ဆိုင်ရှင်ဟောင်းရဲ့ ဝိဥာဉ်ကို CCTV မှာ အမှတ်မထင်ရိုက်ကူးမိခဲ့


လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သေဆုံးသွားခဲ့တဲ့ အဝတ်ဆိုင်ပိုင်ရှင်ဟောင်းရဲ့ ဝိဥာဉ်ဟာ ညဘက်မှာ လျှောက်သွားနေပြီး အရင်တုန်းက သူအလုပ်လုပ်ခဲ့တဲ့ နေရာမှာ ငြိမ်သက်နေခဲ့တာကို CCTV ကင်မရာကနေ တစ်ဆင့် အမှတ်မထင်ရိုက်ကူးမိခဲ့တယ်လို့ သိရပါတယ်။ ဟော့ပ်ကင်းစတိုးဟာ နော့တင်ဟမ်အရပ်မှာတည်ရှိတာဖြစ်ပြီး ၁၈၈၀ ပြည့်နှစ်တွေတည်းက ဒီလုပ်ငန်းကို ဘိုးဘွားအစဉ်အဆက် ပြုလုပ်လာခဲ့တာဖြစ်ပြီး ဒီအထည်လုပ်ငန်းဟာ ဟော့ပ်ကင်းကုမ္ပဏီဆိုပြီး နာမည်ကျော်ကြားခဲ့တာဖြစ်ပါတယ်။

ဒီ လုပ်ငန်းကိုတော့ နောက်ပိုင်းမှာလည်း အခုလိုပဲ ဆက်လက်ပြုလုပ်နေခဲ့ပြီး တန်ဖိုးနည်း အဝတ်အထည်ဆိုင်တစ်ခုအဖြစ် နော့တင်ဟမ်မှာ နာမည်ကြီးတယ်လို့ သိရပါတယ်။ ဒီဆိုင်မှာတော့ ခေတ်အရ CCTV ကင်မရာတပ်ဆင်ထားခဲ့ပြီး တစ်နေ့မှာတော့ ဟိုးအရင်ဆိုင်ရှင်ဟောင်းဖြစ်သူ မိန်းမကြီးရဲ့ ဝိဥာဉ်ဟာ အခုလို လျှောက်သွားနေခဲ့တာကို အခုလိုပဲ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဆိုင်ရဲ့ လက်ရှိ မန်နေဂျာဖြစ်သူ အစ်ဇီကတော့ "ကျွန်တော် ဒီပုံရိပ်ကို မြင်ရတော့ ဖျားချင်သလိုတောင် ဖြစ်သွားတယ်။ ကျွန်တော် ဒါမျိုးတွေကို အရင်တုန်းက မမြင်ခဲ့ဖူးသလို အယုံအကြည်လည်း မရှိခဲ့ပါဘူး။ ကျွန်တော်ဒီဆိုင်မှာ တစ်ယောက်တည်းမနေရဲတော့ဘူး။ ဈေးဝယ်တွေကတော့ မေးကြတယ်။ ညဆို သရဲမခြောက်ဘူးလားဆိုပြီးတော့ပေါ့။ကျွန်တော်ကတော့ ဒီသရဲ့တွေနဲ့ ရင်းနှီးအောင်နေသွားမယ်။ အခင်ဆုံး ဝိဥာဉ်မိတ်ဆွေတွေပေါ့ " လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီလို CCTV ကင်မရာကနေ ဝိဥာဉ်ပုံဖမ်းယူနိုင်ခဲ့တာဟာဆိုရင်တော့ တမင် Edit လုပ်ထားတာမဟုတ်ဘူးလို့လည်း မန်နေဂျာ အစ်ဇီက ပြောကြားသွားခဲ့ပါတယ်။

( Beauty Syh )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment