လက်ပံတောင်းပဋိပက္ခအတွင်း ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ



လက်ပံတောင်းကြေးနီစီမံကိန်းဧရိယာမှာ ရဲနဲ့ ဒေသခံတွေအကြား ပဋိပက္ခဖြစ်ရာမှာ ရဲက သေနတ်နဲ့ ပစ်ခတ်လို့ အသက်ငါးဆယ်အရွယ် ရွာသူ တဦး သေဆုံးပြီး လူလေးဦးခန့် သေနတ်ဒဏ်ရာရသွားပါတယ်။
လျော်ကြေးမယူတဲ့ မြေယာတွေပေါ်မှာ ၀မ်ပေါင် ကုမ္ပဏီက ခြံစည်းရိုးခတ်တဲ့အတွက် ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်ပွားပြီး ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသ ၄ ဦးထက်မနည်း ဒဏ်ရာရရှိသွားတာဖြစ်တယ်လို့ ဆည်းတည်းရွာသားတဦးက ဒီဗွီဘီကို ပြောပါတယ်။
“နောက်ဆုံးအခြေအနေကတော့ ခုလောလောဆယ် မိုးကြိုးပြင်အလယ်ရွာက ဒေါ်ခင်ဝင်းဆိုတာ သေသွားပြီး ရဲက ဒိုင်းကာတွေနဲ့ ထိုင်စောင့်နေတာ။ ဒေသခံတွေက ရှေ့ တက်ရင် ပစ်မှာပဲလို့ ပြောပြီး လျော်ကြေးမယူတဲ့အခင်းတွေဘက်ကို ခြံစည်းရိုးခတ်ရာမှာ မတိုးဖို့ တားရင်းနဲ့ ပစ်ခတ်မှုဖြစ်တာ"လို့ဆိုပါတယ်။
ဒီဗီဘီက သေနတ်ဒဏ်ရာကြောင့် အနည်းဆုံး လေးဦးထိခိုက်ဒဏ်ရာရတယ်လို့သာ ကြားသိရပြီး အစိုးရဘက်က မပြောသေးသလို ရဲတပ်ဖွဲ့ကို မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။လက်ရှိမှာတော့ ဒေသခံရဲတပ်ဖွဲ့အင်အား ၉ ရာလောက်နဲ့လာရောက်ဝိုင်းထားပြီး ဒေခသံတွေကဖက်တော့ မိုးကြိုးပြင်၊ ဆည်တည်း၊ တုံရွာ အစရှိတဲ့ ရွာတွေက ဒေသခံတွေ လာရောက်ပြီး တားဆီးမှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ မိုးကြိုးပြင်အလယ်ရွာက ဦးဖို့လပြည့်က ပြောပါတယ်။
ဆည်တည်းရွာမြောက်ဖက် လိပ်ခွံတောင်ခြေဒေသတ၀ိုက်က လယ်ကွင်းတွေကို ၀မ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ဖို့ ကြိုးစားရာကနေ ဒီမနက် ၈ နာရီလောက်ကတည်းက ပဋိပက္ခဖြစ်တာလို့ ဆည်တည်းရွာခံ ကိုအောင်ဌေးနိုင်က ဒီဗီဘီကို ပြောပါတယ်။အခင်းဖြစ်ပွားရာဒေသမှာ စီမံကိန်းနေရာအတွက် လယ်မြေသိမ်းယူထားပြီး တချို့ ဒေသခံတွေကတော့ လျော်ကြေးမယူဘဲ အဲဒီလယ်မြေမှာ စိုက်ပျိုးလုပ်ကိုင်ကြတာပါ။လက်ရှိမှာတော့ ၀မ်ပေါင်ကုမ္ပဏီကနေပြီး အဲဒီလျော်ကြေးမယူတဲ့ဒေသခံရဲ့ လယ်မြေ ၁၀၀၀ ကျော်ကို ခြံစည်းရိုးခတ်ဖို့ ကြိုးစားရင်း ဒေသခံနဲ့ ပဋိပက္ခဖြစ်ပွားနေတာဖြစ်ပါတယ်။
Credit >>> ဒီဗွီဘီ
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment