ချစ်သူများနေ့တွင် တည်းခိုခန်းများ အချိန်ပိုင်းသာ ငှားရမ်း


ရန်ကုန်မြို့တွင်းနှင့် မြို့ အနီးတစ်ဝိုက်ရှိ တည်းခိုခန်း၊ မိုတယ်များသို့   ချစ်သူများနေ့တွင် လာရောက်သူ များပြားသဖြင့် အချိန်ပိုင်းငှားရမ်းမှုများသာ လက်ခံကြကြောင်း သတင်းရရှိသည်။
တည်းခိုခန်းအများစုတွင် စုံ တွဲအချို့မှာ ချစ်သူများနေ့ မတိုင်မီ နှစ်ရက်ခန့်ကပင် ကြိုတင်အခန်းယူသူများကြောင့် အခန်းများပြည့် နေပြီး ကျန်ရှိသော အခန်းအချို့ကိုလည်း ထိုနေ့တွင် လာရောက်ငှားရမ်းသူများသောကြောင့် တစ်ရက်အပြည့် မငှားတော့ဘဲ အချိန်ပိုင်းသာငှားပြီး    လာရောက်ကြ သူများမှာလည်း ယခင်နှစ်က ထက် ပို၍များခဲ့ကြောင်း ရန်ကုန်မြို့တွင်း ဖွင့်လှစ်ထားသော တည်းခိုခန်းအများစုက ပြောသည်။
‘‘မနှစ်ကထက် လာကြတဲ့ သူပိုများတယ်။ ပိတ်ရက်နဲ့ တိုက် ဆိုင်သွားလို့ ထင်တယ်။ လဆန်း ရက်လောက်ကတည်းက ဈေးကို ၂၅ ရာခိုင်နှုန်း လျှော့ပေးမယ်လို့ ကြေညာထားခဲ့တာပါ။ လွန်ခဲ့တဲ့ လေးရက်လောက်ကတည်းက အ ခန်းကပြည့်သွားတော့ အချိန်ပိုင်း လာငှားကြတဲ့သူတွေထဲမှာ တချို့ တွေဆို လေးယောက်လာကြတဲ့ သူငယ်ချင်းတွေဆိုတော့ တစ်ခန်း ထဲကို အချိန်ပိုင်းယူရင် အဆင် ပြေမလားမေးကြည့်တော့ သူတို့က အဆင်ပြေတာနဲ့ ပေးလိုက်ရတာ ရှိပါတယ်’’ ဟု သန်လျင်မြို့ နယ်ရှိ အခန်း ၂၀ ခန့်ရှိတည်းခို ခန်းတစ်ခုမှ  တာဝန်ရှိသူက ပြောသည်။
ဟိုတယ်အချို့တွင်လည်း ချစ်သူများနေ့ အထိမ်းအမှတ်အ ဖြစ် အခန်းခဈေးလျှော့ပေးကြ ခြင်း၊ လာရောက်ကြသည့် စုံတွဲများအား အမှတ်တရ လက်ဆောင်ပစ္စည်းပေးခြင်းများ အပြိုင်အ ဆိုင် ပြုလုပ်လာကြကြောင်းလည်း သိရသည်။
‘‘လွန်ခဲ့တဲ့ ရက်တွေကတည်း က   အခန်းတွေရဲ့  သုံးပုံနှစ်ပုံ လောက် Booking လုပ်ထားကြ တယ်။ ကျန်တဲ့အခန်းတွေကို လည်း အချိန်ပိုင်းပဲ ငှားတော့မယ် လို့ လာတဲ့စုံတွဲတွေကို ပြောထား ရတယ်။ အချိန်ပိုင်းကို ၄ နာရီ သတ်မှတ်ပေးထားတာတောင် စောင့်နေကြတဲ့ စုံတွဲတွေ ရှိနေ တယ်’’ဟု စမ်းချောင်းမြို့နယ်တွင် ဖွင့်ထားသည့် သက်တမ်းငါးနှစ် ခန့်ရှိသည့် ဟိုတယ်တစ်ခုမှ မန် နေဂျာက ပြောသည်။
တည်းခိုခန်းများတွင် အချိန် ပိုင်းငှားရမ်းမှုမှာ    အခန်းဝန် ဆောင်မှုအပေါ် မူတည်၍ ဈေး နှုန်းမှာကျပ်ခြောက်ထောင်ခန့်မှ တစ်သောင်းကျော်ထိရှိခဲ့ပြီး ယခုနှစ် ချစ်သူများနေ့တွင် ပိတ်ရက်နှင့် တိုက်ဆိုင်နေခြင်းကြောင့်လည်း ရုပ်ရှင်ရုံများ၊ အများပြည်သူ အ ပန်းဖြေနေရာများ၊ ပန်းခြံများနှင့် ကစားကွင်းများ၌ အထူးစည်ကား ခဲ့ကြောင်း သိရသည်။
Credit >>> 7day
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment