သပိတ်မှောက်ကျောင်းသားများကို ထောက်ခံသော လှုပ်ရှားမှုတွင် ကိုရီးယားကျောင်းသားများ ပါဝင်ဆင်နွှဲ

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက်နေသော ကျောင်းသားများကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲနှင့် ပြည်သူများက ကျောင်းသားများအား ၀န်းရံပေးရန် လှုံ့ဆော်သော လမ်းလျှောက်ပွဲကို ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၈ ရက်က ပထမဆုံးအကြိမ်ကျင်းပရာ ပါဝင်ဆင်နွှဲခဲ့သော ကိုရီးယားကျောင်းသူ၊ကျောင်းသားအချို့အားတွေ့ရစဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးလမ်းလျှောက် ဆန္ဒပြ ကျောင်းသားသပိတ်ကို ထောက်ခံသော လူထုလှုပ်ရှားမှုတွင် မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ကိုရီးယား ကျောင်းသားများ ပါဝင်ခဲ့သည်။

  သပိတ်မှောက်ကျောင်းသားများကို ထောက်ခံသော လူထုလှုပ်ရှားမှုကို တွေ့ရစဉ်


 ရန်ကုန်မြို့တွင် စတင်ပြု လုပ်သည့် ကျောင်းသားသပိတ် ထောက်ခံသော လှုပ်ရှားမှုကို ဗိုလ်စိန်မှန်ကွင်းမှ  ဆူးလေစေတီ၊ မြို့တော်ခန်းမရှေ့သို့ ဦးတည် ချီတက်ခဲ့ရာ ကိုရီးယား ကျောင်းသားများက ဗိုလ်စိန်မှန်ကွင်းမှ တာမွေဈေးကျော်သည်ထိ လိုက်ပါခဲ့ခြင်းဖြစ်သည်။

‘‘ကိုရီးယားကျောင်းသားတွေ ဒီလိုအလည်အပတ်ရောက်နေချိန်မှာ ကျောင်းသားသပိတ် လှုပ်ရှားမှုရှိတယ်လို့ သိရတဲ့အတွက် လာရောက်ပါဝင်တာပါ။  ကျောင်းသား ဆယ်ယောက်ကျော် ပါတယ်။ ဘယ်တက္ကသိုလ်ကလဲဆိုတာတော့ မပြောသွားပါဘူး’’ ဟု ကျောင်းသားသပိတ်ထောက်ခံ သော လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူကပြောသည်။
ကျောင်းသားသပိတ်ကို ထောက်ခံသော လူထုလှုပ်ရှားမှုတွင် ကိုရီးယားကျောင်းသားများ ပါဝင်နေမှုနှင့် ပတ်သက်၍ တာမွေမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းရာ ထူးခြားမှတ်တမ်းတင်ထားခြင်းမရှိကြောင်း ပြန်လည်ဖြေကြားသည်။
ရန်ကုန်မြို့သို့ ဦးတည်ချီ တက်လာသည့် ကျောင်းသား သပိတ် စစ်ကြောင်းများကို ထောက်ခံသော လူထုလှုပ်ရှားမှုတွင် အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် စိတ်ဝင်စားသူ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
Credit >>> 7day
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment