ခရီးသည် ၁၅၀ ကျော် စီးနင်းလိုက်ပါ လာသည့် တောင်ကုတ်မှ
စစ်တွေသို့ပြေးဆွဲသောရှပ်ပြေးရေယာဉ် ၀မ်းဗိုက်ပေါက်၍ နီးစပ်ရာ ဆိပ်ကမ်းသို့
အရေးပေါ်ဆိုက်ကပ်ခဲ့ရကြောင်း သတင်း ရရှိသည်။ဝမ်းဗိုက်ပေါက်သွားခဲ့သော
ရေယာဉ်မှာ ပြည်တွင်းပုဂ္ဂလိက ပိုင်ရွှေပြည်တန်ရှပ်ပြေးရေယာဉ်ဖြစ်ပြီး
ဝမ်းဗိုက်ပေါက်သွားရာမှ ရေများစိမ့်ဝင်လာ၍ ဧပြီ ၅ရက် နံနက် ၆နာရီ
၁၀မိနစ်ခန့်တွင်နီးစပ် ရာကျောက်ဖြူဆိပ်ကမ်းသို့ ဆိုက် ကပ်ခဲ့ရခြင်းဖြစ်သည်။
ထိုသို့ရေများဝင်ရောက်ပြီး အရေးပေါ်ဆိုက်ကပ်ခဲ့သည့်အ တွက်ခရီးသည်များအား အခြား ရေယာဉ်တစ်စီးနှင့် ပို့ဆောင်ပေး ခဲ့သော်လည်း အချို့ ခရီးသည်များမှာ မလိုက်ရဲတော့ကြောင်းကျောက်ဖြူမြို့နယ် ဓူဝံကြယ်လူမှု ကူညီရေးအသင်းဥက္ကဋ္ဌဦးအောင် ဗလကပြောသည်။
‘‘သင်္ဘောဝန်ထမ်းတွေကအ ရေးတကြီးနဲ့ သင်္ဘောထဲမှာဖြတ် သွားနေကြတယ်။ လူတွေဘာမှ မသိသေးဘူး။ သင်္ဘောဝန်ထမ်း တွေက အရေးတကြီးနဲ့ သင်္ဘော ရဲ့ ရှေ့နောက်ကို သွားနေကြ တယ်။ အဲဒါကို ခရီးသည်တွေက ရိပ်မိပြီး သင်္ဘောရေ၀င်နေမှန်းသိ တော့တာ’’ဟု ၎င်းကဆိုသည်။
ရေအောက်ရှိ ကျောက် ဆောင်များနှင့် မတော်တဆ ထိ ခိုက်မိ၍ ထိုကဲ့သို့ကွဲအက်ရသည် ဟု ရခိုင်ပြည်နယ်ရေကြောင်းဌာန မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
‘‘၀မ်းဗိုက်က ဂဟေစပ်ထားတဲ့ နေ ရာကို ကျောက်ခတ်နဲ့ ရိုက်မိသွားလို့ ဟသွားတဲ့သဘောပါ။ တခြားထိခိုက်မှု ကြီးကြီးမားမားတော့မရှိပါဘူး’’ဟု ၎င်းကဆိုသည်။
သင်္ကြန်ကာလအတွင်း မိမိ နေရပ်သို့ ပြန်မည့်သူများတွင် ရေလမ်းခရီးမှာလည်းတစ်ခုအပါအ၀င်ဖြစ်နေပြီး ခရီးသွားများအတွက် စိတ်ချရသော ပို့ဆောင်မှုများကိုသာ လိုချင်ကြမည်ဖြစ် ကြောင်း Golden Travel ခရီးသွားကုမ္ပဏီမှ မနေခြည်မြင့်ကဆို သည်။
‘‘လက်ရှိပြည်တွင်းမှာက ရထားပို့ဆောင်ရေးနဲ့ ရေကြောင်းပို့ဆောင်ရေးတွေက ပြည်သူတွေကို လုံခြုံအားရလောက်တဲ့ကျေနပ်မှုမျိုး မပေးနိုင်သေးပါဘူး’’ဟု ၎င်း က ပြောကြားသည်။
Credit >> 7Day

0 comments:
Post a Comment