သပိတ်မှောက်ကျောင်းသားများအား ရဲတပ်ဖွဲ့ဝင်များ စုပေါင်း၍ ကျပ် ၁၈,၀၀၀ လှူဒါန်း


 ကျောင်းကုန်းမြို့သို့ ရောက်ရှိလာသည့် ဧရာဝတီစစ်ကြောင်းမှ သပိတ်မှောက်ကျောင်းသားများကို ကျောင်းကုန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းကာ အလှူငွေ ကျပ် ၁၈,၀၀၀ လှူ ဒါန်းလိုက်ကြောင်း သတင်းရရှိ သည်။
ပုသိမ်မြို့မှ စတင်ထွက်ခွာလာသည့် သပိတ်မှောက်ကျောင်းသားများ ကျောင်းကုန်းမြို့သို့ ဖေဖော်ဝါရီ ၅ ရက် ညနေက ဖြတ်သန်းစဉ် ရဲတပ်ဖွဲ့ဝင်များက စခန်းရှေ့မှစောင့်ကာ အလှူငွေ ကျပ် ၁၈,၀၀၀ ကို လှူခြင်းဖြစ်ကြောင်း ဧရာဝတီ သပိတ်စစ်ကြောင်း၏ ကူညီရေး ကော်မတီဝင် ကိုအောင်အောင်ကျော်ကပြောသည်။
‘‘ရဲတပ်ဖွဲ့စခန်းရှေ့ကနေပြီး သပိတ်စစ်ကြောင်းဖြတ်သွားတဲ့ အချိန်မှာ ရဲတပ်ဖွဲ့ကနေ ဧရာဝတီစစ်ကြောင်းအတွက် အလှူငွေ ၁၈၀၀၀ လှူလိုက်ပါတယ်’’ဟု ကိုအောင်အောင်ကျော်ကပြော သည်။
ကျောင်းကုန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကလည်း ကျောင်းသားသပိတ်ကို လုံခြုံရေးစောင့်ပေးနေစဉ် ယင်းအလှူငွေကို ရဲတပ်ဖွဲ့ဝင်များ စုပေါင်း၍ လှူ လိုက်ကြောင်း အတည်ပြုသည်။
ကိုကျော်ကျော်အောင်က ရဲတပ်ဖွဲ့ဝင်များက ယခုကဲ့သို့ သပိတ်စစ်ကြောင်းအား အလှူငွေပေးခဲ့ခြင်းအပေါ် ၀မ်းသာမိပြီး ပညာရေးစနစ်နိမ့်ကျနေသည်ကို သိရှိလက်ခံထားသည့် အစိုးရ၀န်ထမ်းများလည်း ရှိနေသည်ကို ပြသရာရောက်ကြောင်း ဆိုသည်။
ဧရာဝတီစစ်ကြောင်းသည် ဖေဖော်ဝါရီ ၆ ရက်တွင် ပန်းတနော်မြို့မှ ထွက်ခွာသွားပြီး ထိုမှ တစ်ဆင့် ညောင်တုန်း၊ မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ဒေးဒရဲ၊ ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့တို့မှ ရန်ကုန်တွင် အခြားကျောင်းသား သပိတ်စစ်ကြောင်းများနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက သပိတ်မှောက် ကျောင်းသားစစ်ကြောင်းကို ရဲတပ်ဖွဲ့ဝင်များစု၍ ငွေလှူဒါန်းခြင်းမှာ အထက်အရာရှိများ၏ ညွှန်ကြားမှုကြောင့်မဟုတ်ဘဲ လှူ ဒါန်းပြီးမှသာ လာရောက်အသိပေးကြောင်း ပြောသည်။
Credit >> 7day
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment