ဆိုင်ဘာ တိုက်ခိုက်ခံရ နိုင်ခြေ များလာ သောကြောင့် တောင်ကိုရီးယား အစိုးရသည် ဆိုင်ဘာ လုံခြုံရေး ကြိုတင် ကာကွယ်မှုများ အရှိန်မြှင့်တင် ထားကြောင်း သိရသည်။ ပြီးခဲ့သည့် အပတ်က ဆိုင်ဘာ တိုက်ခိုက်ခံရ သဖြင့် တောင်ကိုရီးယား နျူကလီးယား ဓာတ်အားပေး စက်ရုံတစ်ခု၏ အသေးစိတ် အလုပ်လုပ်ပုံ အချက်အလက်များ အွန်လိုင်းတွင် ပေါက်ကြားခဲ့သည်။
မြောက်ကိုရီးယားက ဆိုင်ဘာ တိုက်ခိုက် လာပါက ကာကွယ်နိုင်ရန် အဖွဲ့ဝင် (၄၀၀) ပါဝင်သော ဆိုင်ဘာ လုံခြုံရေး တပ်ဖွဲ့ကို ၂၀၁၀ ပြည့်နှစ် ကတည်းက စတင် ဖွဲ့စည်း ခဲ့သည်။ နိုင်ငံတော်၏ ဆိုင်ဘာ လုံခြုံရေး လိုအပ်ချက်အရ ဆိုင်ဘာ ကာကွယ်ရေး တပ်ဖွဲ့ကို အင်အား တိုးချဲ့ အဆင့်မြှင့်တင် ထားကြောင်း ကာကွယ်ရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ်္ဂိုလ် ကင်မင်ဆုခ်က ပြောသည်။ နျူကလီးယား ဓာတ်ပေါင်းဖို များကို ကိုင်တွယ်လျက် ရှိသော စွမ်းအင် ၀န်ကြီး ဌာနသည်လည်း ဆိုင်ဘာ လုံခြုံရေးများ အဆင့်မြှင့်တင် ထားပြီ ဖြစ်သည်။
ဆိုင်ဘာ တိုက်ခိုက်ခံရ မှုကြောင့် တောင်ကိုရီးယား နျူဓာတ်ပေါင်းဖို နှစ်လုံး၏ အသေးစိတ် ဒီဇိုင်းနှင့် ကိုယ်တွယ် ထိန်းသိမ်းနည်း လမ်းညွှန်ချက် များလည်း အွန်လိုင်းတွင် ပေါက်ကြားခဲ့သည်။ ဓာတ်ပေါင်းဖို များကို ဆိုင်ဘာ တိုက်ခိုက်ခြင်းဖြင့် နိုင်ငံ၏ စွမ်းအင်ကဏ္ဍကိုပါ ဖျက်ဆီးလာနိုင်သောကြောင့် ဆိုင်ဘာ လုံခြုံရေးများ အဆင့်မြှင့်တင် လိုက်ခြင်း ဖြစ်သည်။ ကိုရီးယား ဟိုက်ဒရိုပါဝါနှင့် နျူကလီးယား စွမ်းအင် ကုမ္ပဏီ (KHNP) မှ ၀န်ထမ်းပေါင်း တစ်သောင်းကျော်၏ ကိုယ်ရေး အချက်အလက် များလည်း တွစ်တာတွင် ပေါက်ကြားခဲ့သည်။ KHNPသည် တောင်ကိုရီးယား နိုင်ငံတစ်ဝန်း နျူကလီးယား ဓာတ်ပေါင်းဖို (၂၃) လုံးကို ထိန်းချုပ် လည်ပတ်နေပြီး နိုင်ငံ၏ ဓာတ်အား လိုအပ်ချက် (၃၀) ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးလျက် ရှိသည်။
ဒိဇင်ဘာ (၂၅) နောက်ဆုံး ထားပြီး နောက်ထပ် ဓာတ်ပေါင်းဖို သုံးလုံးကို အစိုးရ က မရပ်နားပေး ပါက နောက်ထပ် သတင်း အချက်အလက် များစွာကို အွန်လိုင်းပေါ် တင် ဦးမည်ဟု တနင်္ဂနွေနေ့က ဟက်ကာများ ခြိမ်းခြောက် ထားသည်။ နျူ ဓာတ်အားပေးရုံများ အနီး နေထိုင်သူများ အနေဖြင့် ခပ်ဝေးဝေးသို့ ရွှေ့ပြောင်းနေရန်လည်း ဟက်ကာ များက သတိပေး ထားသည်။
Credit >>> the Messenger
0 comments:
Post a Comment