ပင်သစ်နိုင်ငံတွင် ရဲတပ်ဖွဲ့ဝင် သုံးဦးကို ဓားဖြင့်တိုက်ခိုက် ခဲ့သည့် အမျိုးသား တစ်ဦးကို ယင်းနိုင်ငံ ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုသည် နိုင်ငံ အလယ်ပိုင်း တူးမြို့ ဆင်ခြေဖုံးရှိ ယူးလေတူး အရပ်ရှိ ရဲစခန်းတွင် ဒီဇင်ဘာ ၂ဝ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် များကို ဓားဖြင့် တိုက်ခိုက်ခဲ့ သူသည် တိုက်ခိုက်ခြင်း မပြုမီ မွတ်ဆလင် ဘာသာရေး ဆိုင်ရာ ကြွေးကြော်မှု တစ်ခုကို ကြွေးကြော် ခဲ့ကြောင်း ပြင်သစ် ပြည်ထဲရေး ဝန်ကြီး ဘားနက် ကာဇေနျူး က ပြောကြားခဲ့သည်။
ယင်း တိုက်ခိုက်မှုသည် အလွန် ဆိုးရွားသည့် အကြမ်းဖက် တိုက်ခိုက်မှု တစ်ရပ်ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားထားပြီး အဆိုပါ အကြမ်းဖက် သမားသည် တိုက်ခိုက်မှုကို တစ်ဦးတည်း သို့မဟုတ် အဖွဲ့အစည်း တစ်ခုခု၏ ညွှန်ကြားချက် အရ လုပ်ဆောင်ခဲ့ခြင်း ဟုတ်၊ မဟုတ် ကို အာဏာပိုင် များက စုံစမ်း စစ်ဆေးလျက် ရှိသည်။ ရဲတပ်ဖွဲ့၏ ပစ်သတ်ခံ ခဲ့ရသည့် အမျိုးသား သည် ယခင်က ပြစ်မှုများကို ကျူးလွန်ခဲ့ဖူး သော်လည်း ပြင်သစ် ထောက်လှမ်းရေး အဖွဲ့များ၏ စောင့်ကြည့်ရေး စာရင်းတွင် ပါဝင်ခြင်း မရှိကြောင်း အစိုးရရှေ့နေ တစ်ဦးဖြစ်သူ ယင်းလက်ခ်ဘက် က ဒေသတွင်း ရုပ်သံ သတင်းဌာန တစ်ခုကို ပြောကြား ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုတွင် ဒဏ်ရာ ရရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင် များမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ တွင်မရှိကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့ကြောင်း သိရသည်။
0 comments:
Post a Comment