ကြံ့ခိုင်မှုကောင်း မွန်ရန် ယူ-၂၀ ကစားသမား များကို အစားအသောက် ပုံစံပြောင်းလဲထား


ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပြိုင်ဖက်  အသင်းများနှင့် ယှဉ်ကစား  ရာ၌ကြံ့ခိုင် မှုကောင်းမွန်စေ ရန်အတွက်မြန်မာ ယူ-၂၀ ကစားသမား များကို အစားအသောက် ပုံစံပြောင်းလဲ ထားသည်ဟု အသင်းမန်နေဂျာ ဦးစိုးဝင်း ကပြောသည်။
မြန်မာယူ-၂၀အသင်းမှာ ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားတွင် အိမ်ရှင်နယူးဇီလန်၊ ယူကရိန်း၊ အမေရိကန် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်နေ ပြီးပြိုင်ဖက် အသင်းကစားသမားများမှာမြန်မာကစားသမားများထက်ကြံ့ခိုင်မှုနှင့်နည်းစနစ်ပိုင်းသာလွန်သည့်အတွက် စနစ်တကျ ကြိုတင်ပြင်ဆင်မှု များပြုလုပ်နေခြင်းဖြစ် သည်။
`ကစားသမားတွေကို အခုကတည်းက အစားအသောက် ပုံစံတွေပြောင်း လဲကျွေးမွေးနေ ပါတယ်။ ကျွန်တော်တို့ပွဲ ကစားမယ့်နေ့ဆို ထမင်းတောင် သိပ်မစား ခိုင်းပါဘူး။ထမင်းအစား အခြားဖြည့်စွက်အာဟာရ နဲ့အစားထိုးနေပါတယ်။ ဂျာမနီကြံ့ခိုင်ရေးနည်းပြနဲ့အကြောပြင် ဆရာမတို့က ကလေးတွေ စားသောက်ပုံကို စနစ်တကျ ကြီးကြပ်ပေးနေ ပါတယ်။ ပြိုင်ပွဲကာလအထိ ဒီပုံစံပဲ သွားမှာပါ။´ ဟု ဦးစိုးဝင်းက
မြန်မာယူ-၂၀ အသင်းမှာကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီတွင်မန္တလေးမြို့၌ သုံးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဂျာမနီ၊အင်္ဂလန်၊ သြစတြေးလျနိုင် ငံများသို့ သွားရောက်လေ့ ကျင့်ရန်လည်း စီစဉ်ထားသည်။
ထို့အပြင် မြန်မာ အသင်း၏ အုပ်စု တွင်းပြိုင်ဖက် အသင်းများနှင့် ကစားပုံ တူညီသော အသင်းများကို ဖိတ်ကြားကာ ရန်ကုန်မြို့တွင် ဖိတ်ခေါ်ပြိုင်ပွဲ တစ်ရပ် ထပ်မံကျင်းပ ရန်လည်း စီစဉ် ထားသည်
 
Credit >>>Mizzima
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment