လက်ပန်တောင်းမှာ ရဲ ပစ်လို့ တစ်ဦးသေ


မုံရွာတစ်ဖက်ကမ်း လက်ပံတောင်း ကြေးနီစီမံကိန်း ဧရိယာမှာ လျော်ကြေးမယူရသေးတဲ့ မြေတွေကို ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်တာကြောင့် ဒေသခံတွေနဲ့ အချင်းများရာက ရဲတပ်ဖွဲ့ ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပြီး မိုးကြိုးပြင်အလယ်ရွာက အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်ဝင်း သေနတ်ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

သေနတ် ဒဏ်ရာ ရသူ နောက်ထပ် ၃ယောက်ရှိပြီး ၇ ယောက်လည်း လေးခွဒဏ်ရာတွေ ရရှိသွားတယ်လို့ ဆိုပါတယ်။

ရဲ တပ်ဖွဲ့ဝင်တွေ ဖက်မှာလည်း မျက်လုံးနဲ့ ဦးခေါင်းကို လေးခွ ထိမှန် ခံရသူတွေ ရှိတယ်လို့ တိုင်းအစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

Credit >>> ဘီဘီစီ (မြန်မာပိုင်း)
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment