လီဗာပူးအနိုင်ရပြီးနောက် ဂျရတ်၏ အက်ဖ်အေဖလားအိပ်မက် ဆက်လက်ရှင်သန်


အက်ဖ်အေဖလား ပဉ္စမ အဆင့်တွင် ၁၀ ဦးကျန် ဘော်လ် တန်ကို တစ်ဂိုးဖြင့် ရှုံးနေရာမှ ၂- ၁ ဂိုးဖြင့် လီဗာပူးက အနိုင်ရရှိခဲ့ ရာ ရာသီကုန်ချိန်တွင် အသင်းမှ ထွက်ခွာတော့မည့် အသင်းခေါင်းဆောင် စတီဗင်ဂျရတ်၏ အိပ်မက် ဆက်လက်ရှင်သန်သွားသည်။
အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားချိန်တွင် အသက်(၃၅)နှစ် ပြည့်မည့် ဂျရတ်၏ ယမန်နေ့ပွဲစဉ်မှာ ၎င်း၏ လီဗာပူးအတွက် ပွဲပေါင်း ၇၀၀ မြောက်ဖြစ်သည်။
သို့သော် ဘော်လ်တန်နှင့်ပွဲ ၌ ၈၆ မိနစ်အထိ လီဗာပူး တစ်ဂိုးရှုံးနေချိန်တွင် ဂျရတ်အတွက် ဝင်ဘလေ၌ အက်ဖ်အေဖလား ကိုင်မြှောက်ရေးမှာ မှေးမှိန်နေခဲ့သည်။ သို့သော် စတာလင်က ဘော်လ်တန်မှ ဂတ်ဂျွန်ဆင်၏ ပင်နယ်တီကို ခြေဖျက်ခဲ့ပြီး နာကျင်အချိန်ပိုတွင် ကော်တင်ဟိုက လီဗာပူးအတွက် အနိုင်ဂိုးကို သွင်းယူခဲ့သည်။ လီဗာပူးသည် နောက်တစ်ဆင့် တွင် ခရစ္စတယ်ပဲလေ့စ်နှင့် တွေ့ဆုံမည်ဖြစ်သည်။
‘‘အမ်မရီကန်ရဲ့ ပေးပို့မှု ကောင်းလို့ ပထမဂိုးရခဲ့တာပါ။ ဒု တိယဂိုးကတော့ အရမ်းကောင်း ပါတယ်’’ဟု လီဗာပူးနည်းပြ ရော်ဂျာက ပြောကြားပြီး ကော်တင်ဟိုကို ချီးကျူးခဲ့သည်။ ဘော်လ်တန်နည်းပြ နေးလ်လန်နွန်ကမူ ဒိုင်လူကြီး၏ ပွဲကိုင်တွယ်ပုံကို လုံးဝသဘောမကျဟု ပြောကြားပြီး မိမိတို့ ရရှိသော ပင်နယ်တီမှာ ပင်နယ်တီ မဟုတ်ဟု ပြောကြားသည်။

Credit >>> 7day
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment