ အပျိုတော်အက၊ ကျေး လက်အိုးစည်ဒိုးပတ်အက၊ နှစ်ပါး သွားအစရှိသည့်အစီအစဉ်များကို အကယ်ဒမီမြို့တော်မောင်ယဉ် အောင်၊ အကယ်ဒမီစိန်မွတ္တား၊စိန် ဓူဝံ၊ ၀င်းနောင်၊ ဝေယံဦး၊ နန်းခင် မွှေးအစရှိသည့် ဇာတ်သဘင်အနု ပညာရှင်များကတင်ဆက်ဖျော် ဖြေမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ များကပြောသည်။
တပ်မတော်သားများအားလှူဒါန်းမည်ဖြစ်သဖြင့် ရုံဝင်ခအနည်းငယ်တိုးမြှင့်ထားပြီးကျပ် ၇,၀၀၀၊ ကျပ် ၃,၀၀၀အသီးသီးသတ်မှတ်ထားကြောင်း ၎င်းတို့ကပြောသည်။
Credit >>> 7Day

0 comments:
Post a Comment