မြေနီကုန်းခုံးကျော်တံ တားတည်ဆောက်မှုမှာ ၈၀ ရာခိုင် နှုန်းပြီးစီးနေပြီး မတ်လကုန်တွင် ယာဉ်များသွားလာနိုင်မည်ဟု သ တင်းရရှိသည်။
ကျပ် ၁၇ ဘီလီယံခန့်သုံးစွဲ ရန်လျာထားသည့် အဆိုပါတံ တားစီမံကိန်းဆောလျင်စွာပြီးစီး ရန် လုပ်သား ၃၀၀ ဖြင့် နေ့ည နှစ် ဆိုင်းခွဲကာ ဆောင်ရွက်လုပ်ကိုင် နေကြောင်း တံတားတည်ဆောက် နေသည့် Capital Development မှ စီမံကိန်းဒါရိုက်တာ ဦးသက် လင်းကပြောသည်။
‘‘အခုသံပေါင်ဆင်နေပြီ။ ပြီး ရင် ကွန်ကရစ်ကြမ်းခင်းလောင်း ရမယ်။ မတ်လကုန်တံတားပေါ် ကားသွားနိုင်အောင် လုပ်နေတယ်။ အမြန်ဆုံးသွားနိုင်အောင် ၂၄ နာရီလုပ်ငန်းလုပ်ဆောင်နေ တယ်’’ဟု ဦးသက်လင်းကပြောသည်။
အဆိုပါခုံးကျော်တံတားကို ၂၀၁၄ စက်တင်ဘာ ၆ ရက်က စတင်ဆောက်လုပ်ခဲ့ပြီး ရှစ်လနှင့် အပြီးတည်ဆောက်ရမည်ဟု စာ ချုပ်တွင်ပါရှိသော်လည်း ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် သတ်မှတ်ချိန် ထက်ဆောလျင်စွာပြီးစီးရန် ကြိုး ပမ်းနေခြင်းဖြစ်သည်။
အရှည်ပေ ၂,၃၀၀ ကျော်ရှိ သော သံကူကွန်ကရစ်အမျိုး အစား၊ လေးလမ်းသွားတံတား အဖြစ် တည်ဆောက်နေခြင်းဖြစ် ပြီး ကုန်ကြမ်းများကို ဂျပန်နိုင်ငံမှ တင်သွင်းကာ ဆောက်လုပ်နေ ခြင်းဖြစ်သည်။
အဆိုပါ တံတားဆောက် လုပ်ရေးလုပ်ငန်းခွင်ကြောင့် အနီး ဝန်းကျင်တွင် ယာဉ်ကြောပိတ်ဆို့ မှုကို ၁၅ မိနစ်မှ နာရီဝက်ကြား နေ့စဉ် ကြုံတွေ့နေရသည်။
‘‘ပစ္စည်းစုံရင် ခဏနဲ့ပြီး တယ်။ ကရိန်းများများရှိရင်ပြီး တယ်။ အောက်ဖောင်ဒေးရှင်းပဲ ကြာတာ။ ရက်မကြီးတင်တာ၊ ကြမ်းခင်းလောင်းတာမကြာဘူး’’ ဟု သံလွင်တံတားတည်ဆောက် ရန် ချောင်းဆုံနေရာတွင် တာဝန် ကျနေသောတံတားအင်ဂျင်နီယာ တစ်ဦးက မှတ်ချက်ပေးသည်။
၂၀၁၃ နိုဝင်ဘာ ၄ ရက် တွင်ပြုလုပ်သော ပထမအကြိမ် ရန်ကုန်တိုင်းလွှတ်တော် အထူး အစည်းအဝေး၌ မြေနီကုန်းခုံး ကျော်တံတားစီမံကိန်းအတွက် ကျပ် ၁၆ ဘီလီယံကျော်လျာထား ကြောင်းထုတ်ပြန်ထားသည်။
ယာဉ်ကြောပိတ်ဆို့မှုအဖြစ် များသော မြေနီကုန်းလမ်းဆုံတွင် ခုံးကျော်တံတား တည်ဆောက်ရန် ဆောက်လုပ်ရေးကုမ္ပဏီ ၁၀ ခုက တင်ဒါလျှောက်ထားခဲ့ရာ ဦးတေဇပိုင်ထူး၊ ဒဂုံအင်တာနေ ရှင်နယ်၊ Capital Develop-ment ၊ Myanmar V Pileနှင့် Grow Advance ကုမ္ပဏီတို့ကိုကနဦးရွေးချယ်ခဲ့ပြီး နောက်ဆုံး အဆင့်လုပ်ကိုင်ခွင့်ကို CapitalDevelopment ကုမ္ပဏီက ရရှိခဲ့ ခြင်းဖြစ်သည်။
Credit >>> 7Day

0 comments:
Post a Comment