ချန်ပီယံအသင်းအဖြေထွက်နိုင်တဲ့ အယ်လ်ကလက်စီကိုဒါဘီ


လာလီဂါချန်ပီယံအသင်းကို အဖြေထုတ်ပေးမယ့် အက်လ်ကလက်စီကို
ဥရောပထိပ်တန်းလိဂ်တွေ ကြားထဲမှာ ဂုဏ်သိက္ခာအရှိဆုံးနဲ့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပွဲစဉ် တစ်ပွဲကို ပရိသတ်တွေ ကြည့်ရှုရ ပါတော့မယ်။ အယ်ကလက်စီကို ဒါဘီလို့ လူသိများတဲ့ ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ်တို့ပွဲစဉ်ဟာ ဒီ တစ်ပတ်ကမ္ဘာဘောလုံးလောက ကို လွှမ်းမိုးထားမှာ သေချာပါ တယ်။
ပွဲစဉ် ၂၇ ကစားလို့အပြီးမှာ ရီးရဲလ်မက်ဒရစ်ဟာ ထိပ်ဆုံးက ဘာစီလိုနာအောက် တစ်မှတ် လျော့အကွာနဲ့ ရပ်တည်နေရတာ ဖြစ်လို့ ဒီပွဲရလဒ်ဟာ အဆင့်ရပ် တည်မှု အပြောင်းအလဲကိုလည်း ဖြစ်သွားစေနိုင်ပါတယ်။ ဒါတင်မ ကဘဲ ဒီရာသီအတွက် လာလီဂါ ချန်ပီယံဘယ်သူဖြစ်မလဲဆိုတာ ကိုပါ အဖြေထုတ်ပေးနိုင်လောက် တဲ့အထိ ဒီပွဲက အရေးပါနေတယ်။ ရှေ့မှာ လျှောက်ရမယ့်လာလီဂါ ခရီးလမ်းက သိပ်များများကျန်တာ တော့ မဟုတ်လို့ နှစ်သင်းစလုံးအ တွက် ဒီပွဲစဉ်က ဗိုလ်လုပွဲတစ်မျှ အရေးပါနေပါပြီ။ လာမယ့် ဥရော ပချန်ပီယံလိဂ်ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲတွေမှာ မတွေ့ရဘူးဆိုရင် ဒီနှစ်သင်းအ တွက် ဒီပွဲစဉ်ဟာ နောက်ဆုံးပွဲစဉ် လည်း ဖြစ်လာပါလိမ့်မယ်။ ချန်ပီ ယံအသင်းကိုပါ အဆုံးအဖြတ်ပေး နိုင်စွမ်းရှိနေတဲ့ ပွဲဖြစ်လို့ နှစ်သင်း လုံးရဲ့ အားစိုက်ထုတ်မှုဟာ အမြင့်မားဆုံးမှာ ရှိနေဦးမှာပါ။
ကိန်းဂဏန်းများနဲ့ အယ်လ်ကလက်စီကို သမိုင်းကြောင်း
ဒီဘက်ခေတ် အယ်ကလက် စီကို ပွဲစဉ်တွေဟာ မက်ဆီနဲ့ ရော် နယ်ဒိုရဲ့ အားပြိုင်မှုဖြစ်တယ်ဆို လည်း မမှားပါဘူး။ အယ်ကလက် စီကိုဒါဘီမှာ မက်ဆီက ၂၉ ပွဲကစား ပြီး ၂၁ ဂိုးသွင်းထားပါတယ်။ ရော်နယ်ဒိုကတော့ ၁၄ ဂိုးပဲသွင်းထား နိုင်လို့ မက်ဆီလောက်မများပါ ဘူး။ တကယ်တမ်းမှာလည်း အယ်ကလက်စီကိုပွဲတွေဆိုရင် မက်ဆီ က ပိုပြီးခြေစွမ်းပြတတ်သလို အ ဆုံးအဖြတ်လည်း ပေးတတ်တဲ့ ကစားသမားဖြစ်ပါတယ်။
သမိုင်းမှာ အယ်ကလက်စီ ကိုပွဲအများဆုံး ကစားဖူးတဲ့ ကစားသမားကတော့ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း ပါကိုဝန်တို ဖြစ်ပါတယ်။ လက်ရှိကစားနေတဲ့ ကစားသမားတွေထဲမှာဆိုရင် ဇာ ဗီက ၄၁ ပွဲနဲ့ အများဆုံးဖြစ်ပြီး ရီးရဲလ်ဂိုးသမား ကာဆီးလက်က ၃၆ ပွဲနဲ့ ဒုတိယအများဆုံး ဖြစ်ပါ တယ်။ အယ်ကလက်စီကိုတစ် လျှောက်မှာ ရီးရဲလ်မက်ဒရစ်က ၉၂ ပွဲနိုင်ပြီး ဘာစီလိုနာက ၈၉ ပွဲ နိုင်ပါတယ်။ ကျန်တဲ့ ၄၈ ပွဲကတော့ သရေနဲ့သာ ပြီးဆုံးခဲ့တာပါ။
ဘာစီလိုနာဘက်ကို ရီးရဲလ် မက်ဒရစ်သွင်းခဲ့တဲ့ ဂိုးပေါင်း ၃၈၈ ဂိုးရှိပြီး ဘာစီလိုနာရတဲ့ ဂိုးထက် ၁၆ ဂိုးပိုများပါတယ်။ ဒီဘက်ခေတ်မှာ အယ်ကလက်စီကိုပွဲတိုင်းကို ကမ္ဘာတစ်ဝှမ်းက ကြည့်ရှုတဲ့ ပရိ သတ်ဟာ ပျမ်းမျှသန်း ၅၀၀ လောက်ရှိတယ်လို့ တွက်ချက်ထားပါ တယ်။
ချန်ပီယံလောင်း နှစ်သင်းရဲ့ ကံ ကြမ္မာအလှည့်အပြောင်း
၂၀၁၅ မရောက်ခင်အထိ ပထမရာသီဝက်မှာ ရီးရဲလ်မက်ဒ ရစ်ရဲ့ ခြေစွမ်းက အမြင့်မားဆုံးကို ပိုင်ဆိုင်ထားခဲ့တယ်။ လာလီဂါ အပါအ၀င်ပြိုင်ပွဲစုံ ၂၂ ပွဲဆက် တိုက် အနိုင်ရတယ်ဆိုတဲ့ စံချိန်ကို ဂုဏ်သိက္ခာရှိရုံသာမက ရီးရဲလ် မက်ဒရစ်ကို ဘာစီလိုနာနဲ့ လေး မှတ်ဖြတ်ပြီး ဦးဆောင်စေတဲ့ အ ခြေအနေကိုပါ ရောက်သွားခဲ့ပါ တယ်။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ် ဟာ အကောင်းဆုံးခြေစွမ်းကို ကြာကြာပိုင်ဆိုင်ခွင့်မရလိုက်ပါဘူး။ ၂၀၁၅ ထဲ အရောက် ပထမဆုံးပွဲ အဖြစ် လာလီဂါမှာ ဗီလာရီးရဲလ် ကို ရှုံးခဲ့ရပါတယ်။ ခြေစွမ်းမတည်ငြိမ်တော့တဲ့ အကျိုးဆက်အဖြစ် ၂၂ ပွဲဆက်တိုက် နိုင်ပွဲရပြီး နောက်ပိုင်း ၁၆ ပွဲမှာ ငါးပွဲတိတိရှုံးတဲ့ ရီးရဲလ်မက်ဒရစ်ဖြစ်လာခဲ့ပါ တယ်။ဘာစီလိုနာကတော့ ရီးရဲလ်မက်ဒရစ်နဲ့ ပြောင်းပြန်ရလဒ်တွေ ကို ဒုတိယရာသီဝက်မှာ ယူနိုင်ခဲ့ တယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ဆိုစီဒက်ကို ရှုံးပြီးနောက်ပိုင်းမှာ ဘာစီလိုနာဟာ နိုင်ပွဲတွေ ဆက် တိုက်ပြန်ရလာခဲ့ပါတယ်။ ဒီကြား ထဲမှာ မာလာဂါတစ်သင်းတည်း ကို ရှုံးခဲ့တဲ့ပွဲကလွဲလို့ ကျန်ပွဲတွေ အားလုံးကို သရေတောင်မဟုတ် ဘဲ အားလုံးနိုင်ပွဲယူနိုင်ခဲ့ပါတယ်။ ၁၈ ပွဲမှာ ၁၇ ပွဲနိုင်ခဲ့တဲ့ ရလဒ် ကြောင့် အရင်က လေးမှတ်ကွာနေတဲ့ ရီးရဲလ်မက်ဒရစ်ကို ကျော်ပြီး အမှတ်ပေးဇယားထိပ်ပိုင်းကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။
အဓိကကျတဲ့ သုံးယောက်တွဲ တိုက်စစ်
အယ်ကလက်စီကို ပြိုင် ဘက်နှစ်သင်းက ကစားပုံမတူကြ ပေမယ့် တူတာတစ်ခုကတော့ ထိပ်သီးတိုက်စစ်တွဲ ကစားသမား သုံးယောက်စီရှိနေကြတာပါပဲ။ ဘာစီလိုနာဘက်မှာ တိုက်စစ်မှူး မက်ဆီ၊ နေမာနဲ့ ဆွာရက်ဇ်တို့ ရှိ နေပြီး ရီးရဲလ်မက်ဒရစ်ဘက်မှာ ရော်နယ်ဒို၊ ဂါရက်ဘေးလ်နဲ့ ဘန် ဇီမားတို့ရှိနေပြန်တယ်။
    အန်ဆယ်လော့တီလက်ထက် မှာ ရီးရဲလ်မက်ဒရစ်ရဲ့ တန်ပြန် တိုက်စစ်က ကမ္ဘာပေါ်မှာ အ ကောင်းဆုံးတန်ပြန်တိုက်စစ်ဆို ပြီး ချီးကျူးကြတာရှိပါတယ်။ ပထမရာသီဝက်တုန်းကလည်း ရီး ရဲလ်မက်ဒရစ်ဟာ အကောင်းဆုံး တန်ပြန်တိုက်စစ်တွဲနဲ့ ဘာစီလိုနာ ကို ၃-၁ ဂိုးသွင်းပြီး အနိုင်ရခဲ့တာ ဖြစ်တယ်။ ဘာစီလိုနာမှာလည်း အရင်က ကွင်းလယ်အဓိကကျပေ မယ့် အခုတော့ တိုက်စစ်သုံး ယောက်တွဲက ပိုပြီး အဓိကျလာ နေတာ တွေ့ရတယ်။ အထူးသ ဖြင့် မက်ဆီဟာ ဆွာရက်ဇ်ကြောင့်ဂိုးသွင်းခွင့်တွေ ပိုရလာသလို လွတ်လွတ်လပ်လပ် လှုပ်ရှားလာ နိုင်ခဲ့တာလည်း ထင်ရှားပါတယ်။
ဆွာရက်ဇ်ဟာ ဒီရာသီမှာ ၁၃ ဂိုးသွင်းပြီး ၁၀ ဂိုးဖန်တီးပေး ထားနိုင်ခဲ့တာကြောင့် အသင်းမှာ တန်ဖိုးအထားရဆုံး ကစားသမား လို့လည်း ပြောနိုင်ပါတယ်။ တိုက် စစ်မှူးတစ်ယောက်ဖြစ်ပေမယ့် ဂိုး ဖန်တီးပေးမှု ၁၀ ကြိမ်ရှိနေတာ ဟာ တကိုယ်ကောင်းမဆန်တဲ့ စိတ်ဓာတ်ကိုလည်း ပြသနေတယ်လို့ ဆိုနိုင်တယ်။ ရီးရဲလ်မက်ဒရစ် ဘက်မှာတော့ တိုက်စစ်မှူး ဘန် ဇီးမား ၂၀၁၅ ထဲမှာ ဂိုးပေါက် ပျောက်နေတဲ့ ပြဿနာဖြစ်နေ တယ်။ မှတ်မှတ်ရရ ဘန်ဇီမားဟာ ၂၀၁၅ ရောက်ကတည်းက ဖေ ဖော်ဝါရီမှာ နှစ်ဂိုး၊ ဇန်န၀ါရီမှာ နှစ်ဂိုး စုစုပေါင်း လေးဂိုးပဲ သွင်းထား  နိုင်တဲ့ ကစားသမားဖြစ်နေတယ်။ ရာသီအစက ခြေစွမ်းမျိုးကို ဘာစီ လိုနာနဲ့ပွဲမှာ ဘန်ဇီမားပြန်မရဘူး ဆိုရင်တော့ စိုးရိမ်စရာဖြစ်လာပါ လိမ့်မယ်။
ခန့်မှန်းသုံးသပ်ချက်
ဘာစီလိုနာနည်းပြ အင်းန ရစ်ဟာ သူ့လက်ထက်မှာ အင်နီ ယေစတာနဲ့ ရာကီတစ်တို့ကို အ ရေးကြီးပွဲတွေမှာ ထုတ်သုံးလေ့ရှိ တယ်။ အမြဲတမ်းလိုလိုလည်း အ လုပ်ဖြစ်ခဲ့တာတွေ့ရပါတယ်။ ဒီပွဲ မှာလည်း ဘာစီလိုနာကွင်းလယ် မှာ အင်နီယေစတာ၊ ရာကီတစ်၊ မာရှေယာနိုတို့ကို ပွဲထုတ်လာဖို့ များပါတယ်။ ရီးရဲလ်မက်ဒရစ်က လည်း တိုနီခရူးစ်၊ အစ္စကို၊ မိုဒရစ် တို့ကို ကွင်းလယ်မှာ ထားလာနိုင် တယ်။ ဘာစီလိုနာဟာ ညာခြမ်း က အဲလ်ဗက်စ်၊ ရာကီတစ်၊ မက် ဆီတို့ သုံးဦးရဲ့ တရပ်စ်ထိုးဖောက် ချက်တွေနဲ့ ရီးရဲလ်ကို ဂိုးသွင်းဖို့ ကြိုးစားပါလိမ့်မယ်။
ဘာစီလိုနာက ပြီးခဲ့တဲ့ရက် ပိုင်းက မန်စီးတီးနဲ့ ကစားခဲ့ပေ မယ့် ပွဲပန်းတယ်လို့ ဆိုနိုင်ပါဘူး။ မန်စီးတီးပွဲကို သက်သက်သာသာ နဲ့ အသာစီးက ကစားခဲ့ရတာဖြစ် သလို ဒီပွဲကိုလည်း အိမ်ကွင်းမှာ ကစားမှာ ဖြစ်တာကြောင့် ပွဲပန်း မှုသိပ်မရှိနိုင်ပါဘူး။ စိတ်ဓာတ် ပိုင်းမှာ လက်ရှိအချိန် ဘာစီလိုနာ က အနည်းငယ်အသာစီးရနေ တယ်လို့ ဆိုနိုင်ပါတယ်။ မန်စီးတီး နဲ့ပွဲက ခြေစွမ်းမျိုး မက်ဆီထပ်ပြ နိုင်ဦးမယ်ဆိုရင် ရီးရဲလ်မက်ဒရစ် မလွယ်ပါဘူး။ အယ်ကလက်စီကိုဒါဘီမှာ ဂိုးမရှိသရေပွဲဖြစ်တဲ့ပွဲက အတော်လေးရှားပါတယ်။ မဖြစ် တာလည်း အတော်ကြာပါပြီ။
ဒါပေမဲ့ ဒီတစ်ပွဲတော့ နှစ် သင်းလုံးအတွက် မရှုံးဖို့ ပိုအရေး ကြီးနေလို့ ထိန်းကစားကြပါလိမ့် မယ်။ မထင်မှတ်ဘဲ ဂိုးနည်းသွား မယ် ထင်တယ်။ ဘာစီလိုနာ ပ- အကျော့က ရှုံးကြွေးဆပ်ဖို့ သေချာပြင်ဆင်လာပါလိမ့်မယ်။ ဘာစီလိုနာကပ်နိုင်ဖို့ များပါတယ်။ ဘာစီ လိုနာ ၁-၀၊ ၂-၀ လောက်နဲ့ နိုင် သွားမယ် ထင်ပါတယ်။
အန်ဖီးလ်မှာ ရှုံးကြွေးဆပ်ဖို့ ကြိုးစားမယ့် လီဗာပူး
အင်္ဂလန်ဘောလုံးသမိုင်းမှာ အောင်မြင်မှုအရှိဆုံး အသင်းနှစ် သင်းရဲ့ ဒီတစ်ခါတွေ့ဆုံမှုက တော့ ထူးခြားပါတယ်။ ပရီးမီး ယားလိဂ်လို့ ပြိုင်ပွဲကို နာမည် ပြောင်းပြီးနောက်ပိုင်း ဒီနှစ်သင်း ဟာ ပထမဆုံးအကြိမ် ချန်ပီယံ လိဂ်ဝင်ခွင့်နေရာအတွက် တိုက်ပွဲ ၀င်နေကြရတာလည်း ဖြစ်ပါ တယ်။
အန်ဖီးလ်ကွင်းကို သွား ရောက်ကစားရမယ့် မန်ယူအ သင်းဘက်မှာ ဒီမာရီယာပွဲပယ်က လွတ်မြောက်လာလို့ ပြန်လည်ပါ ၀င်လာနိုင်မှာ ဖြစ်ပါတယ်။ အီဗန် ကတော့ ပွဲပယ်ခံထားရတုန်းပါပဲ။ ရိုဟိုနဲ့ လုခ်ရှောတို့ပါဝင်နိုင်ဖို့က လည်း သိပ်မသေချာဖြစ်နေပါ သေးတယ်။ လီဗာပူးဘက်မှာ တိုက်စစ်မှူး ဘာလော့တယ်လီ ပြန်လည်ပါဝင်လာနိုင်မှာ ဖြစ်ပါ တယ်။ ဟိုဆေးလ်အန်းနရစ်၊ ဖလာနန်ဂန်စတဲ့ ကစားသမား တွေတော့ ပါနိုင်မှာမဟုတ်ပါဘူး။
ဒုတိယရာသီဝက်မှာ လီဗာ ပူးရဲ့ ရုန်းကန်နေပုံက အံ့အားသင့် စရာပါ။ ဒီဇင်ဘာတုန်းက မန်ချက်စတာယူနိုက်တက်ကို ရှုံးပြီး နောက်ပိုင်း လီဗာပူးဟာ ရှုံးပွဲမရှိ သေးပါဘူး။ သရေကျခဲ့တဲ့ သုံးပွဲ မှာလည်း လက်စ်တာကို သရေကျခဲ့တာကလွဲလို့ အာဆင်နယ်နဲ့ အဲ ဗာတန်တို့ကို သရေရခဲ့တယ်ဆို တာ လက်ခံပေးလို့ရပါတယ်။ ဒီ ပွဲကို လီဗာပူးအနိုင်ယူလိုက်ရင် တော့ အဆင့် ၄ နေရာရောက် သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မန် ယူနိုင်လိုက်ရင်လည်း အဆင့် ၅ နေရာက လီဗာပူးကို ငါးမှတ်ဖြတ် ထားသလို ဖြစ်သွားမှာပါ။ ဒီပွဲဟာ နှစ်သင်းလုံးရဲ့ ဥရောပ၀င်ခွင့်အ တွက် အရေးကြီးဆုံး ဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ လက်ကျန် ၁၀ ပွဲ မှာ ဒီပွဲထက် အရေးကြီးတဲ့ပွဲ မရှိ ပါဘူး။
ပ-အကျော့က ရှုံးကြွေးကို ပြန်ဆပ်ဖို့ လီဗာပူးအစွမ်းကုန် ကြိုးစားပါလိမ့်မယ်။ ဒါပေမဲ့ သရေကျ ဖို့သာ များတဲ့ပွဲပါပဲ။ အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျမယ် ထင် ပါတယ်။
 
Credit >>>7Day
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment