သပိတ်မှောက်ကျောင်းသားများအား တားဆီးရန်ပြင်ဆင်နေသည့် မကွေးတိုင်းနှင့်ပဲခူးတိုင်းနယ်ကြားရှိ ယုန်ဖြူတောင်တွင် အာဏာပိုင်များက အရပ်ဝတ်ဖြင့်လုံခြုံရေး ၂၀၀ ခန့်ကို ယနေ့နံနက် ၁၀ နာရီအချိန်က တိုးမြှင့်ချထားလိုက်ပြီး ပဲခူးတိုင်းလုံခြုံရေးနှင့်းနယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးသက်ထွန်းကိုယ်တိုင်လာရောက်ဦးစီးကွပ်ကဲနေကြောင်း ယုန်ဖြူတောင်တွင်ရောက်ရှိနေသည့်7Day သတင်းထောက်က သတင်းပေးပို့သည်။
ယုန်ဖြူတောင်တွင် သပိတ်မှောက်ကျောင်းသားများအား တားဆီးမည့်သတင်းများကြောင့် လူစုလူဝေးများဖြစ်ပေါ်လျက်ရှိသည်။
ပြည်မြို့လူမူအသင်းအဖွဲ့များမှကားများနှင့် ရန်ကုန်နာရေးကူညီမှုအသင်းမှကားအစီး ၃၀ ကျော်သည် ယုန်ဖြူတောင်တွင် စောင့်ဆိုင်း
လျက်ရှိသည်။
ပြည်တက္ကသိုလ်များရှိကျောင်းသားများသည် သပိတ်မှောက်ကျောင်းသားများအားကြိုဆိုရန် ဆိုင်ကယ်များ၊ကားများဖြင့် ယုန်ဖြူတောင်နှင့် ၃ မိုင်အကွာရှိ အောင်ကြည်သာရွာတွင်လာရောက်စောင့်ဆိုင်းလျက်ရှိသည်။
"ပညာရေးဥပဒေထဲမှာအချို့အချက်တွေကိုမကြိုက်ဘူး။ဒါကိုထောက်ခံလို့ လာကြိုတာ"ဟု ပြည်နည်းပညာတက္ကသိုလ်မှ ကျောင်းသား တစ်ဦးကပြောသည်
Credit >>> 7Day



0 comments:
Post a Comment