ပုဂံဘုရားများရှိ အလှူခံပုံးများဖောက်သည့် သံသယတရားခံကိုဖမ်းမိ


ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေနှင့် မကွေးတိုင်း ဒေသကြီး ရေစကြိုမြို့ရှိ စေတီ ပုထိုးများမှ အလှူခံပုံးများ လိုက်လံဖောက်ထွင်းခိုးယူနေသူ အသက် (၁၈) နှစ်ကျော် လူငယ် တစ်ဦးကို ဧပြီ ၄ ရက် နံနက်က ဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှသတင်းရရှိ သည်။
ဧပြီ ၄ ရက် နံနက် ၁ နာရီ ခန့်တွင် အာနန္ဒာဘုရားအရှေ့ဘက်တံတိုင်းအနီးသို့ ခေါင်းစွပ်ဦး ထုပ်စွပ်လျက် မျက်နှာ၌ အနက်ရောင်နှာခေါင်းစည်း စည်းထားသည့်လူတစ်ဦး ဆိုင်ကယ်ဖြင့်ရောက်လာပြီး ဆိုင်ကယ်ကို အမှောင်ထဲထားကာ အုတ်တံ တိုင်းကိုကျော်တက်ရန်ကြိုးပမ်းစဉ် ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ရဲမှတ်တမ်းတွင် ၁၈ နှစ်ဟုဆိုသော်လည်း သံသယရှိတရားခံအသက် (၁၉) နှစ်ရှိ တင်စိုးဦးသည် ဧပြီ ၃ ရက် နံနက် ၁ နာရီတွင် အာနန္ဒာဘုရားသို့ ထပ်မံ၍ဖောက်ထွင်းခိုးယူရန်လာရောက်စဉ် ဖမ်းဆီးမိခြင်းဖြစ်ကြောင်း ညောင်ဦးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
‘‘သူက အာနန္ဒာဘုရားကို ထပ်ပြီးဖောက်ထွင်းဖို့လာတာ။ အဲဒီဘုရားဖြစ်ပြီးကတည်းက ကျွန်တော်တို့ရဲတပ်ဖွဲ့တွေက ဘုရားနားမှာဝပ်ကင်းတွေချထား တာ။ သူလာတော့ ဖမ်းဆီးလိုက် ရုံပဲ။ သူ့ခါးကြားမှာလည်း ဓားပါ လာတယ်။ စခန်းရောက်တော့ စစ်ကြောရေးဝင်တော့ ဝန်ခံတယ် လို့သိရပါတယ်’’ဟု ၎င်းကပြော သည်။
ပုဂံဒေသရှိစေတီပုထိုးများ တွင် အလှူခံပုံးများ ဖောက်ထွင်းခိုးယူခံရမှုဆက်တိုက်ဖြစ်ပွားပြီး နောက် ကျူးလွန်သည့်တရားခံ ဖမ်းဆီးဖော်ထုတ်နိုင်ရန် မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့က အထူး အဖွဲ့များဖွဲ့စည်းပြီး   ပုဂံဘုရားများ အနီးတစ်ဝိုက်လှည့်ကင်း၊ ဝပ် ကင်းများဆောင်ရွက်ခဲ့ခြင်း ဖြစ် သည်ဟုဆိုသည်။
၎င်းအမျိုးသားမှာ စစ်ကိုင်း တိုင်းဒေသကြီး ဆားလင်းကြီးမြို့ နယ် ငွေသာအေးကျေးရွာတွင်နေ ထိုင်သော အသက် (၁၈)နှစ် အရွယ်လူငယ်တစ်ဦးဖြစ်ပြီး ဆား လင်းကြီးမြို့နယ်မှ ညအချိန် ဆိုင် ကယ်ဖြင့်လာရောက်၍ ပုဂံရှေး ဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားများမှ  အလှူခံပုံးများ ဖောက်ထွင်းခိုးယူခြင်းဖြစ်ကြောင်းမန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကဆိုသည်။
မတ်လ ၁၇ ရက်က ညောင် ဦးမြို့ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ထီးလိုမင်းလိုဘုရား အလှူခံပုံး ခြောက်ပုံးမှ ကျပ်သိန်း ၂၀ ဖောက်ထွင်းခိုးယူမှုနှင့် မတ်လ ၂၆ ရက်က ပုဂံအာနန္ဒာ ဘုရားအလှူခံပုံး ၄ ပုံးမှ ကျပ် ၅ သိန်းကျော်အထက်ပါလူငယ်က ခိုးယူခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ထို့ပြင် မတ်လ ၁၅ ရက်က မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ ရှိ ရွှေမုဋ္ဌောဘုရားထီးတော်တွင် တပ်ဆင်ထားသည့်လက်စွပ်တစ် ကွင်း၊ ကျောက်ဖြူနားကပ်တစ်ရန် နှင့် မတ်လ ၃ ရက်နှင့် ၁၀ ရက်က ရေစကြိုမြို့ ပခန်းကြီးကျေးရွာရှိ စည်သူရှင်သရက္ခန်ဘုရားအာရုံခံ တိုက်အတွင်း အလှူခံပုံးမှ ငွေကျပ်ခြောက်သိန်းကျော် ဖောက်ထွင်းခိုးယူခဲ့သူဖြစ်ကြောင်း ဝန်ခံ ထွက်ဆိုထားသည်ဟုဆိုသည်။
အလှူခံပုံးများ ဖောက်ထွင်းခိုးယူရာမှရရှိလာသည့်ငွေကြေးများဖြင့် ဝယ်ယူထားသော ဆိုင်ကယ်တစ်စီးနှင့် အခြားရွှေထည်ပစ္စည်းအချို့ကို ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး ပုဂံနယ်မြေ ရဲစခန်းတွင် ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေသည်။
Credit >>> 7Day
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment