မြန်မာယူ-၂၀ အသင်းနှင့် ပူးတွဲလေ့ကျင့်နေသည့် ဟိန်းထက်မက်အာသာကို တွေ့ရစဉ်/ဓာတ်ပုံ - ဗိုလ်ဗိုလ်ဝင်း
ကမ္ဘာ့ယူ-၂၀ ဘောလုံးပြိုင်ပွဲ အတွက် ပြင်ဆင်နေသည့် မြန်မာ ဘောလုံးအသင်းတွင် အသက် (၁၇)နှစ်အရွယ်ရှိ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသား ဂိုးသမား တစ်ဦးလာရောက်ပူးပေါင်းလေ့ ကျင့်လျက်ရှိကြောင်း သတင်းရရှိ သည်။
အမေရိကန်နိုင်ငံတွင် လက် ရှိနေထိုင်လျက်ရှိပြီး အပျော်တမ်း နှင့် ကျောင်းအဆင့်ဘောလုံးပြိုင် ပွဲများ၌ ဂိုးသမားအဖြစ် ပါဝင် ကစားနေသည့် ဟိန်းထက်မက် အာသာသည် မြန်မာမိခင်နှင့် အမေရိကန်နိုင်ငံသားဖခင်တို့မှ မွေး ဖွားသူဖြစ်သည်။
အရပ်ခြောက်ပေသုံးလက်မ အမြင့်ရှိ ဟိန်းထက်မက်အာသာ သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်မှ စတင်ကာ မြန်မာယူ-၂၀ အသင်းနှင့်အတူ ပူးတွဲလေ့ကျင့်မှု များပြုလုပ်နေခြင်းဖြစ်ကြောင်း အသင်းတာဝန်ရှိသူတစ်ဦးကပြော သည်။
‘‘တူရကီလေ့ကျင့်ရေးခရီး စဉ်က ပြန်လာပြီး မြန်မာယူ-၂၀ အသင်းကို ဖေဖော်ဝါရီ ၅ ရက်က ပြန်လည်လေ့ကျင့်မှုပြုလုပ်နေပါ တယ်။ ဟိန်းထက်မက်အာသာ လည်း မြန်မာယူ-၂၀ အသင်းနှင့် အတူ လေ့ကျင့်မှုလာရောက်ပြုလုပ်လျက်ရှိပါတယ်’’ဟု မြန်မာယူ -၂၀အသင်းတာဝန်ရှိသူကဆိုသည်။
ဟိန်းထက်မက်အာသာသည်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဝက်ဘ်ဆိုက်တွင် မြန်မာယူ -၂၀ အသင်းသတင်းများကို ကြည့်ရှုပြီးနောက် အသင်းတွင်ပါဝင်ခွင့် ရရန်အတွက် ၎င်း၏ ဂိုးဖမ်းပြကွက် များပါဝင်သည့် ရုပ်သံပြကွက်များ နှင့်အတူ မေးလ်ပို့ကာ ဘောလုံး အဖွဲ့ချုပ်သို့ ကမ်းလှမ်းခဲ့ခြင်းဖြစ် သည်။
မြန်မာယူ-၂၀ အသင်းနည်း ပြချုပ် ဂတ်ဖရိုင်းဒရစ်၏ ဆန္ဒအရ အဆိုပါမြန်မာနွယ်ဖွား အမေရိ ကန်နိုင်ငံသား ဂိုးသမား၏ ဂိုးဖမ်း စွမ်းရည်ကို လေ့လာမည်ဟု အ ကြောင်းပြန်ခဲ့ပြီး ယခုကဲ့သို့ လာ ရောက်ပူးပေါင်းလေ့ကျင့်နေခြင်း ဖြစ်သော်လည်း အမေရိကန်နိုင်ငံ သားဖြစ်သည့်အတွက် မြန်မာယူ -၂၀ အသင်းတွင် ပါဝင်ခွင့်ရရန် ခက်ခဲမည့် အနေအထားဖြစ် ကြောင်း အဖွဲ့ချုပ်တာဝန်ရှိသူက ပြောသည်။
‘‘ဟိန်းထက်မက်အာသာအ နေနဲ့ အမေရိကန်နိုင်ငံသားဖြစ်နေ တဲ့အတွက် မြန်မာယူ-၂၀ အ သင်းမှာ ပါဝင်ခွင့်ရဖို့ကတော့ ခက်ခဲမယ့်အနေအထားပါ။ ဒါပေမဲ့ မြန်မာယူ-၂၀ အသင်းနဲ့ လာ ရောက်ပူးပေါင်းလေ့ကျင့်ခွင့်ရတဲ့ အတွက် ဂုဏ်ယူတယ်လို့ပြောပါ တယ်’’ဟု အဖွဲ့ချုပ်တာာဝန်ရှိသူ ကပြောသည်။
Credit >>> 7Day
_0.jpg)
0 comments:
Post a Comment