သရုပ်ဆောင်မင်းအုပ်စိုးက သရပါမဂ္ဂဇင်းအယ်ဒီတာအား သတ်ခဲ့သည့်အမှုတွင် မင်းအုပ်စိုးအား အခင်းဖြစ်ပွားစဉ်က မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ရှိ မရှိ ဆေးရုံတွင်ဆေးစစ်ထားသော်လည်း ရှစ်ရက်ကြာသည်အထိ ဆေးစစ်ချက်အဖြေမထွက်သေးကြောင်း သက်ဆိုင်ရာ ဗဟန်းမြို့မရဲစခန်းမှ ဇန်နဝါရီ ၃ ရက်တွင် စုံစမ်းသိရသည်။
ဖြစ်စဉ်မှ သေဆုံးသွားသည့် မနုနုယဉ်၏ အလောင်းကို ဒီဇင်ဘာ ၂၆ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံ၌ ရင်ခွဲစစ်ဆေးခဲ့ကြောင်း မိသားစုဝင်များပြောကြားချက်အရသိရပြီး မနုနုယဉ်မှာ နံရိုးများကျိုး၊ အသည်းကြေကာ ဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် သရုပ်ဆောင်မင်းအုပ်စိုးအား အခင်းဖြစ်ပွားချိန်က မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ရှိ မရှိ စစ်ဆေးထားသော ဆေးစစ်ချက်များမှာမူ မရရှိသေးကြောင်း ဗဟန်းမြို့မရဲစခန်းမှ မြို့နယ်မှူးဖြစ်သူ ရဲမှူးခင်မောင်ကြည်က ဆိုသည်။
“ဆေးစစ်ချက်က ကျွန်တော်တို့မရသေးပါဘူး။ ကျွန်တော်တို့စီရောက်ပြီး ဆေးစစ်ချက်အဖြေကို တိတိကျကျ သိရင်တော့ အမှုအတွက် ဆက်လက်ပြီးတော့ လုပ်ဆောင်သင့်တာတွေကို လုပ်ဆောင်သွားမှာပါ။ ခုကတော့ တရားရုံးမှာ ယမန်ယူပြီး စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်” ဟု ရဲမှူးခင်မောင်ကြည်က ဇန်နဝါရီ ၃ ရက် မွန်းလွဲပိုင်းက ပြောကြားသွားခဲ့သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၅ ရက် နံနက် ၂ နာရီခွဲတွင် သရုပ်ဆောင်၊ ဒါရိုက်တာမင်းအုပ်စိုး (ခ) အောင်နိုင်ထွန်း(၄၄)နှစ်နေထိုင်သည့် အမှတ် (၅၁) စီ၊ ဖိုးစိန်လမ်း၊ ဗိုလ်ချို (၂) ရပ်ကွက် နေအိမ်အခန်းအတွင်း ၎င်း၏ ညီမဝမ်းကွဲတော်စပ်သူ အသက် ၃၃ နှစ်အရွယ် မနုနုယဉ်ကို လူမှုရေးကိစ္စမေးမြန်းရာ အမှန်အတိုင်းဖြေကြားခြင်း မရှိခြင်းကြောင့် စိတ်ဆိုးဒေါသထွက်ပြီး အိပ်ခန်းအတွင်း လက်သီးဖြင့်ထိုးခြင်း၊ ဆောင့်ကန်ခြင်း၊ ကိုင်ဆောင့်ခြင်းတို့ပြုလုပ်ခဲ့ကြောင်း ရဲတာဝန်ရှိသူများ ကနဦးစစ်ဆေးချက်အရ သိရသည်။
မင်းအုပ်စိုးအား စစ်ဆေးနေသော ဆေးစစ်ချက်အဖြေမထွက်သေးခြင်းနှင့် ပတ် သက်၍ “ကျွန်တော့်အစ်မဖြစ်သူရဲ့ ဆေးစစ်ချက်ကတော့ သိနေရပါပြီ။ အခြားဆေးစစ်ချက်တွေကတော့ မသိရသေးပါဘူး။ ရဲစခန်းကလည်း ဒီအမှုမှာ စစ်ဆေးစရာတွေ အများကြီးရှိတာကို သိပ်ပြီး ထိထိရောက်ရောက် စစ်ဆေးနေတာ မတွေ့ရဘူး။ ဆေးရုံကြီးက ပြောတာတော့ ဆေးစစ်ချက်တွေကို တရားရုံးကျမှပဲ တင်ပြရမှာလို့ ပြောပါတယ်” ဟု သေဆုံးသူ မနုနုယဉ်၏ မောင်ဖြစ်သူ ကိုဝေလင်းအောင်က ပြောကြားသွားခဲ့သည်။
အဆိုပါအမှုဖြစ်စဉ်အား ဗဟန်းမြို့မရဲခစန်း (ပ) ၅၁၉/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Credit >>> Eleven news
သရုပ်ဆောင်မင်းအုပ်စိုးက
သရပါမဂ္ဂဇင်းအယ်ဒီတာအား သတ်ခဲ့သည့်အမှုတွင် မင်းအုပ်စိုးအား
အခင်းဖြစ်ပွားစဉ်က မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ရှိ မရှိ
ဆေးရုံတွင်ဆေးစစ်ထားသော်လည်း ရှစ်ရက်ကြာသည်အထိ
ဆေးစစ်ချက်အဖြေမထွက်သေးကြောင်း သက်ဆိုင်ရာ ဗဟန်းမြို့မရဲစခန်းမှ ဇန်နဝါရီ ၃
ရက်တွင် စုံစမ်းသိရသည်။
ဖြစ်စဉ်မှ သေဆုံးသွားသည့် မနုနုယဉ်၏ အလောင်းကို ဒီဇင်ဘာ ၂၆ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံ၌ ရင်ခွဲစစ်ဆေးခဲ့ကြောင်း မိသားစုဝင်များပြောကြားချက်အရသိရပြီး မနုနုယဉ်မှာ နံရိုးများကျိုး၊ အသည်းကြေကာ ဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် သရုပ်ဆောင်မင်းအုပ်စိုးအား အခင်းဖြစ်ပွားချိန်က မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ရှိ မရှိ စစ်ဆေးထားသော ဆေးစစ်ချက်များမှာမူ မရရှိသေးကြောင်း ဗဟန်းမြို့မရဲစခန်းမှ မြို့နယ်မှူးဖြစ်သူ ရဲမှူးခင်မောင်ကြည်က ဆိုသည်။
“ဆေးစစ်ချက်က ကျွန်တော်တို့မရသေးပါဘူး။ ကျွန်တော်တို့စီရောက်ပြီး ဆေးစစ်ချက်အဖြေကို တိတိကျကျ သိရင်တော့ အမှုအတွက် ဆက်လက်ပြီးတော့ လုပ်ဆောင်သင့်တာတွေကို လုပ်ဆောင်သွားမှာပါ။ ခုကတော့ တရားရုံးမှာ ယမန်ယူပြီး စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်” ဟု ရဲမှူးခင်မောင်ကြည်က ဇန်နဝါရီ ၃ ရက် မွန်းလွဲပိုင်းက ပြောကြားသွားခဲ့သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၅ ရက် နံနက် ၂ နာရီခွဲတွင် သရုပ်ဆောင်၊ ဒါရိုက်တာမင်းအုပ်စိုး (ခ) အောင်နိုင်ထွန်း(၄၄)နှစ်နေထိုင်သည့် အမှတ် (၅၁) စီ၊ ဖိုးစိန်လမ်း၊ ဗိုလ်ချို (၂) ရပ်ကွက် နေအိမ်အခန်းအတွင်း ၎င်း၏ ညီမဝမ်းကွဲတော်စပ်သူ အသက် ၃၃ နှစ်အရွယ် မနုနုယဉ်ကို လူမှုရေးကိစ္စမေးမြန်းရာ အမှန်အတိုင်းဖြေကြားခြင်း မရှိခြင်းကြောင့် စိတ်ဆိုးဒေါသထွက်ပြီး အိပ်ခန်းအတွင်း လက်သီးဖြင့်ထိုးခြင်း၊ ဆောင့်ကန်ခြင်း၊ ကိုင်ဆောင့်ခြင်းတို့ပြုလုပ်ခဲ့ကြောင်း ရဲတာဝန်ရှိသူများ ကနဦးစစ်ဆေးချက်အရ သိရသည်။
မင်းအုပ်စိုးအား စစ်ဆေးနေသော ဆေးစစ်ချက်အဖြေမထွက်သေးခြင်းနှင့် ပတ် သက်၍ “ကျွန်တော့်အစ်မဖြစ်သူရဲ့ ဆေးစစ်ချက်ကတော့ သိနေရပါပြီ။ အခြားဆေးစစ်ချက်တွေကတော့ မသိရသေးပါဘူး။ ရဲစခန်းကလည်း ဒီအမှုမှာ စစ်ဆေးစရာတွေ အများကြီးရှိတာကို သိပ်ပြီး ထိထိရောက်ရောက် စစ်ဆေးနေတာ မတွေ့ရဘူး။ ဆေးရုံကြီးက ပြောတာတော့ ဆေးစစ်ချက်တွေကို တရားရုံးကျမှပဲ တင်ပြရမှာလို့ ပြောပါတယ်” ဟု သေဆုံးသူ မနုနုယဉ်၏ မောင်ဖြစ်သူ ကိုဝေလင်းအောင်က ပြောကြားသွားခဲ့သည်။
အဆိုပါအမှုဖြစ်စဉ်အား ဗဟန်းမြို့မရဲခစန်း (ပ) ၅၁၉/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
- See more at: http://news-eleven.com/content/%E1%80%9E%E1%82%90%E1%80%AF%E1%80%95%E1%80%B9%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%AF%E1%80%95%E1%80%B9%E1%80%85%E1%80%AD%E1%80%AF%E1%80%B8-%E1%80%9C%E1%80%B0%E1%80%9E%E1%80%90%E1%80%B9%E1%80%99%E1%82%88%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%85%E1%80%A5%E1%80%B9%E1%80%80-%E1%80%99%E1%80%B0%E1%80%B8%E1%80%9A%E1%80%85%E1%80%B9%E1%80%B1%E1%80%86%E1%80%B8%E1%80%9E%E1%80%B6%E1%80%AF%E1%80%B8%E1%80%85%E1%80%BC%E1%80%B2%E1%80%91%E1%80%AC%E1%80%B8%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8-%E1%80%9B%E1%80%BD%E1%80%AD-%E1%80%99%E1%80%9B%E1%80%BD%E1%80%AD-%E1%80%B1%E1%80%86%E1%80%B8%E1%80%85%E1%80%85%E1%80%B9%E1%80%B1%E1%80%94%E1%80%99%E1%82%88#sthash.YJ3ms1AX.dpuf

0 comments:
Post a Comment